~11~

1K 100 7
                                    

Unicode

''ဒါဆို Kook ကြိုက်နေတာ ကိုကိုJimin ဖြစ်ပြီး.. မမYoonher က ကိုကိုJimin ရဲ့ ချစ်သူပေါ့ ဟုတ်လား..''

''အင်း...အဲ့ဒါကြောင့် Min Yoonher ကို
ငိုအောင်လုပ်လိုက်တဲ့ ကိစ္စနဲ့ ပက်သက်ပြီး
Kook ကိုလာ စိတ်ကောက်မနေနဲ့တော့..''

ဟန်လေးက မမYoonher ကို ငိုအောင်လုပ်တဲ့Kook ကို စိတ်မဆိုးစဖူး စိတ်ဆိုးနေခဲ့တာ..။
ကားပေါ်ထိ စကားမပြောတဲ့ ဟန်လေးကို အကြောင်းပေါင်းစုံ ရှင်းပြပြီးတဲ့အခါ
ဟန်လေးဆီမှာ မျက်လုံးလေးကလယ်ကလယ် ဖြစ်သွားယုံကလွဲရင် ဘာမှပိုပြီး ထူခြားတဲ့ပုံမျိုးတော့ မရှိခဲ့။

''ဒါဆို Kook က သူတို့ကိုခွဲရမှာပေါ့..''

''..ဒါပေါ့..''

ကားကိုဂရုတစိုက်မောင်းရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်တော့
ဟန်လေးသည်လည်း တစ်ခုခုတွေးသလို ငြိမ်နေပြီးခါမှ

''ရအောင်ခွဲ.. Kook ..၊ ဟန်လေး သူတို့ကွဲမှာကို သဘောကျတယ်..ဟီးးး...''

ဟန်လေးသည် ညဏ်ရည်မမှိသလို စိတ်အခြေအနေသည်လည်း နားလည်ရခက်တာမို့
သူ့စိတ်ထဲ မည်သို့အတွေးမျိုးရှိမည်ကို ခန့်မှန်းနိုင်မည်မဟုတ်သလို သူကိုတိုင်လည်း သိလောက်မည်မဟုတ်။

.....

ရီမောသံတွေနှင့် လွှမ်းခြုံနေသည့် ထမင်းစားဝိုင်းလေးတစ်ခုသည်
ညနေစောင်းလာခြင်းနှင့်အတူ အသက်ပိုဝင်လာလေပြီ။
စားပွဲခြေထောက်ကျိုးမတက် ပြင်ဆင်ထားသော စားသောက်ဖွယ်ရာများနှင့်အတူ မွေးနေ့ရှင်အန်ကယ်Park သည်လည်း
ပြုံးပြံး'' ဖြင့် ပျော်ရွှင်နေပုံ။
အန်ကယ်Park သည် korea မှာ ခင်မင်သူသိပ်မရှိတာကြောင့်
Jeon မိသားစုနှင့်Parkမိသားစု နှစ်ခုထဲ၏ စားဝိုင်းလေးဖြစ်ခဲ့သည်။
ဖိုးဖိုးJeon သည်လည်း ဥက္ကဋ္ဌ အရေခွံ များကိုခွာချကာ သာမန် လူကြီးတစ်ယောက်အသွင်ဖြင့် ပေါ့ပါးပျော်ရွှင်စွာနေနေသည်။

Jeon အတွက်တော့ ကိုကိုအတူ တနေကုန်တစ်ပူးပူးတစ်တွဲတွဲ နေရသည့်အတွက် တော်တော်လေးကို မြောက်ကြွ''ဖြင့်ပျော်ရွှင်နေသည်။

''ကိုကို..ဒါလေးစားကြည့်.. ကောင်းတယ်.. ''

''ဒီမှာရှိတဲ့ စားစရာတွေအကုန်ငါစားဖူးတယ်...''

~.မာယာ.~(Completed)Donde viven las historias. Descúbrelo ahora