~27~

1K 78 4
                                    

Unicode

ကားပေါ်က ဆင်းပြီးသည်နှင့် ကုတ်အကျီကို ပုခုံးပေါ်တင်ကာ အိမ်ထဲဝင်လာသည့် Jiminဟာ ခက်လွင့်လွင့်။
ယမကာရဲ့အရှိန်ဟာ တက်နေဆဲမို့ ခြေလှမ်းတွေဟာလည်းသိပ်မမှန်ချင်။
မှောင်မဲလွန်းနေသည့် အိမ်ရဲ့အခြေအနေကိုလည်း သတိထားမိတဲ့ပုံမပေါ်။
နှုတ်ခမ်းဖျားတွင် ရောက်တက်ရာရာသီချင်းများညီးကာ အိပ်ခန်းကိုသာဦးတည် လျှောက်လှမ်းလို့နေသည်။

အိပ်ခန်းထဲဝင်လာပြီး ကုတ်အကျီကို
ဖြစ်သလိုလွှင့်ပစ်ကာ အိပ်ရာထက်ပစ်လှဲချလိုက်သူအား ရပ်ကြည့်နေသူက ဂျွန်။
စောင့်နေခဲ့တာ...
ဂျွန်ရောက်တဲ့အချိန်နဲ့ ကိုကိုပြန်ရောက်လာတဲ့အချိန်ကွာဟချက်က
ဂျွန့်ကိုအတွေးများစွာဖိစီးစေသည်။
ရဲရဲနီနေဆဲ မျက်နှာအသားအရည်ဟာ ဒေါသတွေကို ဘယ်လောက်ထိန်းချုပ်ခဲ့ရပြီးပြီလဲ။

ကိုကို့ကို မိန်းကလေးတစ်ယောက်နဲ့ ပစ်ထားခဲ့ရတာ ။
အစက ဒေါသဖုံးလွှမ်းခဲ့ပေမယ့်။
အခုတော့သောကအပူပါထက်ပြီး ဂျွန့်ကိုပို၍ဖိစီးနေသည်။
ကိုကို့သိက္ခာကို မယုံတာမျိုးမဟုတ်ပေမယ့်
ဂျွန်သည့် အခုချိန်မှာပုံမှန်စိတ်မျိုးမထားနိုင်။
ဂျွန့်ရဲ့ပုံမှန်စိတ်ဆိုရင်တောင်
ကိုကိုဒီညတော့လွယ်မည်မဟုတ်ပါ။

''အရမ်းနောက်ကျတယ်နော်..''

အံကြိတ်သံဖြင့်ပြောတဲ့ ဂျွန့်အသံကိုကြားတော့ကိုကိုက ခုတင်ကိုခေါင်းရင်းမှီကာထိုင်လာပြီး ခေါင်းကိုဖိနှိပ်ကာနေသည်။
အစောကတည်းက မျော်လင့်ပြီးသားအခြေအနေမို့ လူကခက်အေးအေး။
ဘာပြသနာမှ မလုပ်မှာကိုတောင်စိုးရိမ်နေခဲ့တာ..

''အွန်း....ကိုယ် club ရောက်နေလို့..''

''ဘယ်သူတွေပါသေးလဲ..''

''Nanjoonရယ် အသိတစ်ယောက်ရယ်
ကောင်မလေးလေးတွေလဲပါတယ်
ပြီးတော့ ကောင်မလေးတစ်ယောက်နဲ့အတူတွဲကခဲ့သေးတယ်...ပြီးတော့..''

ပြောလက်စနဲ့ရပ်ပစ်လိုက်သည့်
ကိုကို့ဖြေသံကိုကြားရတဲ့ ဂျွန့်အတွက်
တော့နားမလည်နိုင်။
ကိုကိုကဘယ်လိုတွေထင်စေချင်နေသလဲ။
ခါးထောက်ခါပင်သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရသည်။
မနေ့တစ်နေ့ကအထိ သာယာနေတာ အကောင်းကြီးကို ကိုကိုကသိပ်ပြသနာလုပ်ချင်နေတော့လည်း မတက်နိုင်။
တစ်ယောက်ထဲတော့ သောကတွေနဲ့ အပူမများနေချင်ပါ။

~.မာယာ.~(Completed)Where stories live. Discover now