~20~

1.1K 82 4
                                    

Unicode

ပန်းဆိုင်ထဲက ပြန်အထွက်
ကားပေါ်မှာ ရှိမနေတဲ့သူကြောင့် ဂျွန်နဲနဲပြာသွားရသည်။
ကိုယ့်အပေါ် စိတ်ဆိုးဒေါသထွက်နေတာသိတယ်။
ဒါပေမယ့် အရေးအယူမပြုပဲ ကိုယ့်စိတ်ကြိုက် ကိုယ့်သဘောအတိုင်းပဲဇွတ်လုပ်နေခဲ့တာ။
အဲ့လိုမှ ဂျွန်စိတ်မထားတက်ရင် ကိုကိုသည်ဂျွန့်အပိုင်ဖြစ်လာနိုင်စရာ အ​ေကြာင်းရှိမည်မဟုတ်။
အရင်ကတည်းက သူများခံစားချက်လိုက်
မတွေးတက်သူမို့ အခက်ကခဲပင်မရှိခဲ့။

အနားတဝိုက် လှည့်ပက်ကြည့်လို့မတွေ့တဲ့အခါ ဂျွန့်ခေါင်းတွေထူပူလာရသည်။
စိုးရိမ်စိတ်နဲ့ ကြောက်ရွံ့စိတ်က ဝင်ရောက်တာ ကသောင်းကနင်းပင်။
ကိုကိုက ဂျွန့်ကို ချစ်နေတာမဟုတ်ဘူး
အချိန်မရွေး ထွက်ပြေးနိုင်တယ်။
ဂျွန်နဲ့ ကိုကို့ကြား ခိုင်မြဲတဲ့ကြိုးမျှင် သေးသေးလေးတောင်မရှိနေ။
ကိုယ့်ဘက်က ဖမ်းဆုတ်ထားတဲ့ အခြေအနေမို့ ခဏလေးမမြင်ရရုံ လွှတ်ထွက်သွားပြီလားဆိုတဲ့ ကြောက်ရွံ့မှုက အလိုလိုဝင်ရောက်လာလေသည်။

''ထွက်ပြေး..သွားတာများလား..''

''မဟုတ်ဘူး.... ဒီအနားမှာရှိမှာပါ..''

''ကိုကိုက ဂျွန့်အပိုင်လေ...''

နှုတ်ခမ်းက တတွတ်တွတ်ရေရွတ်ရင်း ပန်းဆိုင်တည်ရှိရာ ရက်ကွက်ကို ပတ်ပြေးကာရှာနေမိသည်။
လက်ထဲက ကြူးလစ်ပန်းအဝါလေးတွေဟာ လေထဲတယိမ်းယိမ်းပင် ဂျွန်ပြေးရာနောက်ကိုလိုက်ကာ သူတို့အားအလှပျက်စေခဲ့သူအား လိုက်ရှာပေးရပြန်သည်။
တစ်လမ်းဝင်တစ်လမ်းထွက် အရူးကြီးလိုဖြစ်နေတဲ့ဂျွန့်အား ရက်ကွက်ထဲကလူများက လူစိမ်းမို့သတိထား စောင့်ကြည့်နေကြတဲ့အထိပင်။

ဂျွန်က မာကျောသယောင်သာဆောင်နေခဲ့တာ အခုလိုကိုကိုက ပစ်ထားခဲ့မှုကိုတောင် လူကြီးဆန်ဆန်တွေးဖို့မသိခဲ့။
ဦးနောက်လည်းမသုံးတက်ခဲ့။
မိဘပျောက်နေသော ကလေးနှယ် ကိုကို ဟု
အော်ခေါ်ကာ ပက်ပြေးဖို့အပြင်မသိတော့။

တကိုယ်လုံး ချွေးတွေစို့နေပြီး ပြေးလွန်းလို့ အားပျက်တော့မယ့် ဂျွန်ဟာ မျက်ရည်အစအနများနှင့် ပန်းဆိုင်ရှေ့ကကားရှိတာသို့ပြန်ရောက်လာခဲ့သည်။
ကြောက်ရွံ့စိတ်က ရင်ထဲတလှပ်လှပ် နဲ့မို့ရင်ဘက်ကိုဖိကာပင်ထိုင်ချလိုက်ရသည်။
မျက်လုံးထဲပြန်မြင်လာခဲ့သော ပင်လယ်ကျောက်ဆောင်ပေါ်က ပြေးထွက်သွားသူ
ကိုကို့ရဲ့မြင်ကွင်း။
ကိုကိုဟာ ဂျွန့်ကိုအဲ့လို ရက်ရက်စက်စက် ထားပစ်ခဲ့ဖူးသည်။
ကိုကိုက ထက်ထားသွားပြန်ပြီလား ဆိုတဲ့အတွေးက ရူးပစ်ချင်စရာ ပင်ကောင်းခဲ့သည်။

~.မာယာ.~(Completed)Where stories live. Discover now