14U

929 54 4
                                    

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁

(Or)

🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟

Part <14>


ဓန ကားပေါ်ကဆင်းသွားသည့် ဇနီးဖြစ်သူ၏ မျက်နှာမကောင်းသောကြောင့် စိတ်ပူသွားရသည်
အိပ်ခန်းထဲရောက်တော့ ထိုင်ခုံထက်ထိုင်ကာ အတွေးများနေသူကြောင့် ဓန သက်ပြင်းချကာ သူမနံဘေးသွားလိုက်၍
"ပကတိ ဘာတွေတွေးနေတာလဲ"
ထိုအခါ ပကတိ ဓနအားကြည့်လာပြီး
"ကို သားကြီးနဲ့ သမီးလေးတစ်ခေတ်က....."
"........"
"ပကတိ မယုံနိုင်ဘူး သားကြီးနဲ့ တစ်ခေတ်က အဲ့လိုမှမဟုတ်တာ"
"ဒါပေမယ့် သူတို့ကိုယ်တိုင်ဝန်ခံနေပြီးပြီပဲ ကိုယ်တို့ဘာတတ်နိုင်မှာလဲကွာ"
"ပကတိ စိတ်ပူတာက...."
"သားငယ်ကိုမလား သားငယ်လဲနားလည်ပေးမှာပါ"
"သားငယ်က သမီးတစ်ခေတ်ပေါ်သိပ်သံယောဇဥ်ရှိတာ သူသိရင် လက်ခံပါ့မလား ကိုရယ်"
ဓန ပကတိအားနှစ်သိမ့်လျက်
"နားလည်ပေးမှာပါ"
"ဒါပေမယ့် သားကြီးက အဲ့လိုလူမှမဟုတ်တာ သားတို့ကို မယုံတာမဟုတ်ပေမယ့်...."
" လျှောက်မတွေးနဲ့တော့ ကိုယ်တို့ သားတွေကို ယုံပေးရမယ်လေ တကယ်လို့ ကလေးရဲ့ အဖေအရင်းက သားကြီးမဟုတ်ရင်တောင် သားကြီးက ဆုံးဖြတ်ပြီးပြီလေ ကိုယ်တို့က လက်ခံပေးရုံပဲပေါ့ လျှောက်မတွေးနဲ့တော့ ကိုယ်သားကြီးကိုယုံတယ် သူ့ရွေးချယ်ခဲ့တဲ့လမ်းကို သူကောင်းကောင်းကျော်ဖြတ်နိုင်မှာ ပြီးတော့သားက အကြောင်းပြချက်မရှိဘဲ ရူးမိုက်တဲ့သူမဟုတ်ဘူး"
ပကတိ ကို့ရင်ခွင်ထဲကနေ သားငယ်အားတွေးမိရင်း
"ကို သားငယ်ကို အသိမပေးပဲထားလို့ဖြစ်ပါ့မလား"
"ကိုယ်အဆင်ပြေသလို စီစဥ်လိုက်ပါ့မယ်"
ဓန ခေါင်းထဲ အတွေးများစွာဖြင့်.....

🖤🖤🖤🖤🖤🖤🖤🖤🖤🖤

လူသူကင်းမဲ့သော လမ်းဘေးတစ်နေရာတွင် အနက်ရောင်ကားတစ်စီးက ထိုးရပ်ထားလေသည်
ကားပေါ်ရှိ လူနှစ်ယောက်မှာ တိတ်ဆိတ်မှု အပြည့်ဖြင့်
တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်က အေးစက်စက်သြရှရှလေသံတစ်ခု

