15Z

310 9 0
                                    


(Or)


Part <15>

ပျိုး Toiletဝင်ပြီး ပြန်အထွက် ကိုကြီးနဲ့ ဆုံလိုက်ရပေသည်
ပျိုး အမြန်ရှောင်ထွက်ဖို့ ပြင်လိုက်ပေမယ့်
ကိုကြီးက ပျိုးရဲ့လက်အားဆုပ်ကိုင်လာသောကြောင့် ပျိုးကိုကြီးဘက်လှည့်ကာ ရုန်းထွက်ဖို့ပြင်လိုက်လျှင်
"ပျိုးအိမ်....ကိုယ်...."
"ရာပြည့်ဓန"
ပျိုးအိမ်တို့အနားရောက်လာသည့် ကိုကြီးအသိတစ်ချို့ကြောင့် ပျိုးလဲ အတင်းရုန်းထွက်လိုက်မိသလို ကိုကြီးကလဲ လက်အားလွတ်ပေးလိုက်လေသည်
"ရာပြည့် လက်ထပ်ပွဲအတွက်ဂုဏ်ယူပါတယ်ကွာ"
မကြားချင်ပေမယ့် နောက်ပါးမှာ ခပ်သဲ့သဲ့ကြားနေရသည့်စကားသံများ
"နောက်ဆုံးတော့ မင်းတစ်ဘဝလုံး သဘောကျခဲ့ရတဲ့ မိန်းကလေးကို ပိုင်ဆိုင်ခဲ့ရပြီပဲ"
" ဟုတ်ပါ့ ဒီကောင်တအားတော်တာ နောက်ဆုံးတော့ မင်းသူ့ကိုအရယူနိုင်ခဲ့တာပဲ ဂုဏ်ပြုတယ်ကွာ"
"အေး"
"ပြောမယ့်သာပြောရသာ မင်းတို့နှစ်ယောက်ကတအားလိုက်ဖက်လွန်းတယ်"
"မင်းတို့ မှတ်မိလားဒီကောင်ကြီး တစ်ခေတ်ငြင်းတာ ခံရပြီး အသည်းကွဲသေးတာ ဟားဟားဟား"
ပျိုး ကြားနေရသည့်စကားသံတို့ကြောင့် ရင်နာနာဖြင့်ပြုံးမိလိုက်သည်
ကိုကြီး မမတစ်ခေတ်ကို ဒီလောက်သဘောကျနေတာတောင် ဘာလို့ပျိုးခံစားချက်တွေကို လာကစားခဲ့သေးတာလဲ
ပျိုး ဒဏ်ရာတွေက အရှင်းပျောက်သေးသည်မဟုတ်သောကြောင့် တစ်ခါတစ်ရံတော့နာကျင်နေမြဲ
ကျလုဆဲဆဲ မျက်ရည်တို့ကြောင့် ပျိုးရှေ့မှ မြင်ကွင်းကိုပင် သေချာမမြင်ရတော့
"ပျိုးအိမ်"
နောက်ပါးမှ ကိုကြီးခေါ်သံကြောင့် ပျိုး ခြေလှမ်းတို့ သုတ်ခြေတင်မိသည်
ဟင့်အင်း ပျိုးရင်မဆိုင်ပါရစေနဲ့
"ပျိုးအိမ်....."
"ပန်း"
တိုက်တိုက်ဆိုင်ဆိုင် ပျိုးရှေ့ရောက်လာသော ဈာန်ကြောင့် ပျိုး မျက်ရည်တို့ဖြင့် အားကိုးတကြီးကြည့်လိုက်မိ၏
"ဈာန်...."
"ပန်း ဘာဖြစ်တာလဲ"
ဈာန် ပျိုးနောက်မှ ရာပြည့်အားမြင်ကာ ထပ်မမေးမိတော့
"ဟင့် ဈာန် ငါ့မျက်ရည်တွေကို သူ့ကိုမမြင်စေချင်ဘူးဟင့် ငါ....ငါ"
ဈာန် ပျိုးအိမ်အား ရင်ခွင်ထဲထွေးပွေ့လျက်
"ကိုယ်ရှိတယ် ပန်း မင်းနံဘေးမှာ ကိုယ်ရှိနေတယ်"
"အင့်....ဟင့်"
ပျိုး ဈာန်ရင်ခွင်ထဲ မြိုသိပ်ခြင်းတွေအား လွတ်ချလိုက်ကာ ရှိုက်ကြီးတငင်ငိုချလိုက်မိသည်
အချိန်အတော်ကြာမှ
"သူမရှိတော့ဘူး"
ဈာန်အပြောကြောင့် ပျိုး သူ့ရင်ခွင်ထဲမှ ထွက်ကာ မျက်ရည်တို့အား သုတ်ပစ်ရင်း
" ကျေးဇူးပါပဲ ဈာန်"
'"မလိုပါဘူး ကိုယ်အမြဲရှိပေးနေမယ်"
ဈာန်က နူးညံ့သောလက်အစုံတို့ဖြင့် ပါးပြင်ထက်မှ မျက်ရည်ဥတို့အား သုတ်ဖယ်ပစ်ပေးလာသည်
ထိုအချိန်ခဏလေးမှာ ဈာန်ရဲ့နွေးထွေးမှုတွေကို ပျိုးခံစားလိုက်ရပေသည်
သူ့ဘက်က စစ်မှန်သော်လည်း ပျိုးက အသုံးချရုံသက်သက်ဖြစ်နေခဲ့ပြီလား

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now