21U

1K 62 4
                                    

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁

(Or)

🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟

Part <21>

🎂Happy birthday Zann🎂
ဟူသည့် ရိုးရှင်းလှသည့် Captionနှင့်အတူ တွဲတင်ထားသည်က Selfieပုံတစ်ခု
ပျိုးက ဖုန်းအားကိုင်ထားကာ စျာန်က ပျိုးပါးလေးအားဖဲ့ကာ ပျိုးအားရီ၍ကြည့်နေသည်
ပျိုးက စျာန်အားမကျေမနပ်ကြည့်နေဟန်
ထိုPostလေးကို လူတွေအများကြီးက မှတ်ချက်အမျိုးမျိုးပေးနေကြသည်
ထိုမှတ်ချက်များ၏ ထိပ်ဆုံးတွင်တော့
💕Thank you Pann
ကိုယ့်မွေးနေ့ရက်တွေတိုင်း မင်းနဲ့အမြဲဖြတ်သန်းသွားချင်တယ်💕
ဟူသော မှတ်ချက်နှင့်အတူ Coffeeဆိုင်မှာ ရိုက်ထားသည့်ပုံလေး
ပျိုးက လက်ထဲတွင် ကိတ်မုန့်လေးကိုင်ထားလေသည်

✉စျာန်မွေးနေ့မှာ အတူရှိနေကြတာလားမြန်မြန်Officialလိုက်ကြပါတော့✉
ထိုမှတ်ချက်အောက်တွင်မှ
✉officialပြီးပြီလေကွာ✉
✉ဒါပေမယ့် လေ့လာနေဆဲလို့ပဲပြောသေးတယ်✉
✉ဟုတ်တယ် ခုသိသာနေတာပဲ တွဲနေကြပြီဆိုတာ✉
✉အရမ်းလိုက်ဖက်တဲ့ အတွဲလေး✉

ရာပြည့် မှတ်ချက်တွေအား စိတ်ဝင်တစားကြည့်နေမိစဥ်
"အဟမ်းးးး"
နောက်ပါးမှ လျှံရဲ့ချောင်းဟန့်သံကြောင့် မြန်မြန်ဆန်ဆန်ဖုန်းပိတ်လိုက်မိပေမယ့် နောက်ကျသွားစွာ
"ပျိုးနဲ့ ကိုစျာန်က အရမ်းလိုက်တာသိလား"
"မလိုက်ပါဘူး"
လျှံ ကိုကြီးရဲ့ မျက်နှာချင်းဆိုင်ခုံတွင်ထိုင်လိုက်ပြီး အူတိုနေသော ကိုကြီးမျက်နှာကြီးအားကြည့်လျက်
စိတ်ထဲအော်ရီပြီးနေပြီ
"မမပျိုးကလဲ ကိုစျာန်ကို အတည်တွဲတော့မယ်တဲ့"
"အဟွတ်..."
လျှံစကားကြောင့် ရာပြည့်သောက်လက်စကော်ဖီတွေပင် သီးသွားရသည်
"လျှံ ကိုကြီးတော့ ကျန်ရစ်ဖြစ်တော့မယ်"
"........"
ရာပြည့် အမှန်တကယ်ပင် ပြန်မချေပနိုင်
"ကိုကြီး မမပျိုးကို တကယ်ချစ်တယ်မလား"
"အင်း"
"အဆုံးရှုံးမခံနိုင်ရင်အတတ်နိုင်ဆုံးကြိုးစားပေါ့"
"ငါကြိုးစားနေတာပဲ"
လျှံ ကိုကြီးအား အားမရစွာ သက်ပြင်းချလျက်
"ကိုကြီးက မမပျိုးစိတ်မညစ်စေချင်လို့ သူ့ရှေ့မသွားဘူး လက်ဆောင်တွေပို့ပေးနေတာနဲ့ ကိုကြီးကိုချစ်လာမယ်ထင်နေလား ဝေးသေး"
"ဒါဆို ဘယ်လိုလုပ်သင့်လဲ"
"တစ်ခါတစ်လေ ဦးနှောက်ကိုဖယ်ပြီး နှလုံးသားနဲ့ရူးမိုက်ကြည့်တာလဲ ကောင်းပါတယ်"
"ဘာကိုပြောတာလဲ"
လျှံ ဘာမှ နားမလည်သော ကိုကြီးကြောင့်
"လျှံတာဝန်ထားလိုက်"
ရာပြည့် အကြံကုန်လို့သာ လျှံကိုအားကိုးမိတာဖြစ်သည်
ဒီကောင်မလေး ဘာတွေလုပ်မလို့ပါလဲ

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now