~31~

875 59 4
                                    

Unicode

ဗွမ်း!!

မျက်နှာတဲ့တဲ့ အရှိန်ဖြင့် လာစင်သောရေများကြောင့် လန့်ကာနိုးလာရသည်။
ညနေက Jimin ကိုလိုက်ပို့ပြီးအပြန်လမ်းမှာ ကားရှေ့ကပိတ်ရပ်နေသောတခြားကားတစ်စိးကြောင့် ကားပေါ်ကဆင်းပြီးဖြေရှင်းဖို့လုပ်စဥ် အရိုက်ခံရတာအမှောင်အတိကျသွားခြင်းဖြစ်သည်။
ပြန်နိုးလာသည့်အခါ ရောက်ရှိနေသည့်နေရာသည် အလွန်မှောင်မဲနေပြီး နေရာအကျယ်အဝန်းနဲ့ ပုံသဏ္ဍန်ပင်မသိရ သူ့ခေါင်ပေါ်ကအဝါရောင်မီးသီးအလင်းမှအပ ကျန်သည့်နေရာမမြင်ရပေ။
နောက်ထက်သိလိုက်ရတာတစ်ခုက သူသည်ခုံတစ်ခုအပေါ်မှာ တစ်ကိုယ်လုံးကြိုးများဖြင့် ချုပ်နှောင်ခြင်းခံထားရသည်။

''မင်းတို့ဘယ်သူတွေလဲ...ထွက်ခဲ့စမ်း! ဘာလို့ငါ့ကို ဒီလိုမျိုးလုပ်ကြရတာလဲ!''

အခုချိန်တွင် မကျေနပ်သည့်စိတ်အပြင် ကြောက်စိတ်ပါရောနှောနေသည်ကိုတော့ဝန်ခံရမည်။ဘာအပြစ်မှမရှိပါပဲ တစ်ခါ သေအောင်သတ်ဖို့အထိ လုပ်ကြံခံခဲ့ရဖူးသူဖြစ်သည်။ ကံကောင်း၍ တစ်ခါလွတ်မြောက်ခဲ့သည်ရှိသော် နောက်တစ်ခါဆို သူကံကောင်းနိုင်ပါအုန်းမလားဟု စိတ်ထဲထိပ်လန့်နေတက်သူပင်။
နှစ်ပေါင်းများစွာ ဒီစိတ်ကိုမာလာအောင် ကြိုးစားခဲ့ပေမယ့် နောက်တစ်ခါဆိုတာနှင့် ကြုံလာရသည့်အခါ တကယ်ကိုတုန်လှုပ်နေသည်။

''ငါ့ကိုလွှတ်ပေးကြပါ!!.. ငါဘယ်သူ့အပေါ်မှ မကောင်းတာမလုပ်ခဲ့ဖူးဘူး! ဘာလို့ငါ့အပေါ်မှလဲ! ဘာလို့လဲ.!''

အော်နေပေမယ့် အဖက်လုပ်မည့်သူမရှိ ။
အမှောင်ထဲလူတွေရှိနေတာကို သိသည်။မမြင်ရသည်မို့ ဘယ်လိုအရာတွေစောင့်ကြိုနေမလဲဆိုတာ ထိပ်လန့်စရာကောင်းလွန်းလှသည်။စောင့်ကြည့်နေသလိုခံစားရသည်မို့
အချိန် ကြာလာလေ ပိုကြောက်ရွံ့လာလေ။
ထို့ကြောင့် လာမယ့်ဘေးကိုပြေးတွေ့ပြီး ဒီအမှောင်ထုကြီးကိုအဆုံးသက်စေချင်ပြီ။

''ငါ့ကိုလွှတ်ပေးလို့ပြောနေတယ်လေ! !
အမှောင်ထဲမှာပဲ ရပ်ကြည့်နေကြတော့မှာလား
လူတစ်ယောက်လုံးကိုကြိုးတုတ်ထားပြီး
ရှေ့ထွက်မရဲဘူးလား..''

~.မာယာ.~(Completed)Where stories live. Discover now