24U

1.1K 68 4
                                    

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁

(Or)

🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟

Part <24>

ဒီနေ့က New Yearဆိုသော်လည်း ရာပြည့်ရင်ထဲ ပူလောင်နေရသည်
စျာန်ပန်းofficalဆိုပြီး လိုင်းပေါ်နာမည်ကြီးသည်က နှစ်ဦးသားအကြင်နာဖလှယ်နေကြသည့်ပုံများ
ရိုက်ကွင်းမဟုတ်ပါပဲ အပြင်၌အတူရှိနေကြခြင်းပင်
အရင်နေ့က ပျိုးပြောခဲ့သည်များအား သတိရကာရာပြည့် ရီလိုက်မိသည်
ပျိုးရွေးချယ်မှုက သူမဟုတ်ခဲ့ဘူးလေ
အပြင်မှာ ရီနေပေမယ့် နှလုံးသားတွေနာကျင်ရသည်
သူတကယ်ပဲ ပျိုးကို လက်လွတ်ရတော့မှာလား
ရာပြည့် တွေးမိတွေးရာတွေးနေစဥ်မှာပဲ ခပ်အေးအေးအနေအထားဖြင့် လမ်းလျှောက်လာသူပျိုး
ရာပြည့် ကားပေါ်ကဆင်းကာ
"ပျိုးအိမ်"
ပျိုး သူ့အားကြည့်လာဘေသည်
"ခဏလောက် စကားပြောလို့ရမလား"
"အင်း"

ပျိုးတို့ ကားကိုမှီကာ မီးရှူးမီးပန်းတွေအားဘယ်လောက်ကြာကြာငေးကြည့်နေမိသည်မသိ
"ကိုယ် သတင်းတွေတွေ့ပါတယ်"
"..........'
ပျိုး ဘာမှပြန်မပြောမိ
"ပျိုးအိမ်က သူ့ကိုရွေးချယ်လိုက်တယ်ဆိုရင်လဲ ကိုယ်ကျေကျေနပ်နပ်နောက်ဆုတ်ပေးပါ့မယ် ဒါပေမယ့် ပျိုးအိမ်ကိုသိထားစေချင်တာက ကိုယ့်ဘဝတစ်ခုလုံးမှာ ဘယ်သူ့ကိုမှ ထပ်ချစ်နိုင်တော့မှာမဟုတ်ဘူး ပျိုးအိမ်က ကိုယ့်ရဲ့နောက်ဆုံးချစ်ရသူပါ"
".........."
ရာပြည့် ဟန်ဆောင်ကာ အားတင်းပြုံးရင်း
"နောက်ကို မဆုံမဖြစ်လို့ ဆုံဖြစ်ရရင်တောင် နေရမခက်စေရပါဘူး ကိုယ်မင်းရှေ့ကို ထပ်မပေါ်စေရပါဘူး ပျော်ရွှင်ပါစေ ကိုယ့်စိတ်ထဲကစိတ်ရင်းပါ"
"အင်း"
"အပြင်မှာ အေးတယ် ကိုယ်ပြန်လိုက်ပို့မယ်လေ"
ကားထဲ ဝင်ဖို့လုပ်နေသော ကိုကြီးအား
"ကိုကြီး"
ပျိုးခေါ်သံကြောင့် ရာပြည့် မထင်မှတ်ထားစွာလှည့်ကြည့်မိစဥ်
ပျိုးလုပ်လိုက်သည်က ရာပြည့် Necktieမှ ဆွဲကာ နှုတ်ခမ်းထက်ထိကပ်ရုံလေးနမ်းလိုက်ခြင်းပင်
"အရာအားလုံးကို ကိုကြီးဘာသာထင်ချင်သလိုထင်ပြီး လုပ်ချင်သလိုလုပ်မလို့လား ပျိုးကိုတစ်ခွန်းမှတောင်မမေးဘဲ"
ရာပြည့် ပျိုးလုပ်ရပ်အားနားမလည်နိုင်စွာ
"ပျိုးအိမ်...."
"ဒီတစ်ခါ တကယ်နောက်ဆုံးမလို့....ပျိုးကိုနာကျင်စေရင် ကိုကြီးကိုတစ်သက်လုံးမတွေ့တော့ဘူး"
"ပျိုးအိမ် ဆိုလိုတာ....ပျိုးအိမ် ကိုယ့်ကို...."
ရာပြည့် ဖြစ်သမျှအား မယုံနိုင်ဖြစ်နေရသည်

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now