~16~

1K 89 5
                                    

Unicode

ပြေးနှင်နေသော ခြေလှမ်းများသည် ဦးတည်ရာမရှိ။
ဦးတည်ရာမသိခြင်းဖြစ်ခဲ့သည်။
အရပ်မျက်နှာမသိသော ကွင်းပြင်ကျယ်ကြီး နှင့် တစ်ဖက်ကပင်လယ်ပြင်ကြီး။
ဘယ်လောက်ပဲ အဆုံးမဲ့နေပါစေ ထွက်ပေါက်မဲ့နေတဲ့ ထောင်ချောက်ကြီးတစ်ခုအသွင်။
လွတ်မြောက်ချင်ဇောနှင့် ရူးရူးနှမ်းနှမ်း ပြေးနေမိတာသည်
ပင်လယ်ပြင်ဘက်ကို မျက်နှာမူ၍။
ပင်လယ်နှင့်နီးလေ ပိုများပြားလာတဲ့ ကျောက်ဆိုင်ကျောက်သားများသည်လည်း ညီညာမနေ။
ညကတည်းက မချွတ်ရသေးတဲ့ ဖိနပ်သာမပါရင် ခြေထောင်တွေ အကောင်းတိုင်း ရှိနိုင်တော့မည်မဟုတ်။

လူရယ်သူရယ်လို့ပင်မတွေ့ခြင်းသည် ဤနေရာသည် လူလည်ပက်စရာမကောင်းသည့် ပင်လယ်ရိုင်းနယ်မြေဖြစ်လောက်သည်။
လှိုင်းအရမ်းကြမ်းသည့်နေရာပင်။

ကျောက်စရစ်များကို နင်းသွားသည့်ခြေသံနှင့် ကိုယ့်ရဲ့မောဟိုက်နေတဲ့ အသက်ရှုသံခက်ပြင်းပြင်းမှလွဲ၍ မည်သည့်အသံမှလည်းမကြားရ လှိုင်းခက်သံတို့ကလည်း နားထဲကိုအူနေသည်။
အလွန်တရာခြေကုန်လက်ပန်းကျနေပြီ.
ပြေးနေတာ စတင်လွတ်မြောက်ဖို့ အခွင့်အရေး ရကတည်းက။
ပြေးရင်း ပြေးရင်း ​ချောက်ကမ်းပါးအစွန်သို့သာ ရောက်ရှိလာသည် ။
လမ်းရယ်လို့ရှာလို့ပင်မတွေ့နိုင်။
ကူကယ်ရာမဲ့သော အခြေအနေမှာ ပင်လယ်ကြီးအားကြည့်ကာပင် ထိုင်ငိုမိလိုက်သည်။

မနက်ဖြန်ကစပြီး ပျော်ရွှင်ရတော့မည်ဟုတွေးမှတ်ထားခဲ့တာ ။
အရမ်းရည်မှန်းချက်ကြီးသလောက် ဘဝတစ်လျှောက်လုံး  ကြိုးစားခဲ့ရသည်။
အခုတော့ လူရမ်းကားတစ်ယောက်ရဲ့လက်ထဲမှာ.. ရေစုန်မြောရတော့ခါနီးဘဝကို အလွန်တရာမှကြောက်မိပါသည်။

စေ့စပ်ခါနီးမှ ယောကျာ်းနောက်လိုက်ပြေးသွားတဲ့ ယောကျာ်း တစ်ယောက်အဖြစ်သို့ နေ့ချင်းညချင်းပြောင်းလဲသွားခဲ့ရသည်။
အမြင်ဆုံးဘဝကနေ သူများတံတွေးခွက်ထဲ ရောက်ရတော့မည့်အဖြစ်။

ဒီလိုဘဝမျိုး အိပ်မက်တောင် မမက်ဖူးခဲ့။
နစ်မြုတ်ခါနီးဘဝဟာ အိပ်မက်ဆိုးကြီး အသွင် တုန်လှုပ်ခြောင်ခြားစေသည်။
လွတ်အောင်ပြေးမည် ဒီလိုမျိုးတော့ အဆုံးသတ်မခံနိုင်ဘူးဟု တေးထားသော်ညား
ပင်လယ်တံတိုင်းကပိတ်ပင်တားဆီးနေသလိုပင်ါ

~.မာယာ.~(Completed)Where stories live. Discover now