~1~

3K 163 6
                                    

Unicode

အဖြူရောင် လှိုင်းလုံးများသည် ကမ်းခြေမှ ကျောက်ဆောင်များအား
အရှိန်အဟုန်ပြင်းစွာ ရိုက်ခက်နေသောကြောင့် ကျောက်ဆောင်ပေါ် ထိုင်နေသည့် လူ၏ အဖြူရောင် အဝတ်အစား များသည်လည်း အတော်အသင့်စိုရွဲနေပြီဖြစ်သည်။

တိုက်ခက်နေသော ပင်လယ်လေကို မျက်လုံးမှိတ်ကာ ခံစားနေရင်း
စထိုင်ခဲ့တဲ့ နေ့လည်ကထက် အနည်းငယ်အေးစိမ့်လာတာကို သတိထားမိသည်။
နေတိုင်း ဒီလိုခံစားချက်တွေပါပဲ။

ရေစိုနေတဲ့ အကျီလက်မောင်းသားကို ကျစ်ကျစ်ပါအောင်စုတ်ကာ အံကိုပါ တင်းနေအောင်ကြိတ်ထားမိသည်။
ခန္ဓာကိုယ်က အအေးဓတ်နဲ့ ရင်ဘက်ထဲက အပူဓတ်တို့က မညီမျှတော့ဘူးထင်ပါရဲ့။

''ကိုယ်...အားလုံးကို မေ့နိုင်တဲ့တစ်နေ့
မင်းကို မမုန်းတော့တဲ့ တစ်နေ့ကျရင်
ကိုယ်မင်းဆီ ပြန်လာခဲ့မယ်... ''

ကိုယ်တိုင်ပြောခဲ့တဲ့စကားသည် ပဲ့တင်သံလို ကိုယ့်ကိုကိုယ်ပြန်ရိုက်ခက်နေသည်။
ဘာကြောင့် ပြောခဲ့ရတာလဲ...ဘာသတ္တိနဲ့ ပြောခဲ့ရတာလည်း...ထိုမေးခွန်းများသည်
နေတိုင်းလူကိုနှိမ့်စက်နေပြန်သည်။

စိုးရိမ်မှုနဲ့ အကြောက်တရားတွေဟာ
နှလုံးသားတစ်စုံကို လွှမ်းမိုးထားသည်။
ထို့ကြောင့်
နှလုံးသားရဲ့ အဖြေကို ပိုင်ရှင်ကိုယ်တိုင်
မသိမကြားနိုင်။

ပင်ပန်းနေသောစိတ်ကို ရှုန်းကန်ရင်း
မျက်လုံးဖွင့်ကြည့်လိုက်တော့ ထင်ထားတဲ့အတိုင်း နေဝင်ချိန်ကို နှမြောတသစွာရောက်ရှိလာပြန်ပြီ။

တလွင့်လွင့် ဝဲခါနေသော ဆံနွယ်နက်များနှင့်အတူ
လိမ္မော်ရောင်သန်းနေတဲ့ နေမင်းကြီးရဲ့ အလင်းရောင်က ထိုသူကို တောက်ပစေနေပြန်သည်။

ပါးပြင်ပေါ်က ရေစက်ကလေးများသည်
ပင်လယ်ရေစက်များသာ ဖြစ်ပါစေ.......။

..................................................မာယာ......

#

''ဖိုးဖိုး~ မြေးကိုမချစ်တော့ဘူးလား...''

အရွယ်ရောက်နေပြီးသော ယောကျာ်းပျိုတစ်ယောက်ရဲ့ ငါးနှစ်ကလေးအရှုံးပေးရမယ့် ချွဲပြစ်နေတဲ့ ဂျီကျသံဟာ
နံရံကပ်ကျွန်းဗီရိုတွေအပြည့်နှင့် တန်ဖိုးကြီးအဆင်တန်ဆာများ ဆင်ယင်ထားတဲ့ စာဖတ်ခန်းကျယ်ကြီးမှ ထွက်ပေါ်လာသည်။

~.မာယာ.~(Completed)Dove le storie prendono vita. Scoprilo ora