~19~

1K 92 4
                                    

Unicode

''စားပြီးရင် ပြန်တော့...''

စားဖိုမှုးတစ်ယောက်ပေပဲမို့
ချက်ထားသမျှ အစားအသောက်များကို မြိန်ရည်ရှက်ရည် စားပေးတဲ့သူရှိတော့ စိတ်ထဲတမျိုးလေးနွေးသလို။
အေပရွန်ကိုချွတ်ကာ လုပ်သမျှလက်စသက်၍ မီးဖိုခန်းထဲကထွက်ဖို့ပြင်သည်။
ဒီလူနဲ့ ဘယ်နေရာမှာမှ အတူမနေချင်။

ရွှင်ပြနေတဲ့ သမင်မျိုးဝန်းမျိုးနဲ့ မော့ကြည့်တော့ အကြည့်လွဲမိလိုက်ပြန်သည်။
ထိုမျက်ဝန်းကို မဆုံချင်လောက်အောင်ကြောက်ခဲ့သည်။
မုန်းတီးနေတာထက် မပက်သက်ချင်တဲ့ပင်သက်မှုမို့ လာနွယ်သမျှကို ရုန်းထွက်နိုင်ဖို့သာ ပြင်ဆင်မိသည်။
ပက်သက်မိခဲ့သမျှနာကျင်ခဲ့ရတာမို့။

''Hyung...''

''တောင်းပန်ပါတယ်... ''

မီးဖိုခန်းထဲက ထွက်တော့မယ့်ခြေလှမ်းတွေဟာ ရပ်တန့်သွားပြီး ပြန်လှည့်ကြည့်လာသော မျက်ဝန်းတွေဟာ နာနာကြင်ကြင်။

အရှေ့က အပြစ်များစွာရှိပြီးသားသူအား အပြစ်ထက်မတင်ချင်ပါ ။
ထက်မနာကျင်ချင်တာမို့ သက်သက်ကိုမေ့ထားသည်။
ဒါကို ပြန်လာတူးဆွတဲ့သူက ဘာသဘောလဲ
'တောင်းပန်ပါတယ် 'ဆိုတော့
သူ့အပြစ်ရှိလို့လား။
သူလုပ်တာမို့လား.....?

''ဘာသဘောနဲ့ တောင်းပန်တာလဲ...''

''အဲ့ဒါက... ''

တောင်းပန်နေတယ် ဒါပေမယ့် နှိမ်ချထားတဲ့မျက်နှာဘေးတော့မဟုတ်။
အချိုးမပြေဘူးဟု တသက်မှတ်ထဲတွေးထားလို့များ ထိုမျက်နှာကို ရိုးရှင်းစွာမတွေးနိုင်ခဲ့။
မျက်လွှာချထားပေမယ့်
ပြန်လှန်ကြည့်လာတဲ့ မျက်ဝန်းတွေက ဘယ်လောက်ရက်စက်တက်တဲ့သူမှန်း ဖော်ပြနေသည်။
တကယ့်ကို လှပသလောက် မှန်းရခက်တဲ့ ပင်လယ်ပြင်လို။

''ဟန်လေးလုပ်တာ မဟုတ်ဘူး.....''

Yoongi ဟက် ခနဲသာရီမိလိုက်သည်။
တောင်းပန်စကားဟာ သူလိုချင်တာပြောဖို့ နိဒါန်းသက်သက်။
သူနဲ့ပက်သက်သူကြောင့် သေသွားရသူအတွက် အားနာလို့ပြောတဲ့စကားလည်းမဟုတ်။
အဖြစ်ဆိုးနဲ့ သေသွားရသူဟာ ဒီလိုလူကိုသံယောဇဥ်ရှိခဲ့ဖူးသူ။
ဒါကို နဲနဲလေးတောင် ဝမ်းနည်းဟန်တောင်မပြနိုင်အောင် သွေးအေးလွန်းနိုင်တယ်။
သူသိတာ သူ့လူအကြောင်းပဲ။

~.မာယာ.~(Completed)Where stories live. Discover now