13Z

269 6 1
                                    


(Or)


Part <13>

"အား!!!!"
သူရ ဒဏ်ရာအား ဂွမ်းစနှင့် ခပ်နာနာဖိခံရခြင်းကြောင့် အော်လိုက်မိရုံမျှမက မျက်နှာသေဖြင့် ဆေးထည့်ပေးနေသော မင်းသြဇာမောင်အား ကြည့်လိုက်မိပေသည်
"ခင်ဗျား....အသာအယာမလုပ်တတ်ဘူးလား"
"Sorry"
"ခင်ဗျား လူနာတွေကို ဒီလိုပဲဆက်ဆံတတ်လား"
"တစ်ချို့တစ်လေကိုပါပဲ ပြီးပြီ ဆေးရုံကဆင်းလို့ရပြီ"
"အင်း"
"နောက်တစ်ပတ်ကိုတော့ ထပ်လာပြပေါ့ သွားရအောင်"
"ခဏ"
သူရ သြဇာအား တားလိုက်လျှင် သြဇာက တစ်ချက်လှည့်ကြည့်လာလေသည်
သူရပြောရခက်နေသည်အား သတိထားမိစွာ
သြဇာအနားမှ သူနာပြုမလေးအား
"သွားနှင့်လိုက် ခဏနေလိုက်လာခဲ့မယ်"
"ဟုတ်ကဲ့ဆရာ"
သူနာပြုမလေးထွက်သွားပြီဆိုမှ သူရကစ၍
"မင်းနဲ့ လျှံက တကယ်ပဲ ချစ်သူတွေမဟုတ်ဘူးလား"
"မင်းနဲ့ဘာဆိုင်လဲ"
"ငါ့အတွက်အရေးကြီးတယ် အမှန်အတိုင်းဖြေပေးနိုင်မလား"
သြဇာ ခေါင်းတဆတ်ဆတ်ငြိမ့်လျက်
"ခုတော့မဆိုင်သေးဘူး"
သူရဒီအဖြေအား မျှော်လင့်ထားခဲ့မိပေမယ့်
တကယ်ကြားလိုက်ရသောအခါ ဝမ်းသာမှုတစ်ဝက် စိတ်ပူမှုတစ်ဝက်ဖြင့်ပင်
"ဒါဆို...."
" အပျော်မစောနဲ့ လျှံကပြောတယ် တစ်ယောက်ယောက်ကိုမေ့ပစ်ပြီးရင် ငါနဲ့လက်ထပ်မယ်လို့ ကတိပေးထားတယ်"
"ဘာ!!!!!"
"မနက်ဖြန် ငါ လျှံကို လက်ထပ်ခွင့်တောင်းတော့မှာ"
'မဟုတ်ဘူး"
သူရတစ်ယောက်ထဲရေရွတ်ရင်း ကျန်ခဲ့လေသည်
"သူရ ဘာလုပ်နေတာလဲ အိမ်မပြန်ဘူးလား"
နေနိုင် သတိမဲ့စွာ ထိုင်နေသည့် သားအားကြည့်ကာ ပြောလိုက်လေသည်
ထိုအခါ အတွေးများရှုပ်ထွေးနေဟန်ဖြင့်
"ဒယ်ဒီ ကျွန်တော်ကအသုံးမကျတဲ့ကောင်ပဲ"
"ဘယ်သူပြောတာလဲ"
"ကျွန်တော် သူမကိုအကြိမ်ကြိမ်နာကျင်ရအောင်လုပ်ခဲ့တယ်"
"........."
"ကျွန်တော် သူမနဲ့ ထိုက်တန်ရဲ့လား"
နေနိုင် အဆက်အစပ်မရှိသော သားစကားတွေကြောင့်
"မင်းဘာတွေပြောနေတာလဲ"
"ကျွန်တော်ချစ်တဲ့ ကောင်မလေးကို ပျော်ရွှင်အောင်ထားနိုင်ဖို့ ဖြစ်နိုင်ပါ့မလား ကျွန်တော်ချစ်ရတဲ့ သူမဘဝကိုလုံခြုံနွေးထွေးမှုပေးနိုင်ပါ့မလား"
"........."
"ကျွန်တော်က သူမနဲ့ထိုက်တန်ရဲ့လား"
နေနိုင် သားရဲ့ နှလုံးသားအခြေအနေအား ရိပ်မိစွာ သားအနားထိုင်လိုက်၍
"မင်းက ဘယ်သူ့သားမလို့လဲကွာ ငါ့ရဲ့ အရည်အချင်းတွေရော မင်းအမေရဲ့ အရည်အချင်းတွေရော မင်းမှာအပြည့်ပဲ ဒယ်ဒီပြောမယ် ထိုက်တန်တယ်မထိုက်တန်ဘူးဆိုတာမရှိဘူး မင်းဘက်က ကြိုးစားဖို့ပဲ လိုတာ"
"ကျွန်တော့်ကြောင့် သူအကြိမ်ကြိမ်ငိုခဲ့ရပြီးပြီ"
"ဒယ်ဒီကြောင့် မင်းမာမီလဲ ငိုခဲ့ရတာပဲ ဒယ်ဒီ့လိုလူနဲ့ သူမထိုက်တန်ဘူးလေ တန်ရာတန်ရာမမှန်းပဲ မတူမတန်တာလေး ရအောင်ယူထားရတော့လည်း တစ်ဘဝလုံးနဲ့ ရင်းပြီးပြန်ပေးဆပ်ရတာပေါ့ကွာ အဟက်"
ဒယ်ဒီ့စကားကြောင့် သူရပြုံးလိုက်မိပြီး ကုတင်ပေါ်က ဆင်းလိုက်၍
"ဒယ်ဒီ ကျွန်တော်သွားစရာလေးရှိလို့ အရင်ပြန်နှင့်"
"ဘယ်သွားမလို့လဲ"
ပြောစရာမဆုံးသေး သားက အရိပ်လို လစ်ခနဲ ပျောက်သွားလေပြီ

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now