~9~

1K 94 8
                                    

Unicode

သွေးခြင်းခြင်းရဲတောက်နေသော မျက်နှာဟာ လူရုပ်ပင်မပေါ်တော့။
ထိုမျက်နှာအား တစ်ချက်ချ င်းထိုးနှပ်နေသော သူဟာအားရသေးသည့်ပုံမပေါ်..

''ကျွန်တော် ဘာလုပ်မိလို့လဲ. ....တောင်းပန်ပါတယ်.. ''

မခံမရက်နိုင်နာကျင်လွန်းလို့ တောင်းပန်နေသောစကားတွေသည်လည်း နားထဲကိုမဝင်။
တမြေ့မြေ့တောက်လောင်နေသော ဒေါသမီးကြောင့် နှလုံးခုန်သံတစ်ချက်ဆောင့်တက်တိုင်း တချက်ထိုးသည်။

အုပ်စုလိုက်ဝိုင်းရံထားပေမယ့် နှိမ့်စက်နေသူကတော့ တစ်ယောက်ထဲ။
ညမှောင်မှောင် ဒေါင့်ကျတဲ့နေရာမို့ လူသွားလူလာနည်းသလို တွေ့မြင်ခဲ့သူတွေလည်း ရှောင်ပြေးသွားဖို့သာ တက်နိုင်ကြသည်။
ဒီလိုမြို့လည်ကောင်မှာ ဥပဒေမဲ့ ဆိုးသွမ်းနေနိုင်ပြီဆိုကတည်းက ဘယ်အကောင်ရဲ့သားသမီးများလည်းဟုသာ တွေးတောစရာရှိသည်။
အနားမှာလည်း တပည့်လူမိုက်တွေ ကာရံထားသည်မို့ တကယ်နှိမ့်စက်ညှင်းပန်းနေသူရဲ့ မျက်နှာကိုမမြင်နိုင်ကြပေ။

အဆုံးအစွန်ထိ ဆိုးသွမ်းသွားမည်ဟု ဆုံးဖြတ်ပြီးသားသူမို့ ဘယ်လောက်မိုက်တွင်းနက်နေပါစေ ၊..ကိုယ့်လုပ်ရက်က ဘယ်လောက်မိုက်ရိုင်းနေပါစေ
စဥ်းစားတွေးတောနေမည်မဟုတ်။
စိတ်အလိုအတိုင်း လုပ်မည်သာ။
မိုက်ရူးရဲဆန်စွာ စူးရှနေသောမျက်ဝန်းတွေသည် ချောမောလွန်းတဲ့မျက်နှာလေးနဲ့မှမလိုက်
ရက်ရက်စက်စက် ပြင်းထန်လွန်းနေသည်။

''မင်းကများ!..မင်းလိုခွေးလောက်တောင် တန်ဖိုးမရှိတဲ့လူကများ..!! ..ငါ့လူကို!''

''အကို လူမှားနေတာထင်တယ်..ကျွန်တော် ဘယ်သူ့ကိုမှအမှားမလုပ်ထားဘူးး..''

''ဘာ!! မင်း$ပြစ်ကို မင်းမသိသေးဘူးပေါ့လေ..ကဲ့ဟာ.!!!'

ရင်ဝကိုခြေထောက်နဲ့ဆောင့်ကန်လိုက်တာကြောင့် ပက်လက်လန်သွားသူအား
ဆံပင်တွေက်ုအကြမ်းပတန်းဆွဲကာ
မျက်နှာမော့စေသည်။

''ကဲပြော...မင်းအပြစ် မင်းသိပြီလား..''

ကြွေရုပ်ကလေးလိုလှပတဲ့မျက်နှာ
ပြာလဲ့လဲ့မျက်ဝန်းတစ်စုံရဲ့ စူးရှတဲ့အကြည့်တို့နဲ့အတူ ကျက်သီးထဖွယ် အသံသြသြ၏ပေါင်းစပ်မှုဟာ နတ်ဆိုးအသွင်ကိုကူးစက်နေသည်။
စိတ်ခံစားချက်အဆိုးအဝါးကြောင့် လူလိုပင်မတွေးတောနိုင်တော့သူရဲ့ စိတ်အရိုင်းသည်လည်း နတ်ဆိုးတစ်ပိုင်းပင်။

~.မာယာ.~(Completed)Where stories live. Discover now