Extra (Uni)

1.7K 72 4
                                    

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁

(Or)

🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟

Extra Part

တစ်ခေတ် ကျောင်းဆင်းလျှင် ကျောင်းရဲ့ မလှမ်းမကမ်းမှာ ရပ်ထားသည့် ကားကြောင့်ပြုံးမိလိုက်သည်
တစ်ခေတ် ထမင်းချိုင့်လေးအား ကိုင်ကာ ထိုအနားသွားလိုက်လျှင်
လမ်းနံဘေးက ခုံလေးမှာ ထိုင်ကာ တခစ်ခစ်ရီနေသော သားလေးနှင့်မောင်
"မောင်..."
တစ်ခေတ် ခေါ်လိုက်လျှင် မောင်က သားလေးအားချီကာ တစ်ခေတ်ထံလျှောက်လာ၍
"ဆန်း ပင်ပန်းနေပြီလား"
"ဟင့်အင်း မောင်နဲ့ သားလေးကို မြင်ရတော့ အပင်ပန်းပြေသွားပြီ"
တစ်ခေတ် မောင့် ကိုယ်ပေါ်ကသားငယ်လေးအား တို့လိုက်လျှင်
သားက တခစ်ခစ်ရီနေ၏
"မောင် သမီးလေးရော....."
"သမီးလေးက ပါးပါးတို့ဆီမှာ ဆန်းဗိုက်ဆာနေရင် မောင်တို့တစ်ခုခုအရင်သွားစားကြမလား"
"သမီးလေးပါ ခေါ်ပြီးသွားမယ်လေ"
တစ်ခေတ်ပြောတော့ မောင်က ပြုံးနေပြီး
"တကယ်က မောင်ကသားနဲ့ သမီးနှစ်ယောက်လုံးကို ခေါ်လာချင်တာမဟုတ်ဘူး ဆန်းနဲ့Dateမလို့ ပါးပါးက တစ်ယောက်ထဲရမယ်ဆိုလို့ အဟွန်းးး"'
တစ်ခေတ် မောင်အားမျက်စောင်းလေးထိုးလျက်
"မောင်ကတော့လေ"
တစ်ခေတ် သမီးလေး ထူးကဲရှင်မွေးပြီးသုံးနှစ်ကျော်မှာ သားလေး ဂုဏ်ရှိန်ကို ထပ်ရခဲ့သည်
သားလေး တစ်နှစ်ကျော်တော့တစ်ခေတ်အလုပ်အား မောင်ကဆက်လုပ်စေခဲ့သဖြင့် တစ်ခေတ်အလုပ်ပြန်ဝင်ခဲ့သည်
တစ်ခေတ်အလုပ်တာဝန်ကိုလဲ မပျက်ကွက်ရအောင် သားနဲ့သမီးကိုလဲ အချိန်ပေးနိုင်အောင်တစ်ခေတ်ကြိုးစားခဲ့သည်
မောင်ကလဲ အိမ်ထောင်​ဦးစီးပီသသည်
တစ်ခါတစ်လေ တစ်ခေတ်မအားလျှင် သားနှင့်သမီးကို သူပဲ ကြည့်ပေးတာမျိုး
တစ်ခေတ်ရဲ့ အလုပ်ကိုလဲ မောင်က လိုအပ်တာတွေ ကူလုပ်ပေးသည်မလား
မောင်ကတစ်ခေတ်အတွက် နှစ်ယောက်မရှိနိုင်တဲ့ တစ်ခေတ်ရဲ့ခင်ပွန်း
တစ်ခေတ်ကလေးတွေရဲ့ ဖခင်ပါပဲ

