~29~

1K 77 1
                                    

Unicode

ဒီနေရာကို သူရောက်လာခဲ့ပြန်ပြီ။
တိုက်ခက်နေတဲ့ လေနုအေးလေးကိုရှုရှိုက်ပြီး နီးမလိုနဲ့ကိုယ်နဲ့အလှမ်းဝေးလှတဲ့စံအိမ်ကြီးကိုမျော်ငေးရင်း ဒီခြံပေါက်ဝလေးမှာပဲ တစ်ခုခုကိုမျော်လင့်ရင်းရပ်နေမိပြန်သည်။
ဝါသနာပါတဲ့ပညာတွေကိုသင်ယူပြီး ပြုံးရွှင်စွာပြန်ထွက်လာမယ့် ညီမလေးYoonherကိုလာကြိုနေခြင်းလား တခြားတစုံတစ်ခုပဲလား။
မျော်လင့်တောင့်တနေမှုရဲ့ စေညွှန်းရာကဒီနေရာမို့ အချိန်အတော်အကြာ စောင့်ဆိုင်းနေခဲ့သည်။
ဒီနေရာသည် စိတ်ပျော်ရွှင်ရာပန်းတိုင်ဖြစ်ပေလိမ့်မည်။

လေအေးတစ်ချက်အဝှေ့ သစ်ရွက်လေးတွေလှုပ်ခက်သွားခြင်းနှင့်အတူ ထိုအိမ်ထဲကအဖြူရောင်ကောင်လေးတစ်ယောက်ပြေးထွက်လာပြန်သည်။
တစ်ချက်ပြုံးမိလိုက်ရင်းနဲ့မှ စိုးထိတ်မှုတစ်ခုကိုခံစားလိုက်ရသည်။ ဘေးပက်ဝန်းကျင်ကိုစိုးရိမ်တကြီးကြည့်လိုက်တော့ အရာရာဟာကြည်လင်လျှက်
ထိုကောင်လေးကလည်း အနီးကိုရောက်ရှိလာခါနီးပြီ။
'ဒီတစ်ခါတော့ အတားအဆီးတွေမရှိထွေးဖက်ခွင့်ပေးပါကံကြမ္မာရယ်'
ဆုတောင်းလေးအဆုံးမသက်ခင် ကိုယ်နွေးနွေးလေးတစ်ခုက ရင်ခွင်ထဲကိုတိုးဝင်လာသည်နှင့် သင်းပြန့်ပြန့်ရနံတစ်ခုကိုပါတစ်ပါထဲခံစားလိုက်ရသည်။
ကြည်လင်နေဆဲပတ်ဝန်းကျင်နဲ့အတူ သူနဲ့ကိုယ်နှစ်ယောက်ထဲရှိနေတာသေချာသည်မို့
ဝမ်းသာအားရပင် ထိုကောင်လေးအားပြန်လည်ထွေးပွေ့လိုက်သည်။
'ကျေးဇူးပါ ကံကြမ္မာရယ်'

လွှတ်ထွက်သွားမှာစိုးသည့်အလား ထွေးပွေ့ထားရင်း မျက်နှာလေးအားတမေ့တမော ငေးမောရန်မျက်လုံးတို့အားဖွင့်ကြည့်လိုက်သည့်အခါ လက်တွေ့ဘဝနဲ့ထိတ်တိုက်ရင်ဆိုင်လိုက်ရသည်။
အနက်ရောင်ဆွေးဆွေးအခန်းအပြင်အဆင်တစ်ခုတွင်သူရှိနေခြင်းကသိပ်ကိုစိမ်းသက်လှသည်။
ထူးခြားနေသည်က အမှန်တကယ်ပင် သူသည်လူတစ်ယောက်ကိုထွေးပွေ့မိထားခြင်းဖြစ်သည်။
ထိုအငွေ့အသက် ထိုရနံတို့ရှိနေသည့်ကောင်လေး။ ဖြေးညှင့်စွာငုံကြည့်လိုက်တော့ ကိုယ့်ရင်ခွင်ထဲအသက်ရှုမှန်မှန်နဲ့အိပ်ပျော်လို့နေသည်။
ရုတ်တရက် အံသြသွားပေမယ့် မျက်နှာလှလှလေးရဲ့ဆွဲငင်မှုအောက်မှာ လူကသာယာလို့သွားသည်။
အိပ်နေသည်မို့အပြစ်ကင်းလှလွန်းသည်။
အပြစ်အနာအဆာကင်းလှတဲ့အလှမျိုးမို့ မျက်လုံး နှာခေါင်း နှုတ်ခမ်းတို့သည် ကမ္ဘာပေါ်ရှိအလှဆုံးအရာအားလုံးနဲ့ ဖန်တီးလို့ထားသလားတောင်ထင်ရသည်။
ကျောက်ဖြစ်ရုပ်ကြွင်းလေးလို​ အဖိုးတန်လွန်း၍ ကြည့်မဝငေးမဝခဲ့။

~.မာယာ.~(Completed)Where stories live. Discover now