~26~

992 78 6
                                    


Unicode

''Taehyung ရေ...''

''အိပ်နေတာပဲ...''

ဂျွန်သည် မတွေ့တာကြာသော သူငယ်ချင်းဆီသို့ အလွမ်းသည်ရန်ရောက်ခဲ့ခြင်းပင်။
အိမ်တော်ထဲ အကာအဆီးမရှိ ဝင်ရောက်ပြီးသည်နှင့် တစ်အိမ်လုံးမွှေနောက်ပြီးသော် အိပ်ရာထဲခွေခွေလေးအိပ်နေသူကို တွေ့တာကြောင့် အပေါ်ကတက်ခွကာ အတင်းနှိုးတော့သည်။

''ဟျောင့် ထတော့ကွာ.. ဘယ်အချိန်ရှိပြီလည်း...
ထပါကွာ...မတွေ့တာကြာပြီလေ..
တွေ့တုန်းလေးကဲရအောင်နော်
နောက်ဆို ကဲလိုရတော့မှာမဟုတ်ဘူးကွ..''

ဂျွန့်စိတ်ထဲ Taehyng နဲ့ဒီနေ့တော့ အတူကုန်ဆုံးချင်တာကြောင့်
အလုပ်မဝင်ရခင်လေး ကိုကိုအလုပ်သွားသည်နှင့် အိမ်ကထွက်လာခြင်းဖြစ်သည်။
အရင်နေ့တွေလည်း အားပေမယ့်
ကိုကို့ရဲ့ ယောကျာ်းလိမ္မာလေးလုပ်ရတာကို
ပိုသဘောတွေ့နေလို့ဖြစ်သည်။

''ဘာလဲကွာ...''

တက်ခွထားတာကြောင့် လေးလံလှတဲ့ ခန္ဓာကိုယ် ကြီးကိုတွန်းထုတ်ကာ ညီးညီးညူညူနဲ့ထထိုင်လိုက်ရသည်။
Hyungနဲ့ ပြသနာဖြစ်ပြီးကတည်းက အခန်းခွေနေလိုက်တာ ဘယ်အချိန်တွေတောင် ရောက်မှန်းမသိ။
အတင်းလိုက်ဖက်နေတဲ့ သူငယ်ချင်းကောင်ကို တွန်းထုတ်နေရတာနဲ့ မရှိတဲ့အားတောင်ကုန်ချင်နေလေပြီ။

''ဘာလဲ... ငါကလူပျိုလေးမဟုတ်တော့.. အနားကပ်မခံစေချင်တော့ဘူးပေါ့လေ...''

''မဟုတ်ပါဘူး...''

Hyung နဲ့ဖြစ်တဲ့ကိစ္စတွေကို Jungkook အားအရင်လိုမတိုင်ပင်ဖြစ်သလို သိလည်းမသိစေချင်နေ။
ရှက်တာကြောက်တာ မဟုတ်ပါ။ဒီကိစ္စတွေသာသိရင် Jungkook ဆိုတဲ့သူငယ်ချင်းက Hyung ကိုဒီအတိုင်းထားမည်မဟုတ်။

''မင်းကြည့်ရတာ...ဖြူဖက်ဖြူရော်နဲ့.. မှန်းစမ်း နေမကောင်းဘူးလား...''

''ဘာမှမဖြစ်ပါဘူးဆို...''

Taehyung အား ထူးဆန်းသလို Jungkook ကြည့်မိသည်။
မတွေ့တာကြာလို့ပဲထူးဆန်းနေသလား။
ဒီသူငယ်ချင်းသည် သူ့အပေါ် ထိုသို့သောအငြင်းစကားလုံးများနဲ့ စိတ်ရှုပ်သလိုမပြုမူတက်။
အဆိုးဆုံးက အပြင်အဆင်မရှိတဲ့ ပုံစံနဲ့ နွမ်းဖက်ဖက်ခန္ဓာကိုယ်။
Kim Taehyung လိုလူမျိုးသည် သေလောက်အောင်ဖျားနေရင်တောင် ညဝတ်အကျီလှလှနဲ့ စတိုင်ကျကျဖျားတက်တဲ့သူမျိုး။
အခုလိုတီရှပ်အဖြူတစ်ထည်နဲ့ အိပ်ရာထဲခွေနေပုံမြင်တောင်မမြင်ဖူးခဲ့။

~.မာယာ.~(Completed)Where stories live. Discover now