~33~

864 62 17
                                    

Unicode

အိမ်ရာဝန်းထဲကို ဦးတည်ကာမောင်းနှင်လာသော ကားဖြူလေးတစ်စီး
ကားစတီယာတိုင်ကို ကိုင်တွယ်ထားသော ဖြူဖြူနုနုလက်ကလေးများသည် တဆက်ဆက်တုန်ရီနေသလို
အသက်ရှုနှုန်းတွေခက်မြန်မြန် မောဟိုက်သံပင်ပါနေသည်။

ဂိတ်အဝင်အထွက်နေရာသို့ရောက်သော်
မျက်ဝန်းဝိုင်းဝိုင်း တစ်စုံနှင့်စတင် တွေ့ဆုံခဲ့သည်ကို ပြန်မြင်ယောင်မိလာသည်။
တကယ် ကောင်းခြင်းမဟုတ်တဲ့ တွေ့ဆုံမှုလှလှလေးပါပဲ ဂျွန်..။

ဒီဇတ်လမ်းကို အဆုံးသက်ဖို့အချိန်ရောက်ပြီဟု သတ်မှတ်လိုက်ပြီ
လူသားမဆန်တောင် တရားမျှတမှုရှိရမည်မဟုတ်လား။

ဂျွန်နဲ့ကိုယ်က အစကတည်းက လက်တွဲဖော်ကောင်းတွေမဟုတ်ခဲ့ဘူး။
ကိုယ့် အနာဂတ်အစီစဥ်ထဲမှာ ဂျွန်ဆိုတာလဲမပါဝင်ခဲ့ဘူး။
သိပ်အိမ်မက်ကြီးတဲ့ Park Jimin သိပ်တော်လှပါသည်ဆိုတဲ့ Park Jimin ဟာ ချစ်လို့ဆိုတဲ့ခေါင်းစဥ်နဲ့ ဝင်ရောက်လာတဲ့ မျက်ဝန်းဝိုင်းလေးရှေ့ ဒူးထောက်လိုက်ရတယ်ဆိုရင် လူကြားလို့မကောင်းဘူးလေ။
လူတွေက ဒီမျက်ဝန်းဝိုင်းလေးရဲ့ မာယာများမှုတွေကို မြင်နိုင်တာမှမဟုတ်ပဲ

ဂျွန့်ယောကျာ်းဆိုတဲ့ လမ်းဟာ ကိုယ်လျှောက်သင့်တဲ့လမ်း မဟုတ်ခဲ့ဘူးတဲ့. ။
စိတ်မကောင်းပေမယ့်
ကိုယ့်ဘဝထဲ ကမောက်ကမဖြစ်အောင် အပြစ်ကင်းတဲ့မျက်နှာနဲ့ ဝင်နှောက်ခဲ့တဲ့ အပြစ်ကိုခံယူပါဂျွန်။

ပန်းဝါဝါတွေဖြင့် ခန်းနားလှသည် ဂျွန်စံအိမ်ကြီးထဲ ချိုးကွေဝင်သွားသော ကားဖြူလေးတစ်စီး...ကောင်းသောလာခြင်းမဟုတ်နိုင်တဲ့ အဖြစ်အပျက်တွေ စတင်ရာ..။
ဘယ်သူတွေက ဘယ်လိုပေးဆက်ပြီး ဘယ်သူတွေကနာကျင်ရအုန်းမည်လဲ...။

......

''မင်းတို့ ဘာစကား ပြောတာလဲ.!!''

''ဖိုးဖိုးက ငါမနေ့ကကြည့်ခဲ့တာတောင် အကောင်းကြီး!''

ဖိုးဖိုးဂျွန်၏သူနာပြုထံမှ ကြားလိုက်ရသော သတင်းသည် ဂျွန့်အပေါ် ကမ္ဘာပျက်ကိန်းဆိုက်ခဲ့သည်။
ဖိုးဖိုးဂျွန်ဆုံးပြီတဲ့။
မခိုင်တော့သည့်ခြေထောက်များသည် ကြမ်းပြင်ပေါ်ဂျွန့်ကို ဒူးထောက်ကျသွားစေသည်။
CEO တစ်ယောက်ဖြစ်သော် ဆုံးရှုံးမှုကကြီးလွန်းလို့ ကလေးတစ်ယောက်လို အော်ဟစ်ငိုယိုဖို့သာတက်နိုင်ခဲ့သည်။

~.မာယာ.~(Completed)Where stories live. Discover now