~2~

1.7K 150 12
                                    

🙋🏻
မနေ့က အပိုင်း.1 ကလေးတင်ထားတာ
Noti ဘယ်မှာမှမတက်လို့
မတွေ့သေးရင် အပိုင်း.1ကလေးပြန်ကြည့်ပေးပါနော်...💛

.......

Unicode

အမဲရောင်တွေကိုသာ အသုံးပြုထားပြီး အဝါရောင် မီးလုံးလေးများသည်သာ အလင်းရောင်ရှိသော ဒီနေရာ ။
မှိုင်းပြပြသဏ္ဍန်ကို ဆောင်တဲ့ ဒီစားသောက်ဆိုင်ရဲ့ နာမည်ဟာ Sunshine တဲ့။
မလိုက်ဖက်တဲ့ တွဲဖက်မှု လို့ဆိုနိုင်သည်။

ကားပါကင်ရယ်လို့လည်း သက်သက်မရှိ
အစားအသောက်ဆိုတာလည်း ပိကေဖိုးလောက်သာရှိတဲ့ ဒီလိုဆိုင်မျိုးကို
Kim Taehyung က အရမ်းဓတ်ကျနေခဲ့တာ။
နေ့တိုင်းမလာတဲ့နေ့ရယ်လို့မရှိ။
ခန်းခန်းနားနား မှကြိုက်တက်တဲ့ဂျွန်အတွက်
ဒီလိုနေရာမျိုးက လာချင်စရာမကောင်းပေမယ့် Taehyung ကျေးဇူးကြောင့် အမြဲလာထိုင်ဖြစ်ခဲ့သည်။

ဆိုင်ထဲဝင်လိုက်သည်နှင့်
ထိုင်နေကြဒေါင့်စွန်းဝိုင်းလေးမှာ
ရှိနေကြသူက
စားနေကြအစားအစာတွေကိုပဲ ထိုင်စားနေတဲ့ မြင်ကွင်းကို နေ့တိုင်းရိုးအိစွာတွေ့မြင်နိုင်သည်။

''Taehyung.."

''အင်း..ရောက်ပြီလား...''

အစားကိုအာရုံရောက်နေချိန် ခေါ်သံကြောင့်မော့ကြည့်လိုက်တော့ ပုံမှန်မဟုတ်တဲ့မျက်နှာနဲ့သူငယ်ချင်း။
ဂျွန် ကားမရလိုက်တဲ့ ကိစ္စကသတင်းကြိုရောက်ပြီးနှင့်ပြီမို့ အခြေအနေမကောင်းလောက်ဘူးလို့ထင်ခဲ့တာ။

''မင်းမျက်နှာက ဘယ်လိုဖြစ်တာလဲ.. ငါတော့လူသတ်ပေးရပြီထင်တာ..''

''အော်..ဒီအတိုင်း..စိတ်ပျော်ရွှင်ရာလေးတွေ့လာလို့
ကားကိစ္စကတော့ ထားလိုက်ပါတော့..''

''အမလေး..ထူးထူးဆန်းဆန်း.. ''

အရင်က ဒီလိုအခြေအနေမျိုးဆို တစ်စုံတစ်ဦးကို လက်စတုံးပေးမှ ကျေနပ်တဲ့သူက
ထားလိုက်ပါတော့..ဆိုတော့လည်း
ထားလိုက်ရတာပေါ့

Taehyung ဟာ စက်စုတက်တဲ့သူမျိုးမဟုတ် တာကြောင့် စကားပြောပြီးသည်နှင့် ပါစတာ တွေကိုသာ ထွက်ပြေးသွားမှာစိုးသည့်အလား ကုန်းစားနေပြန်သည်။

~.မာယာ.~(Completed)Where stories live. Discover now