19Z

288 5 0
                                    



(Or)


Part <19>

"ဆန်းကို အဲ့လိုမိန်းမမျိုးလို့ တကယ်မထင်ခဲ့တာ ပြောပါဦး ဆန်းဗိုက်ထဲက ကလေးက ကျွန်တော့်ကလေးလို့ ပြောရအောင် ဆန်းနဲ့ ကျွန်တော်...ကျစ်!!!နမ်းတောင်နမ်းဖူးလို့လား"
"........."
"ဆန်းရာ ကျွန်တော်ပြောပြီးပြီပဲ ဆန်းရဲ့ကလေးကို ကျွန်တော့်ကလေးလို သဘောထားမှာပါဒါကြောင့် ခုလိုအလိမ်အညာစကားတွေ ထပ်မပြောပါနဲ့ ဆန်းက ကျွန်တော်သိတဲ့ဆန်းမဟုတ်တော့သလိုပဲ"
ဆန်း နာကျင်ကြေကွဲစွာ အော်ရီလိုက်ပြီး
"အဟင်းးးးပြောပါဦး ဆက်ပြီး"
"တော်တော့ဆန်း"
"ဟုတ်တယ် ငါက အဲ့လိုမိန်းမမျိုးပဲ ငါ့ဘာသာငါ တခြားကောင်နဲ့သွားအိပ်ပြီး ရလာတဲ့ကလေးကို နင့်ကလေးလို့ ပြောမလို့ နင့်ကို....."
ဆန်းဆက်မပြောနိုင်တော့စွာ ရပ်လိုက်မိသည်
ရှက်စိတ်ဒေါသစိတ်ကြောင့် တစ်ကိုယ်လုံးထူပူနေစွာ
"ဆန်းကို အဲ့လိုမိန်းမမျိုးလို့ မထင်ခဲ့တာ"
တစ်ခေတ်ကို ကြည့်လာသော
ဓနရှင်ရဲ့ မျက်ဝန်းတွေမှာ အထင်သေးခြင်းစက်ဆုပ်ခြင်းများအပြည့်
နောက်ဆုံး တစ်ခေတ်က သူ့အတွက် အဲ့လိုမိန်းမမျိုးဖြစ်သွားခဲ့တယ်
"ဆန်းကို ချစ်ခဲ့မိတဲ့ ကျွန်တော့်နှလုံးသားကို နှမြောတယ် ဆန်းက မိန်းမပျက်နီးနီးပဲ"
ဓနရှင်ရဲ့ ထိုစကားကို နားထဲ အကြိမ်ကြိမ်အခါခါပြန်ကြားယောင်နေမိသည်
မိန်းမပျက်တဲ့....
တစ်ခေတ် ခြေထောက်တွေယိုင်နဲ့သွားကာ မြေပြင်၌ ခွေခနဲ လဲကျသွားလေသည်
တစ်ခေတ် မော့ကာ ကြည့်မိတော့ တစ်ခေတ်အားအထင်သေးအကြည့်များဖြင့် ကြည့်နေကာ တစ်ခေတ်ခေါင်းထက်မှ သူပန်ပေးထားသည့် နှင်းဆီပန်းအား ဆွဲယူလိုက်ပြီး
"ဆန်းက ကျွန်တော့်အချစ်နဲ့ မတန်ဘူး"
တစ်ခေတ် ရင်ထဲမှ ဆို့တက်လာရကာ အသက်ရှူတွေပင်မဝ
တင်းကြပ်နေသော ရင်ဘတ်အားဖိကာ အသက်ကိုလုရှူဖို့ကြိုးစားနေမိသည်.....

"ဟင်းးး....ဟင်း"
တစ်ခေတ် အသက်ရှူမဝသလို ခံစားရကာ အိပ်မက်ကနေ လန့်နိုးခဲ့တော့ ချွေးတွေဟာ ရွဲနေလျက်
အာခေါင်တို့မှာလဲ ခြောက်ကပ်နေလေသည်
တစ်ခေတ် အနားမှ ရေအားငှဲ့ကာသောက်လိုက်ပြီး ကျုံ့ကျုံ့လေးမှီကာထိုင်နေရင်း အိမ်မက်အကြောင်းအားပြန်တွေးမိသည်
ခုအထိ သူပြောခဲ့တဲ့စကားတွေက နားထဲတဝဲလည်လည်
အိမ်မက်ဖြစ်သော်လည်း.....
အပြင်မှာသာ တကယ်ကြုံလာရရင် တစ်ခေတ် ရူးသွားလိမ့်မယ်
ဟင့်အင်း...တစ်ခေတ်သိပ်ကြောက်တယ် ချစ်တဲ့သူထံမှ ထိုသို့သော စကားတွေမကြားချင်
အတွေးနဲ့တင် တစ်ခေတ် သိပ်နာကျင်ရသည်မလား
ခုထိ ထိုစကားတွေ နားထဲက မထွက်သေး
ရင်ဘတ်ထဲက နာကျင်မှုဟာလဲ မပယ်ပျောက်သေး
ဒါတောင် အိမ်မက်မလို့.....

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now