11Z

411 5 0
                                    


(Or)


Part <11>

ပျိုး ဒီရက်ပိုင်းစိတ်ညစ်နေပုံရသော လျှံကိုတွေ့ရန် သူမအလုပ်ထံလိုက်သွားမိသည်
"လျှံ ဘာတွေစိတ်ညစ်နေတာလဲ"
လျှံက စားပွဲပေါ်က မုန့်မျိုးစုံအားကြည့်နေသဖြင့်
ပျိုးစိတ်မရှည်တော့စွာ
"အဲ့မုန့်ထုပ်တွေကို ဘာလုပ်နေတာလဲ ပျိုးပြောတာကြားရဲ့လား"
ပျိုးစိတ်မရှည်စွာ မုန့်ထုပ်များအား ဆွဲယူလိုက်လျှင် လျှံက ပျိုးအား ညှိုးငယ်စွာကြည့်လာလေပြီး
"မမပျိုး'
"လျှံရယ် ဘာဖြစ်နေတာလဲ သူရနဲ့ ရန်ဖြစ်ထားတာလား"
ထိုအခါ လျှံကအသားဖြူသူပီပီ ငိုချင်လာသည်နှင့် နှာသီးဖျားသို့ ရဲရဲနီလာလေသည်
ပျိုး ခြေမကိုင်မိလက်မကိုင်မိဖြင့်
"လျှံ...."
"ဟင့်....မမပျိုး လျှံဆင်မပြေဘူး အဟင့်"
ပျိုး လျှံအားရင်ခွင်ထဲထွေးပိုက်ကာ နှစ်သိမ့်ပေးလိုက်မိသည်
"လျှံရယ် ဘာတွေ စိတ်ညစ်နေတာလဲ"
"လျှံအဆင်မပြေဘူး လျှံနာကျင်ရတယ် သူက လျှံနဲ့အဝေးကြီးမှာ ဟင့်....သူ့သူ့ကလေ အီးးးး ကောင်မလေးရှိနေတယ်"
"လျှံရယ် သူရက အဲ့လိုလူပဲ အတည်တကျမဟုတ်ပါဘူး"
"ဟင့်အင်း သူ့သူ့က လျှံအဝေးမှာ နေနိုင်နေပြီသိလား ဟင့် လျှံနားသူမရှိတော့ လျှံအတွက်အဆင်မပြေဘူး ပျိုးရယ်"
ပျိုးဘယ်လိုဖြေသိမ့်ပေးရမည်မသိတော့ပေ
"လျှံရယ် ချစ်နေရက်နဲ့ ဘာလို့အဝေးပြေးထွက်ချင်ရတယလဲ"
ပျိုးရဲ့ စကားအား ရင်ခွင်ထဲ ရှိုက်ကြီးတငင် ငိုရှိုက်နေသည့် လျှံက ရှိုက်သံ ဗလုံးဗထွေးဖြင့်
"ဟင့်...အီး နာကျင်ရတယ် သူ့ကို....အင့် တခြားသူတွေနဲ့ မြင်နေရတာ...အဲ့ဒါမလို့ လျှံ သူ့ဘေးကနေ ပြေးထွက်ဖို့ ကြိုးစားခဲ့တာ အင့်...ဒါပေမယ့်...ဟီးးးးသူမရှိတော့ လျှံမနေတတ်တော့ဘူး"
ပျိုး ရင်ခွင်ထဲမှာ ဝင်ငိုနေသည့် လျှံအား မျက်နှာချင်းဆိုင်စေပြီး
"လျှံ သူ့ကိုချစ်နေတယ်မလား"
ထိုအခါ ငိုမဲ့မဲ့မျက်နှာလေးက ကရုဏာသက်ဖွယ် ခေါင်းတေဆတ်ဆတ်ငြိမ့်ပြနေလေသည်
