~7~

1.1K 105 12
                                    

Unicode

ပုံမှန်နေ့တွေအတိုင်း အလုပ်ကအပြန် အရင် ရေမိုးချိုးကာ ပင်ပန်းမှုတွေကိုဖြေဖျောက်တက်ခြင်းသည် Park Jimin ရဲ့အကျင့်တစ်ခုဖြစ်သည်။
သို့ပေမယ့် အရင်နေ့တွေလိုတော့ ရွှင်လန်းမလာခဲ့။
စိတ်ထဲကလေးပင်ခြင်းဟာ တစ်နေကုန် ကိုကို ဟု တတွတ်တွတ်ခေါ်နေခဲ့သော အနှီးကောင်လေးကြောင့်ပင်။
ထိုကောင်လေးက သိပ်ရဲတင်းလွန်းသည်။
အပြောအဆို နဲ့ အမူအယာတွေကအစ ဇွတ်တရွတ်ဆန်လွန်းသည်။
တရက်ထဲနဲ့တင် သိရှိလာခဲ့ရတာ
ထိုကောင်လေးဟာ
တကယ့်မီးတောက်ကလေးတစ်ခုလို ပူပူလောင်လောင်ရယ်။

အခုနေတော့ မည်သည့်ပြသနာမှ မဖြစ်သေးပေမယ့် နောင်တချိန်အရှုပ်အထွေးတွေ ဖြစ်လာမှာသိပ်စိုးရိမ်သည်။
နဂိုကတည်းက အတွေးများတက်သူမို့
မရေရာတဲ့ အခြေအနေများကိုတောင် တွေးရင်းစိတ်ပူနေရသည်။
အဓိကကတော့ Yoonher နဲ့ပက်သက်မှုမှာ မည်သည့် ဆူညောင့်ခလုပ်မှ မဖြစ်စေချင်။
အရာရာ perfect ဖြစ်ခဲ့သူ ၊ ဖြစ်အောင်လည်း ကြိုးစားခဲ့သူမို့ စိတ်ရှုပ်မှုသေးသေးလေးတောင် မခံနိုင် ။
စိတ်ပူပန်မှူလည်း အလွန်များတက်ပြန်သည်။

ရေမိုးချိုး အိမ်နေရင်းအင်္ကျီပေါ့ပေါ့ပါးပါးတစ်စုံလဲကာ ညစာစားရန်အတွက် ထမင်းစားခန်းကိုဆင်းလာခဲ့သည်။
ငယ်ငယ်ကတည်းက  အပြင်စာတွေစားရတာသိပ်မကြိုက်သူမို့ အိမ်ထမင်းအိမ်ဟင်းကိုသာ အလွန်နှစ်ချိုက်သည်။
ပုံမှန်လူငယ်တွေထက် အိမ်ကိုပိုခင်တွယ်သူ။
အလည်အပက်ရှောက်သွားတာမျိုးလည်းမရှိ
လိုတာရှိမှ စျေးဝယ်ထွက်သလောက်သာ ရှိသည်။
ဒါကြောင့်လည်း  လူလိမ္မာလေး
သားလိမ္မာလေး ဟူသောဂုဏ်ပုဒ်နဲ့နေလာခဲ့သူ တစ်ယောက်ဖြစ်ခဲ့ရသည်။

''သား ရေချိုးတာကြားသွားတယ်...''

ပုံမှန်အတိုင်း ထမင်းစားစောင့်နေတဲ့ အဖေဖြစ်သူကို အားနာသံလေးနဲ့ပြောကာ ထမင်းစားစားပွဲတွင်နေရာယူလိုက်သည်။
အဖေကတော့ ဘာမှမဖြစ်ပါဘူးဆိုတဲ့ သဘောဖြင့်ပြုံးပြလျှက်။
အဖေတစ်ခုသားတစ်ခုမို့ နှစ်ယောက်ဆိုလျှင် မိသားစုထမင်းဝိုင်းလေးဟာ ပြည့်စုံပြီဖြစ်သည်။

~.မာယာ.~(Completed)Where stories live. Discover now