~3~

1.5K 111 4
                                    

Unicode

သီချင်းသံ ငြိမ့်ငြိမ့်ကလေး ဖွင့်ထားတဲ့ ကလပ်တစ်ခု...
ပုံမှန်မဟုတ်ပေမယ့်  ကလပ်ဘုရင်လေးနှစ်ဦးရဲ့ ဆန္ဒအရ ကလပ်မပိမသစွာ ငြိမ်သက်နေလျှက်

တချို့လူတွေသည်လည်း ပုံမလာတော့တဲ့ ကလပ်ပုံစံကြောင့် အသီးသီးပြောင်းရွှေ့ကုန်ကာ ပုံမှန်ထက်ပင်တိတ်ဆိတ်နေသည်

VIP ဝိုင်းက သခင်လေးနှစ်ယောက်မှာတော့
တစ်ယောက်က တန်ဖိုးကြီးအရက်ပြင်းပြင်းဖြင့် ဇိမ်ယူနေကာ
တစ်ယောက်က ဆေးလိပ်ဖွာကာတွေးဆဆဖြင့်ပြုံးနေသည်

ဂျွန်သည် အရက်သောက်ရင်သွေးဆိုးလွန်းတာကြောင့် အရက်မသောက်။
အချိန်တန် အိမ်ပြန်ကာလိမ္မာပြရသည်မို့
ဆေးလိပ်ကိုသာ ဖွာတက်သည်။
မူးရစ်စေတာမျိုးတွေ နဲနဲပါတာပေါ့။

နေတိုင်း သူတို့ပိုင်သည် မကောင်းတဲ့နေရာမှန်သမျှပျော်ပါးတက်ပေမယ့် အနားမှာမည်သည့်မိန်းကလေးမှ ရှိမနေတက်တာ ဂျွန်တို့ရဲ့စတိုင်။
ဖဲဝိုင်းနေနေ.ကားပြိုင်ကွင်းနေနေ.ကာစီနိုဝိုင်းနေနေ တစ်ကောင်တည်း​ခြေ​ေ င်္သ့ လုပ်သူများမို့ တော်ရုံသူအနားမကပ်ရဲကြ။
အမှားတစ်ခုဖြစ်လျှင် ပျက်စီးမှာ သိကြသည်။

ကိုယ့်ကိုယ်ကို အပေါစားအငွေ့အသက်တွေရိုက်ခက်မှာတောင် သိပ်တွံ့တိုသူတွေ။

ရောက်တဲ့နေရာတိုင်းမှာ ဘုရင်လုပ်နိုင်သူများမို့ အခြွေအရံဆိုတာ ငြီးငွေ့စရာများသာ

''Min Yoonher တဲ့ ငါ့ Min Yoongi ရဲ့ ညီမ..
သူတို့မှာ မိဘတွေမရှိကြတော့ဘူး
သူကပန်းချီဆွဲတယ်
ငါ့အမေရဲ့ တပည့်အရင်းခေါက်ခေါက်
ငါ့အမေဆုံးကတည်းက Japan ကိုထွက်သွားတာ
လေးနှစ်လောက်ရှိရောပေါ့..''

''မွှေးနေရော....''

ဂျွန်သည် Taehyung စကားတွေကို အာရုံမရောက်နိုင်
ရင်ဘက်နားက အကျီစတွေကို
ဆွဲယူတစ်ရှုံ့ရှုံ့နမ်းရှိုက်ကာ
ထိတွေ့ခဲ့တဲ့ ရနံတွေကို ပြန်ခံစားရင်းအလုပ်ရှုပ်နေသည်။

''ဟေ့ကောင်!...ငါပြောနေတာကိုလည်း ဂရုစိုက်အုန်း...''

''ငါသိချင်တာ သူ့အကြောင်းမှမဟုတ်တာ..
ငါ့လူအကြောင်း..
ပြီးတော့
တကယ်ပြောတာ..အခုထိတောင် မွှေးနေတုန်း..''

~.မာယာ.~(Completed)Where stories live. Discover now