~21~

1K 96 6
                                    


Unicode

မွေးကတည်းက နေထိုင်လာသည့် ဒီစံအိမ်
မေမေ့မေတ္တာကလွဲရင် တခြားနွေးထွေးမှုရယ်လို့မရှိခဲ့။
ဂုဏ်မောက်နေသော အဖိုးအဖွားများက
မေမေ့လိုသာမန် ပန်းချီဆရာမတစ်ဦးကိုနှိမ်ချစွာပြောဆိုခြင်းမျိုးသည် မကြာခဏပင်။
အေးစက်စက်ဖေဖေဟာ ဒီလိုအခြေအနေမျိုးကို မျက်နှာလွဲခဲပစ်ပင်။
အဖိုးအဖွားတွေမရှိတော့ချိန် မေမေ့အတွက်အဆင်ပြေပြီးလားဟု တွေးမိခဲ့ပေမယ့် မေမေ့ရဲ့ကံကြမ္မာက ပျော်ရွှင့်ခွင့်ပင်မရခဲ့။
ဖောက်ပြန်လာတက်သော ဖေဖေဟာ မေမေ့အပေါ် စိမ်းကားသည်ထက်ရိုင်းစိုင်းလာသည်။

ညဘက်တွေရောက်မှာ ကြောက်မိသည်။
တခါတလေ အိမ်ပြန်နောက်ကျတဲ့ ဖေဖေ့ကိုမျော်နေတက်တဲ့မေမေကို စိတ်မကောင်းစရာ တွေ့ရပြီး တခါတလေကျတော့လည်းရန်ပွဲတွေဖြင့်။
ဒါကြောင့် ညဘက်ဆို အိမ်မနေပဲအပြင်ထွက်တဲ့ အကျင့်လေးတစ်ခုတောင်ရခဲ့လေပြီ။

ဒီနေ့တော့ ကိုယ့်အပူနဲ့ကို ဧည့်ခန်းထဲက ဆိုဖာပေါ်မှာကွေးကွေးလေးငြိမ်နေမိသည်။
Hyung ကို ဒီတသက်မပိုင်ဆိုင်ရတော့ဘူးဆိုတာတော့ မဟုတ်သေးဘူး မလား။
ချစ်သူရှိရုံလေးနဲ့ ဒီလူကို တူးတူးခါးခါးငြင်းပစ်စရာမှမလိုတာ ။
မိဘဆိုဆုံးမမှုအားနည်းတဲ့ကလေးမို့ ဆိုးတဲ့စရိုက်ကလေးပါလာတာကို Hyungပဲပြုပြင်ပေးမယ်ဆိုပြီး အခုတော့အရိုင်းအစိုင်းဆိုပြီး ကန်ထုတ်ပစ်သတဲ့လား။
သူ့ကိုHyungနဲ့လမ်းခွဲပေးဖို့ ချိန်းခြောက်ရင် ရမယ်ထင်လို့ ကလေးအတွေးနဲ့လုပ်မိလုပ်ရာတွေ လုပ်ခဲ့မိတာပါ။

ငယ်ရွယ်နုနယ်တဲ့ အထက်တန်းအောင်ပြီးကာစအရွယ်မှာ အချစ်ကပေးတဲ့ဒဏ်ရာတစ်ချို့မှာ ရင်ကွဲပက်လက်ဖြင့်။
အချစ်ဆိုတာထက် တွယ်ငြိမိတဲ့အေးချမ်းရာ ဘုံဗိမ္မာန်လေးတစ်ခုလုံး ဆုံးရှုံးလိုက်ရမှာ။
ပြည့်စုံသလောက် မသာယာနိုင်တဲ့ဘဝမှာ Hyungရဲ့အပြုံးချိုချိုက အေးချမ်းရာလေးတစ်ခုဖြစ်နေခဲ့တာ။

''မသွားပါနဲ့.... ယောကျာ်းရယ်...ကျွန်မ..တောင်းပန်ပါတယ်.. ''

''မင်းကိုငါလွှတ်လို့ ပြောနေတယ်..!!''

အိမ်အပေါ်ထက်ကနေ အရွေ့ရွေ့နီးကပ်လာတဲ့ ကတောက်ကစဖြစ်သံ။
ဖြစ်နေကြပေမယ့် ဒီနေ့တော့ ထူးခြားနေတာမို့ ခေါင်းထောင်ကြည့်လိုက်တော့
အဖေဖြစ်သူဟာ ခရီးဆောင်အိတ်ကြီးနဲ့ လှေကားပေါ်ကဆင်းလာပုံထောက်ရင် အိမ်ပေါ်ကဆင်းတော့မည့်ပုံ။
စိတ်ထဲ မရှိလည်းကောင်းတာပဲဟုတွေးလိုက်ပေမယ့် အမေကတော်မသွားစေချင်လို့ အိတ်ကိုအတင်းဆွဲထားတော့ သနားရပြန်သည်။
မေမေကအဖေဖြစ်သူကို ဘယ်လောက်တောင်ချစ်လိုက်သလဲ။

~.မာယာ.~(Completed)Where stories live. Discover now