~23~

1K 84 2
                                    

Unicode

အလင်းရောင်ရယ်လို့ ထင်ထင်လင်းလင်းမရှိ။
သာမန်လူတန်းစားတွေ လာတက်တဲ့နေရာမို့ထင်သည် ခန်းနားမှုလည်း တစက်မှမရှိတဲ့နေရာမို့ Taehyung နှာခေါင်းရှုံ့မိလိုက်သည်။
ဒီလူကြီးက အရက်သောက်တာတောင် ဒီလိုမှိုင်းပြပြနေရာမျိုးကိုရှာရွေးတက်သည်။
Kim အိမ်တော်မှလွဲရင် အရာရာတောက်ပနေမှကြိုက်တဲ့သူမို့ ဒီလူကြီးနဲ့ အမြဲဆန့်ကျင်ဘက်ဖြစ်နေတာ အထူးအဆန်းရယ်လို့လည်းမဟုတ်။

ဒေါင့်ကျကျဝိုင်းမှာ ထိုင်လျှက်ခေါင်းငိုက်စိုက်နေတဲ့ Hyung ကလောကကြီးနဲ့ အဆက်အသွယ်တောင် ပျက်နေလောက်ပြီ။
ဆိုင်ရှင်ကောင်လေးကို တစ်ချက်လှမ်းကြည့်လိုက်တော့ ကဗျာကယာအနားကို ရောက်လာသည်။

''အဆင်ပြေတယ် မလား..''

''ဟုတ်ကဲ့ ..မြန်မြန်ခေါ်သွားမှ ဖြစ်တော့မယ်.. သခင်လေး..''

ဒါဟာ အကြံအစီ အောင်မြင်ပြီဆိုတဲ့သဘောမို့ မျက်ခုံးလေးတစ်ချက်ပင့်ကာ ပြုံးလိုက်သည်။
ရိုးအီနေတဲ့လမ်းပေမယ့် ခရီးရောက်မြန်တာ ဒီလမ်းသာရှိသည်။
လိုချင်တာ တစ်သတ်လုံး ဒီလူကို လွန်ဆန်လို့မရတော့တဲ့ Hyung...

''Hyung..... ပြန်မယ်..''

လက်မောင်းတစ်ဖက်ကို ဆွဲထူတော့ လူကိုမော့ကြည့်ပြီး ပြန်တွန်းလွှတ်သည်။

''တစ်ယောက်ထဲ..နေချင်တယ်..''

''အခု Hyung အခြေအနေက တစ်ယောက်ထဲ နေလို့ရမယ့် အခြေအနေမဟုတ်ဘူးနော်
ကျွန်တော် ကူညီနေတာပါ...''

Yoongiလည်း သိပါသည် စိတ်ညစ်လို့သာအရက်လာသောက်တာ
ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်က မူမမှန်ပဲ တစ်ခုခုကို ထိန်းချုပ်ဖို့ခက်နေသလို။
အမူးလွန်နေတာဟု သတ်မှတ်ပြီး ဆက်ထိုင်နေခြင်းဖြစ်သည်။
အကူအညီလိုနေတဲ့ အချိန်ဟုလည်းဆိုနိုင်သည်။

''ငါ့ ဆိုင်လိုက်ပို့ပေး..''

ခေါင်းမာတဲ့ Hyungက အကူအညီမပါပဲ တစ်ယောက်ထဲ မက်တက်ရပ်လိုက်ပေမယ့် မရပ်နိုင်ရှာ ကိုယ်ပေါ်ကိုတစ်ကိုယ်လုံးပြိုကျလာလေသည်။

''အများကြီး လည်းမသောက်ရသေးပါဘူးကွာ.... ''

ကိုယ့်ကိုယ်ကို စိတ်အလိုမကျဟန်နဲ့
ညီးညီးငြူငြူ ကားပေါ်ထိရောက်လာခဲ့ပြီး
ကားပေါ်ရောက်သည်နှင့် Hyung ကနှောက်မှီကာ အိပ်ပျော်သွားလေသည်။
ဒါကတော့ မဟုတ်သေး..။
ကျေနပ်နေသည့်မျက်နှာသည် ချက်ချင်းတည်တံသွားကာ
Taehyung ချက်ချင်း အရက်ဆိုင်ပိုင်ရှင်ဆီဖုန်းဆက်လိုက်သည်။

~.မာယာ.~(Completed)Where stories live. Discover now