~22~

1.1K 89 11
                                    

Unicode

သတို့သားနှစ်ယောက် အကြင်နာပေးပြီးချိန်တွင် မိုးပေါ်မှကြွေကျလာသော ပန်းပွင့်များနှင့်အတူ ပွဲတက်ရောက်သူ လူအများသည် လက်ခုပ်လက်ဝါးတီးကာ ဂုဏ်ပြုပေးကြသည်။ လူတိုင်းမှာလည်းအပြုံးကိုယ်စီဖြင့်။
အများအမြင်တွင်တော့ သိပ်ကိုပြည့်စုံပျော်ရွှင်ဖွယ်ရာ မင်္ဂလာပွဲလေးတစ်ခုအဖြစ် အောင်မြင်စွာပြီးဆုံးလေသည်။

အတောက်ပဆုံး ဖြစ်ပေါ်နေသည့် မျက်ဝန်းဝိုင်းလေးသည် စတင်ပေါင်းသင်းခဲ့သော အထက်တန်းကျောင်းထဲမှ အခုချိန်ထိပထမဆုံး မြင်ဖူးခဲ့ခြင်းဖြစ်သည်။
သူငယ်ချင်းဖြစ်သူကိုပိတီအပြုံးဖြင့်ကြည့်ကာ Taehyung သည်လည်း ဖိုးဖိုးJeon နည်းတူ မသိအသာမျက်ရည်ဝဲနေရသည်။
ဆိုးတူကောင်းဖက် စိတ်တူကိုယ်တူ ပေါင်းသင်းခဲ့သော သူငယ်ချင်းသည် ဒီတစ်ယောက် ထဲသာရှိခဲ့သည်။
ဟန်လေးပါကျမ်းမာရေမကောင်း ဖြစ်သွားသည်မို့ လုံးလုံးကြီး တစ်ကိုယ်တော်ဖြစ်သွားရတော့မည်ကို အတွေးကာမသိမသာဝမ်းနည်းမိသည်။
သို့ပေမယ့် သူငယ်ချင်းဖြစ်သူ ချစ်တဲ့သူအားပိုင်ဆိုင်ရခြင်းကို ဝမ်းသာဂုဏ်ယူတဲ့စိတ်ကပိုများမည်ထင်သည်။

သတို့သားဖြစ်သူ Jimin ကိုင်ဆောင်ထားသည်မှာ ပန်းစည်းတစ်ခုမဟုတ်ပဲ
ကျူးလစ်ဝါလေး တစ်ပွင့်သာ..။
အလွန်ပျော်ရွှင်နေကြသည့် ပွဲတက်သူများတောင်းဆိုမှုကြောင့် သတို့သား သည်ထိုပန်းကို ပစ်ပေးတော့မယ့်အချိန်
လှုပ်ရှားလာသောလူများနည်းတူ Taehyungလည်း ထိုရှေ့သို ပန်းဖမ်းရန်ရောက်လာခဲ့သည်။
အားလုံးရဲ့အာရုံသည် ထိုပန်းဝါလေး တွင်သာရောက်နေကြပြီး ပစ်ဝဲလိုက်ချိန် ဆူညံသံများတပြိုင်နက်ဖြင့် ဝိုင်းဖမ်းကြလေသည်။

ကိုယ့်ဆီတဲ့တဲ့လာနေသော ပန်းဝါလေးအား လှမ်းဖမ်းတော့မည့်အချိန် ရှေ့ကနေ ပိတ်ယူဖမ်းလိုက်သော လက်တစ်စုံ။
လူအများလည်း ပန်းမရလိုက်သောကြောင့် ဟာခနဲ ဖြစ်သွားကြချိန်
ကိုယ်ရမည့်ပန်းအား လုယူသွားသူအား တချက်ကြည့်လိုက်သည်။

''ဟင်..!!''

သူ...ဒီမျက်နှာနှင့် ဒီအပြုံးနဲ့လူ...
ထိပ်လန့်မှု အံသြမှုတို့အတူ မယုံနိုင်စွာထိုသူကို စိုက်ကြည့်နေမိသည်။
ရထားသည့်ပန်းအားဂုဏ်ယူဝင့်ကြွားစွာ ပြုံးပျော်နေသူသည် နှစ်ယောက်မရှိသော
နေရောင်ခြည်အစစ်..။
ပိုတိကျလာလေ...ကြောက်ရွံ့လာလေဖြစ်တာကြောင့် နောက်ကိုခြေလှမ်းမသိမသာဆုတ်သွားရသည်။

~.မာယာ.~(Completed)Where stories live. Discover now