"အချစ်ဆိုတာ လှပတဲ့အရာတစ်ခုပဲ လျှံရဲ့ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်ချစ်ဖို့ဆိုတာ အကုန်နီးပါး မဖြစ်နိုင်ဘူး ဒါပေမယ့် လျှံရယ် မကြိုးစားပဲ ခံစားနေတာထက်စာရင် အနာဂတ်မှာ နောင်တကင်းအောင် ငါကြိုးစားခဲ့ဖူးတာပဲလို့ တွေးလို့ရတာပဲမဟုတ်ဘူးလား"
ပျိုးရဲ့ စကားကြောင့် လျှံ မျက်ရည်ဥတို့တွဲလွဲခိုနေသော မျက်ဝန်းအစုံဖြင့်မော့ကြည့်လာလေသည်
"လျှံလဲသိပါတယ် ပျိုးလဲ အချစ်မှာရူးသွပ်ခဲ့ဖူးတာပဲ ဒါပေမယ့် ပျိုးအတွက်နောင်တမရှိခဲ့ဘူး ဘာလို့လဲသိလား ပျိုးပိုင်ဆိုင်ရဖို့ ကြိုးစားခဲ့တယ် မပိုင်ဆိုင်ခဲ့ရရင်တောင် ပျိုးအစွမ်းကုန်ကြိုးစားခဲ့တယ် ဒါကြောင့် ပျိုးနာကျင်ခဲ့ရလဲ နောင်တမရှိဘူး ကြိုးစားလို့ရရဲ့သားနဲ့ မကြိုးစားခဲ့ရင်တော့ ပြန်တွေးမိတိုင်း နောင်တရချင်ရနိုင်တယ်လေ"
"ပျိုး ပြောကြည့် လျှံကိုလေ သူ့သူ့က ချစ်ပါ့မလား"
ထိုအခါ ပျိုးက သွားတက်လေးနှစ်ဖက်ပေါ်အထိနှစ်လိုဖွယ်ပြုံးလျက် "သူရက လျှံကိုမချစ်ပဲနေပါ့မလား နှစ်ခုပဲရှိနိုင်တယ် သူလဲ လျှံလိုပဲ ချစ်ရဲ့နဲ့ အဝေးပြေးချင်တာ နောက်တစ်ခုက သူ့နှလုံးသားကို သူမသိသေးတာ
လျှံ သူ့ကို ဖမ်းဆုပ်ထားသင့်တယ်မလား
အဝေးမထွက်ပြေးနိုင်အောင် ချည်နှောင်ကြည့်ပေါ့"
လျှံ မျက်ဝန်းလေးတွေ တောက်ပလာစွာ
"လျှံ သူ့သူ့ကို အဆုံးရှုံးမခံနိုင်ဘူး လျှံ နောင်တမရချင်ဘူး"
".........."
"လျှံ ကြိုးစားကြည့်ချင်သေးတယ်"
ပျိုးပြုံးရင်း ဖုန်းအားထုတ်ကာ
"လျှံပြောတဲ့ သူရကောင်မလေးကို ရှာကြည့်ထားတယ် သူကSingleပဲတဲ့ Socialမှာတောင် Singleဆိုမှတော့ သူရချစ်သူဖြစ်နိုင်ပါ့မလား"
"ဒါပေမယ့် သူ့သူ့ကိုယ်တိုင်က...."
"ပျိုး ကြားသလောက်တော့ ဧကရီက သူရ သူငယ်ချင်းရဲ့ အမြွှာ အဲ့တော့လုပ်ဇာတ်ဖြစ်နိုင်ဖို့များတယ်"
"တကယ်လားဟင်"
"တကယ်ပေါ့လျှံရဲ့"
လျှံ ထိုင်နေရာမှ ဆတ်ခနဲထလိုက်မိသည်အထိ
"လျှံ....လျှံလေ သူ့သူ့ဆီသွားချင်တယ်"
ပျိုးပြုံးလိုက်ပြီး
"သူရ ဘယ်မှာရှိလဲဆိုတာ ပျိုးသိတယ် ပျိုးလိုက်ပို့မယ်လေ"
လျှံ ခေါင်းလေးတဆတ်ဆတ်ငြိမ့်ပြရင်း

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now