~14~

950 101 8
                                    

Unicode

နှလုံးသားက ကိုကို ကိုကိုဟု ခေါ်မြည်ပြီးကတည်းက နေထိုင်ရတဲ့ ဘဝကြီးက ကစဥ်ကလျားနဲ့။
မတောင့်တဘူးတဲ့ အရာတွေကို တောင့်တလာတက်တယ်။
မေတ္တာတရားဆိုတဲ့အရာက တစ်ခါထိတွေ့ဖူးပြီး သိပ်လိုချင်စရာကောင်းမှန်းသိလာတယ်။
ကိုကိုနဲ့မှ ဖြစ်တည်လာတဲ့ လိုအပ်ချက်တွေက များပြားလွန်းလို့ ဘဝမှာကိုကိုဆိုတာ မရှိရင်မဖြစ်တော့သလောက်ပါပဲ။

ကိုကို့ရဲ့မချစ်နိုင်ခြင်းတွေကို တမင်လျစ်လျူရှုခဲ့တာတော့ မဟုတ်ရပါ..
အစကတည်းက စချစ်ခဲ့တဲ့သူက ဂျွန်မို့
ဂျွန်သာ ဆက်ချစ်နိုင်ဖို့လိုအပ်တယ်။
ချစ်တဲ့သူကို ပိုင်ဆိုင်ပြီး ထာဝရဆက်ချစ်သွားနိုင်ဖို့သာရည်ရွယ်ထားတယ်။

လိုချင်တာဆို မရတာမရှိတဲ့ဘဝ။
ကံကောင်းဆုံးသောဘဝမှာ အချစ်ရေးသည်လည်း ဂျွန်ပိုင်ဆိုင်ဖို့အတွက်သာဖြစ်စေရမယ်။
ဒါကဂျွန် မရည်ရွယ်တောင် ဖြစ်လာရမယ့်အကြောင်းတရားတွေ။

ဂျွန့်ရဲ့စိတ်က မှန်ကန်တယ် ။
ဂျွန့်နှလုံးသားဟာ အမှားအယွင်းမရှိနိုင်တဲ့အတွက် တခြားသူတွေရဲ့ ခံစားချက်တွေ ဘာတွေညာတွေ ကို ဂျွန်စိတ်ရှုပ်ခံပြီးစဥ်းစားပေးမည်မဟုတ်။
ကိုကိုက ဂျွန့်အပိုင်ဆိုတဲ့ ယုံကြည်ချက်က ခိုင်မြဲနေတာမို့ စည်းတွေဘောင်တွေဆိုတာလဲ ချိုးဖောက်ဖို့အတွက်ဖြစ်တည်လာတာတွေပဲ။

ကိုကို စေ့စပ်ဖို့ တစ်ရက်အလို။
ဂျွန်သည် တည်ငြိမ်စွာနဲ့ ဆေးလိပ်ငွေ့တွေကိုရှုရှိုက်နေဆဲ။
တကယ်ဆို ဖြစ်မလာနိုင်မယ့် ပွဲဆိုရင်လည်းမမှားတာမို့ ဒီလိုရေတွက်ပြီးတောင် စောင့်စရာမလိုတဲ့နေ့ရက်မျိုးပဲ။
အခုတလော စိတ်ချမ်းသာနေတဲ့ မျက်နှာနဲ့ ကိုကို့ပုံစံကို ကြည့်ရတာတော့ တမျိုးလေး အဆင်ပြေပါတယ်။
အဆင်မပြေတာက ရှေ့ရှောက်ကိုကိုပျော်နိုင်ပါ့မလား ဆိုတာပါပဲ။

ကိုကို့အနားမှား ကပ်ချွဲနေတဲ့ ကောင်လေးရဲ့စရိုက်အမှန်ကိုမြင်ရင် ကိုကိုဘယ်လိုနေမလဲ။
ကိုကို့ ကိုချစ်လို့ ကိုကိုသဘောကျအောင် ပလီပလာတွေလုပ်ရတာလည်း ကြာတော့ ငြီးငွေ့လာတယ်။
ချစ်တယ် လိုအခါခါပြောတိုင်း
မျက်နှာလွဲခဲပစ်လုပ်တက်တဲ့ ကိုကို့အပြစ်တွေက ဂျွန့်အပေါ် တစ်ဘဝလုံးပေးတောင်
မကျေဘူးဆိုတာ ကိုကိုသိရဲ့လား။
​ကြေးကြီးတယ် လို့တော့မထင်စေချင်ဘူး။
ကိုကို့အပေါ် ဂျွန်ချစ်တဲ့အချစ်တွေကတန်ဖိုးကြီးလွန်းလို့ ဘာနဲ့မှတိုင်းတာလို့မရတာ
ဂျွန်အသိဆုံး။

~.မာယာ.~(Completed)Where stories live. Discover now