💜💜💜💜💜💜💜💜💜💜

"အိမ် သားလေး ငိုနေပြီ"
"လာပြီ ကိုကြီးရေ"
ပျိုး ရေအမြန်ချိုးပြီး အဝတ်ကိုဖြစ်သလိုဝတ်ကာ ထွက်လာခဲ့ရသည်
ကိုကြီးလက်မောင်းကြားမှာ သားလေးက အသားကုန်အော်ငိုနေလျက်
"သားလေးက ချိုချိုဆာတော့တာလား"
ပျိုး ကိုကြီးအားကျောပေးကာ အဝတ်လှန်ပြီး သားအားနို့တိုက်ရသည်
" အခုထိ ရှက်နေတုန်းလား"
"ဟွန့် ကိုကြီးနော်"
ပျိုး ကိုကြီးအားမျက်စောင်းလေးထိုးမိလိုက်သည်
"ကလေးထိန်းခေါ်ပါလားအိမ်ရာ ခုတအားပင်ပန်းတယ်"
"ဟင့်အင်းပျိုးသားလေးကို ပျိုးဘာသာပဲ လုပ်ပေးချင်တာ"
ဟုတ်တယ်လေ ပျိုးသားကို ဘယ်လောက်ခက်ခက်ခဲခဲယူထားရလဲ
ဒါကြောင့် ပျိုးသားလေးကို ကိုယ်တိုင်ပဲ လုပ်ကိုင်ပေးချင်သည်
ဘယ်လောက်ပင်ပန်းပါစေ သားလေးက ပျိုးတို့ဘဝလေးထဲ ဝင်လာပေးခဲ့တာကပင် ဆုလာဘ်တစ်ခုပင်မလား
"ကိုယ်က အိမ် အရမ်းပင်ပန်းနေလို့ပါ"
"ရပါတယ် ကိုကြီးရဲ့ ကိုကြီးနေ့လည်စာမစားရသေးဘူးမလား သွားစားချည် အလုပ်လဲသွားရဦးမှာကို"
"အလုပ်ကအရေးမကြီးပါဘူး အိမ်ရာ သားနဲ့ မိန်းမက အရေးအကြီးဆုံး"
"အောင်မာ...ကိုမင်းကိုက ဖုန်းဆက်ပြောနေတယ်သိလား ကိုကြီး အလုပ်ကိုမလေးစားဘူးတဲ့"
ထိုအခါ ကိုကြီးကတောက်တစ်ချက်ခေါက်လျက်
"အဲ့ကောင်ကတော့ အလုပ်ပြုတ်ချင်နေပြီနဲ့ တူတယ်"
"ကိုကြီးနော် ခုဆို ပျိုးက အလုပ်မရှိတော့ဘူး ကိုကြီးကိုပဲ အားကိုးရမှာ အဲ့တော့ သားလေးနဲ့ ပျိုးအတွက် ကိုကြီးကအလုပ်ကြိုးစားရမယ်"
ထိုအခါ ကိုကြီးက ပြုံးစိစိဖြင့်
"ကိုယ့်ဘုရင်မလေးသဘော"
ပြောနေရင်းပင် သားကနို့ဝကာအိပ်သွားလေပြီ
"မင်းစည်းစိမ်လျှံတို့ကတော့ တကယ့်ဇိမ်ပဲ"
"ကိုကြီးသားပဲလေ ကိုကြီးသားအတွက် အလုပ်တွေ ပိုကြိုးစားရမယ်သိလား"
ပျိုး သားလေးအား ပုခက်ထဲထည့်လိုက်လျှင် ကိုကြီးက ပုခက်အနားထိုင်ကာ သားအားအသည်းတယားယားကြည့်နေလေသည်
"ကိုကြီး တစ်ခုခုစားဦးလို့"
ပျိုး ထပ်ခါပြောလိုက်တော့
ကိုကြီးက ရီလျက်
"သားနဲ့ အိမ်ကို မြင်နေရတာနဲ့ ကိုယ်ဗိုက်ပြည့်နေတာသိလား"
"မသိဘူး ပျိုးစကားနားထောင်ပါဆို"
ပျိုး ပြောမရတော့မည်ကို သိစွာ ကိုကြီးရဲ့ လက်မောင်းကဆွဲကာထူမိလိုက်မိတော့
ကိုကြီးက ပျိုးတစ်ကိုယ်လုံးသိမ်းကျုံးဖက်လိုက်၍
"သားနဲ့ အိမ်က ကိုယ့်ရဲ့ အရာရာပဲ ကိုယ်အိမ်ကို သိပ်ချစ်တာ"
"ပျိုးလဲ ကိုကြီးကို သိပ်ချစ်တယ်"

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now