"ကိုယ်တောင်းပန်ပါတယ်ပျိုးအိမ်"
ကိုကြီးရဲ့ တောင်းပန်စကားသံကြောင့် ပျိုး အပြင်ကိုအ​ကြောင်းမဲ့ ငေးနေရာမှ ကိုကြီးဘက်လှည့်ရင်း
"ဘာအတွက်လဲ"
"ဒီအတောအတွင်း ကိုယ်မင်းကို အရူးလုပ်မိသလိုဖြစ်သွားခဲ့တယ်"
ပျိုး မျက်လုံးထဲမှ ဝမ်းနည်းမှုအဖြစ် ကြွေကျလာမည့် မျက်ရည်စက်များအား ထိန်းထားမိသောကြောင့် နှာခေါင်းထိပ်ပင် နီလာလေပြီ
"ပျိုးကို ဘာလို့အရူးလုပ်ခဲ့တာလဲ ကိုရာပြည့်သာ အစထဲက.....အဟင်းးးးပြောနေလို့လဲ ထူးမှမထူးတော့တာ"
"ကိုယ်ဝန်ခံတယ်ပျိုးအိမ် ကိုယ်ရဲ့ခံစားချက်တွေက အတုအယောင်မဟုတ်ခဲ့ဘူး"
'"ဟာသတွေမပြောပါနဲ့လား"
ပျိုး မျက်ရည်တို့ ကျမလာစေရန် အားတင်းထားပေမယ့် အဆုံးထိတောင့်မခံနိုင်
ကျဆင်းလာသည့်မျက်ရည်တို့အား သုတ်ဖယ်ရင်း
"ပျိုးကို အကြိမ်ကြိမ်နာကျင်စေခဲ့တဲ့သူက ကိုရာပြည့်ပဲ"
"ကိုယ်မလိမ်ခဲ့ဘူး ကိုယ်မင်းကို တကယ်ချစ်ခဲ့တာ"
"တကယ်ချစ်ခဲ့တာ ဒါဆိုဒါကဘာလဲ"
ပျိုးပြောလိုက်လျှင် ကိုကြီးမှာအဖြေမရှိ
ပျိုး ကိုကြီးဘက်လှည့်လျက်
"ပျိုး တစ်ခုမေးမယ် ကိုရာပြည့်"
"မေးပါ"
ပျိုး စိတ်ထဲ တကယ်မယုံနိုင်သေး
ဒီလိုတွေ ကြုံတွေ့နေရတာတောင် ပျိုးချစ်တဲ့ သူ့ကို ယုံကြည်နေမိပြန်သည်
"ပျိုးကို အမှန်အတိုင်းပြောပေးပါ ပျိုးယုံတယ် အဲ့တာတကယ်မဟုတ်ဘူးမလားဟင် ကိုရာပြည့်နဲ့ မမတစ်ခေတ်ကြားမှာ တစ်ခုခုရှိနေတယ်မလားဟင်"
ပျိုး အမှတ်မရှိ
ကိုကြီးရှေ့မှောက် မျက်ရည်များစွာဖြင့် မျှော်လင့်ချက်အပြည့် မေးမိလျှင် ကိုကြီးက ပျိုးအားမျက်နှာလွဲသွားလေသည်
"ဟင် ပျိုးကို အမှန်တိုင်းပြောပြပေးပါ.....ဟင့်....အဲ့လိုဆို ပျိုး...ပျိုး..."
"ကိုယ်မလိမ်ပါဘူး"
"ဟင်"
"ကိုယ် ပျိုးအိမ်ကိုတကယ်ချစ်တယ်ဒါပေမယ့် ကိုယ်မှားခဲ့တယ် ကိုယ်တစ်ခေတ်အပေါ်မှာရော မင်းအပေါ်မှာရော မှားခဲ့တယ် ကိုယ်တစ်ခေတ်နဲ့ မှားခဲ့တယ်"
ပျိုး အားအင်တွေ ချိနဲ့လာရသလိုလို
မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရပေသည်
"ဒါဆို....ဒါဆိုဘာလို့ ပျိုးကို လှည့်စားခဲ့တာလဲ"
"အဲ့ကိစ္စတွေပြီးတော့ ကိုယ်....ကိုယ်မင်းအနားမှာနေခဲ့ရတာလဲ လိပ်ပြာမလုံဘူး ဒါပေမယ့် ကိုယ်...."
ဖြန်း💥
"ဒါက ပျိုးခံစားချက်တွေကို လှည့်စားခဲ့လို့"
"ပျိုးအိမ်ကျေနပ်သလောက် ထပ်ရိုက်နိုင်ပါတယ် ကိုယ်တောင်းပန်ပါတယ်"
"ကိုရာပြည့်ကို မုန်းတယ် တစ်ဘဝလုံး မတွေ့ရရင်သိပ်ကောင်းမှာပဲ ဖြစ်နိုင်ရင်ပေါ့..."
ပျိုး ကိုကြီးကားပေါ်ကဆင်းကာ အိမ်သို့ခြေလျင်ပြန်ဖို့သာ စိတ်ကူးလိုက်မိသည်
နာကျင်ရတယ်....
ကိုကြီးက ပျိုးကိုအရုပ်တစ်ရုပ်ထင်နေခဲ့လား အနားပေးလိုက်ဆေးပေးလိုက်နဲ့...
ပျိုးကိုယ်တိုင်က ကိုကြီးအရူးလုပ်ဖို့ လွယ်ကူနေခဲ့တာလား

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now