12U

1.1K 69 6
                                    

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁

(Or)

🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟

Part <12>

ဒေါက်....ဒေါက်✊
လျှံ ဒီရက်ပိုင်း စိတ်အခြေအနေမကောင်းသောကြောင့် ဘာလုပ်လုပ်အဆင်မပြေပေ
အလုပ်မှာလဲ အဆင်မပြေသလို ညဘက်တွေလဲ အိပ်ရခက်ခဲလေသည်
ခုလဲ ညကအိပ်ရေးပျက်တာကြောင့် ခေါင်းကိုက်သဖြင့် အိပ်ရာမထပဲမှေးနေစဥ်
တံခါးခေါက်လာသူကြောင့်
"ဘယ်သူလဲ"
"ပါးပါး"
ပါးပါးအသံကြောင့် လျှံ အိပ်ရာမှထကာ လက်ရှည်အပါးလေးထပ်ဝတ်လိုက်ပြီး ခပ်မြန်မြန်ပဲ တံခါးသွားဖွင့်ပေးလိုက်လေသည်
အပြင်မှာ ပါးပါးက စိုးရိမ်သောမျက်ဝန်းတွေဖြင့်
"နေမကောင်းဘူးလား"
"ကောင်းပါတယ်"
ပါးပါးရဲ့ အကြည့်စူးစူးတွေက လျှံအပေါ်မှာပင်
လျှံလိမ်ညာစကားတွေက ပါးပါးပေါ်မှာတော့အလုပ်ဖြစ်မည်မဟုတ်
ဒါကြောင့် လျှံ ပါးခွက်လေးနှင့် သွားချွန်ချွန်လေးတွေပေါ်အောင်ပြုံးလိုက်ပြီး "ဟီးးးး ညကလျှံဇာတ်ကားကြည့်တာနောက်ကျသွားတယ် အဲ့ဒါခေါင်းကိုက်နေတာ"
ခပ်ချွဲချွဲအသံလေးဖြင့် ပါးပါးလက်မောင်းပေါ် ခေါင်းလေးမှီကာ ချွဲ့နွဲ့လိုက်မိသည်
" သေချာလား"
ပါးပါးက မယုံကြည်သေးဟန် ထပ်မေးလာလျှင်
လျှံ အပြုံးမပျက် ခေါင်းလေးညိမ့်လျက်
" သေချာတယ် ပါးပါး အခန်းထဲဝင်ပါဦးလား"

