~24~

825 69 2
                                    

Unicode

ပန်းရောင်စုံများရဲ့အလည် ပန်းနှင့်အတူတင့်တယ်လှသော လူနှစ်ယောက်ဟာမျက်နှာချင်းဆိုင်လျှက်.
ဧည့်ခံထားသည့် ကော်ဖီအား သောက်နေသောဧည့်သည်သည် ဆိုင်ရှင်အားမျက်ခုံးတွံ့ချိုးကာကြည့်နေသည်။
ဆိုင်ပိုင်ရှင်သည်လည်း တစ်ခုခုကိုတွေဝေနေသည့်ပုံ

''ပန်းကလေးက..''

''ပန်းကလေးလို့မခေါ်ဖို့ ပြောထားတယ်ထင်တယ်..''

စိတ်ထဲစွဲပြီးသားနမ်စားကို နှစ်သတ်စွာပြောမိလိုက်ချိန်
ပက်ခနဲရန်ပြန်တွေ့တဲ့ ခက်စွာစွာအသံလေးကြောင့် ပြုံးမိပြန်ပါသည်။

''ဟုတ်ပါပြီ... မင်းလေးက ဘာလို့ကိုယ့်အကြောင်းသိချင်ရတာလဲ..''

''ကျွန်တော် နဲ့ခများနဲ့က သိတာမကြာသေးတဲ့ ဆက်ဆံရေးမျိုးပါ
ဘဝနဲ့ချီပြီး လုပ်ရမယ့်အလုပ်မှာ သူစိမ်းတစ်ယောက်ကိုယုံဖို့ သိပ်ခက်ခဲ့မယ်ဆိုတာ သဘောပေါက်လောက်မယ်လို့ထင်ပါတယ်..
ခများဆီက အကူအညီယူဖို့.. ခများခိုင်းတဲ့အတိုင်းလုပ်ဖို့ အကြောင်းပြချက်ကောင်းကောင်းရှိသင့်တယ်လို့ ကျွန်တော် ထင်တယ်..''

ဆိုင်ပိုင်ရှင်ဟာ လက်ခံသည့်သဘောဖြင့် ကော်ဖီခွက်ကိုယူကာ နှစ်ချိုက်စွာ တစ်ငုံသောက်ပြီးခါမှ အပြုံဖြင့်စကားဆက်လေသည်။

''ကိုယ့်နာမည် Jung HoSeok ပါ''

''သိပြီးသားလေ..''

''Day Dream group ရဲ့ အမွေဆက်ခံသူ..''

''အွန်းးး...ဗျ...ဗျာ!!!''

Day Dream Group '' Korea နိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ Company ကြီးတွေထဲကတစ်ခု..။
Jeon Group နှင့်အပြိုင် ထိပ်ပြေးနေပေမယ့်
ဖက်ရှင်ဒီဇိုင်း company အခွဲများရဲ့ အောင်မြင်မှုကြောင့် လူငယ်များကြားတွင် Jeon group ထက်ပိုနာမည်ကြီးလှသည်။
ကိုယ့်ရဲ့ အိမ်မက်သည်လည်း ခေတ်နဲ့လိုက်လျောညီထွေသည့် Day Dream လိုမျိုး company ကြီးတည်ထောင်ဖို့ ဖြစ်ခဲ့ဖူးသည်။

''မဖြစ်နိုင်တာ... Day Dream ရဲ့ ဆက်ခံသူက သေ.. သေသွားပြီ မဟုတ်ဘူးလား...''

ဒါဟာစီပွားရေးနယ်ပယ်တွင် မသိတဲ့သူမရှိသည့် ကိစ္စတစ်ရပ်ပင်။
လွန်ခဲ့တဲ့လေးနှစ်လောက်က Day Dream ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ အသတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းဟာ Korea တွင်မက နိုင်ငံတကာစီးပွားရေး သတင်းများတွင် ဟိုးလေးတကြော်ဖြစ်ခဲ့သည်။
အရှိန်နဲ့တိုးတက်နေသော Company ကြီးတစ်ခုရဲ့ ပိုင်ရှင်ဖြစ်လာမယ့်သူဟာ လမ်းဘေးတွင် ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့သတင်းဟာ မယုံနိုင်ဖွယ်ရာပင် ခြောက်ခြားစွာ လူတိုင်း၏စိတ်ထဲတွင် စွဲကျန်ခဲ့လေသည်။
ထိုထဲတွင် Jimin လည်းအပါအဝင်ဖြစ်လေသည်။
လူတော်တွေကိုဆို သိပ်သဘောကျတက်တဲ့ Jimin အတွက် လေးစားအားကျရတဲ့ ပုဂ္ဂိုလ်တစ်ဥိးဖြစ်ခဲ့လို့ပင်။
ထိုသတင်းကြားတုန်းက သိပ်ကို နှမြောတသဖြစ်ခဲ့ရသေးသည်။

~.မာယာ.~(Completed)Where stories live. Discover now