~28~

938 70 7
                                    

Unicode

''အင်း....နွေးနေတာပဲ ''

အလုပ်သွားဖို့အတွက် မှန်ရှေ့ပြင်ဆင်နေတဲ့ကိုကို့အား
တိုးရှရှလေးခေါ်ကာ ခါးတွေကိုနောက်ကနေ ရစ်သိုင်းဖက်လိုက်တော့
ကိုကိုက သက်ပြင်းတစ်ခုကို စိတ်ပျက်သွားမှန်းသိသာအောင် ခက်ရှည်ရှည်ချပြသည်။
ဂျွန်သည်ဂရုမထားနိုင်
အိပ်ရာနိုးနိုးချင်း ကိုကို့ကိုတွေ့သည်နှင့် ဖက်ပစ်ချင်တာကလွဲ ဘာမှမသိတော့တာမို့။
ညကအကြောင်းတွေကိုလည်း ဂျွန်ပြန်မတွေးချင် အကောင်းဘက်ထက်အဆိုးများသွားတာမို့ ဂျွန်ထိုညရဲ့ရလဒ်တွေကို အတည်ပြုတွေတောမည်မဟုတ်။

ဂျွန်သည် ကိုကို့ပုခုံးလေးအပေါ်မေးဖျားလေးတင်ရင်း
မျက်လုံးစုံမှိတ်ကာ ကိုကို့အငွေ့အသက်လေးကိုရှုရှိုက်နေလျှက်။
ဒီလိုအခြေအနေမျိုးသည် ဂျွန်အနှစ်သက်ဆုံးပင်..ဒါပေမယ့်

''လွှတ်ပါ.. ငါမကြိုက်ဘူး ''

ကိုကိုကလက်တွေကို ဖြုတ်ဖို့ကြိုးစားတော့ ဂျွန်ကတင်းနေအောင်ပြန်ဖက်သည်။

''ညကကိစ္စအတွက် တောင်းပန်ပါတယ်.. ကိုကို..''

ကိုကို့လှုပ်ရှားမှုခဏရပ်တန့်သွားသည်။
ဂျွန်နှုတ်ဖျားကထွက်တဲ့ လေနုအေးနှင့်အတူ ဂျွန့်နှုတ်ခမ်းပါးက လောလောလက်လက်ရေးမွှေးစွတ်ထားသည့်လည်တိုင်အား ရန်ရှာနေသည်မို့ ဘယ်လောက်နီးစက်ခဲ့တဲ့အခြေအနေမျိုးဖြစ်ဖြစ် အကျင့်သားမရသေး...မနေတက်မထိုင်တက်ဖြစ်နေဆဲ

''မလိုဘူး..လွှတ် ...ဒီလိုနေရအောင် မင်းနဲ့ငါအဆင်ပြေနေတာလဲ မဟုတ်ဘူး .''

''ညက ဘာလို့ပြန်မရိုက်တာလဲ..''

ဂျွန်လက်ကိုဖြုတ်ဖို့ကြိုးစားနေတဲ့ ကိုကိုလက်တွေတွန်ခနဲ့ရပ်သွားသည်။

''ဘာ..ဘာလို့လဲ ''

''အရင်ဆို ကိုကိုကအရင်ဦးအောင်ရိုက်တာလေ.. ဒီအတိုင်း ထူးဆန်းလို့''

''သူများအသားကို နာအောင်လုပ်တာကောင်းတဲ့အကျင့်မှမဟုတ်တာ..
ငါမလုပ်တော့ဘူး..''

ကိုကိုသည် ကိုယ့်ကိုယ်ကိုမှန်ထဲကြည့်ကာ သေချာဆိုသည်။ အမှန်အမှားမခွဲခြားနိုင်စဥ် လုပ်ခဲ့မိတဲ့ မှားယွင်းမှုတစ်ခုကို မပြင်ဆင်နိုင်တော့ပေမယ့် ဆင်ခြင်သင့်သည်ဟုတော့ ကိုကိုထင်သည်။
အလုံးစုံမှားယွင်းခဲ့သည်လည်းမဟုတ်။

~.မာယာ.~(Completed)Where stories live. Discover now