လျှံက ကလေးဆန်သူဖြစ်ရာ အခန်းအရောင်ကို ပန်းရောင်အများဆုံးသုံးထားလေသည်
ဒါတင်မကသေး တစ်ခန်းလုံးအရုပ်တွေကနေရာတိုင်းပင်
ဓန သမီးနှင့် စကားအေးဆေးပြောချင်သည်ဖြစ်ရာ သမီးအခန်းထဲဝင်သွားမိသည်
သားနှင့်သမီးတို့က စည်းကမ်းလဲရှိသလို အသပ်အရပ်လည်း တော်တော်လေးကြိုက်ကြသည်
လျှံတောင်မှ အရုပ်တွေ ပစ္စည်းပစ္စယတွေ ဘယ်လောက်များပါစေ သူ့နေရာနှင့်သူထားတာ မျက်စိမရှုပ်
ဓန ခုံအားဆွဲကာ သမီးနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး
"စိတ်ညစ်စရာရှိနေလား"
လူကဲခတ်သိပ်ကောင်းသော ပါးပါးကို လျှံလိမ်၍မရ
"လျှံ ဒီရက်ပိုင်းစိတ်ညစ်စရာလေးရှိနေလို့"
ထိုအခါ ပါးပါးက ခေါင်းလေးညိမ့်ကာနားထောင်နေပြီး
"ပါးပါးကိုပြောပြချင်လား"
လျှံ ပြန်မဖြေမိလျှင် ပါးပါးက အဖြေကို သိသွားစွာ
"သမီးတို့က အရွယ်ရောက်ပြီးသားလူတွေဆိုတော့ မပြောချင်တာကိုပြောပြဖို့အတင်းအကြပ်မတိုက်တွန်းဘူး ဒါပေမယ့် သမီးအနားမှာ ပါးပါးတို့ရှိတယ်"
" ကျေးဇူးတင်ပါတယ်ပါးပါး"
"သမီးမေမေကတအားစိတ်ပူနေတယ် ခုလဲ သမီးကြိုက်တဲ့ဟင်းတွေ ချက်နေတယ်"
လျှံ ပါးပါးအပြောကြောင့် နှုတ်ခမ်းလေးစူလိုက်ပြီး မကျေနပ်ဟန်
"ဟွန်းးးး လျှံကတော့ ပါးပါးက လျှံကိုစိတ်ပူနေတယ်ထင်နေတာ ခုတော့ မေမေပင်ပန်းမှာစိုးရိမ်တာကို"
"အဟွန်းးး"
လျှံ မကျေမနပ်ဖြင့် ပါးပါးအားမျက်စောင်းလေးထိုးပြီး
"ပါးပါးကလေ ကဲကဲပိုနေတာ လျှံမှာတော့ ပါးပါးကစိတ်ပူနေလိုက်တာထင်နေတာ"
"တကယ်လဲ စိတ်ပူတာပေါ့ ပါးပါးရဲ့ အချစ်လေးကို"
"ဟွန့် အာ့ဆိုဖြေ လျှံကိုစိတ်ပူတာပိုတာလား မေမေ့ကို စိတ်ပူတာပိုတာလား'
ထိုအခါ ပါးပါးက ဖြေရခက်ဟန် ရီနေသောကြောင့်
"သိပါပြီ....သိပါပြီ ပါးပါးတို့ကတော့နော် ကိုယ့်သမီးလေးကိုကျ စိတ်မပူဘူး"
ထိုအခါ ပါးပါးက လျှံဆံနွယ်လေးအား ခပ်ဖွဖွ သပ်လျက်
"သမီးကလဲ ပါးပါးအတွက်အရေးကြီးပါတယ် ဒါပေမယ့် သမီးဘဝကို ပါးပါးမပိုင်ဘူး"
"လျှံ မေမေ့ကို အားကျတယ် လျှံ့လက်တွဲဖော်ကလဲ ပါးပါးလိုချစ်ပေးနိုင်ရင် သိပ်ကောင်းမှာပဲ"
"တစ်ယောက်နဲ့တစ်ယောက်တော့ ချစ်ပုံချစ်နည်းမတူဘူးပေါ့ ပါးပါးလိုချစ်ပေးမယ့်သူတော့ ထပ်မရှိနိုင်တော့ဘူး"
"ဟုတ်တယ်"
လျှံက ထောက်ခံလိုက်လျှင်
"သမီးမေမေကိုပြောပြလိုက်ပါဦး ပါးပါးကိုပိုင်ဆိုင်ရတာ ဘယ်လောက်ကံကောင်းကြောင်း"
"မေမေလဲ ကံကောင်းသလို လျှံတို့လဲ ကံကောင်းပါတယ်"
"ပါးပါးသမီးကို မျက်ရည်ကျအောင်လုပ်တဲ့သူကို ပါးပါးစိတ်တိုတယ်"
"ပါးပါး...."
ခုနကလို နူးနူးညံ့ညံ့မျက်ဝန်းမျိုးမဟုတ်ပါပဲ လေးလေးနက်နက်ပုံစံပြောင်းသွားကာ
"သူဘယ်သူလဲဆိုတာ ပါးပါးမသိစေနဲ့ လျှံ မဟုတ်ရင် ပါးပါးတစ်ခုခုလုပ်မိလိမ့်မယ် သမီး ဝမ်းနည်းနေတာ မြင်ရတာ ပါးပါးဆင်မပြေဘူး"
လျှံ ငိုမဲ့မဲ့လေးဖြင့် ပါးပါးရင်ခွင်ကျယ်ကြီးထဲ ဝင်ငိုမိသည်
"အချစ်ဆိုတာကြီးက အရမ်းပူလောင်တယ်ပါးပါး ဖြစ်နိုင်ရင် လျှံ ငယ်ငယ်လေးပဲ ပြန်ဖြစ်ချင်တယ် ဘာမှမသိနားမလည်ခဲ့တဲ့ ပုံစံလေး"
ပါးပါးက လျှံ နဖူးပြင်လေးအား ခပ်ဖွဖွနမ်းလျက်
"သမီးသာ ဆန္ဒရှိရင် သမီးက ပါးပါးနဲ့ မေမေတို့ရဲ့ ထာဝရကလေးလေးပဲ"
"........."
"သမီးသာတစ်ခွန်းပြောလိုက် သမီးကိုနာကျင်နေတဲ့ကောင်ကို သမီးရှေ့ရောက်အောင်ဆွဲခေါ်လာပေးမယ် သမီးဖြစ်ချင်တာသာပြောလိုက်"
"လျှံတွေးမိနေတာ လျှံသိပ်ကံကောင်းတာပဲလို့....လျှံကိုချစ်ပေးတဲ့ပါးပါး မေမေ ကိုကြီး ကိုလေး မမပျိုး မမလျှံ ပြီးတော့..."
လျှံအသံလေး တိမ်ဝင်သွားကာ
"လျှံဖြစ်ချင်တာတွေ အကုန်လုပ်ပေးတဲ့ သူ့သူ့လဲရှိနေတာလဲ ဘာလို့ဝမ်းနည်းနေမှာလဲနော်"
"အင်း"
လျှံ ပါးပါးရင်ခွင်ထဲမှာ မျက်ရည်များအား ခိုးသုတ်လျက်
"ဝါးးးးဗိုက်တောင်ဆာလာသလိုပဲ မေမေ့လက်ရာဆိုအကြိုက်ပဲ"
"သွား မျက်နှာသစ် ပါးပါးတို့အောက်မှာစောင့်နေမယ်"
"ဟုတ်"

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now