5Z

272 9 1
                                    


(Or)


Part <5>


အအေးဆိုင်တစ်ဆိုင်၏ စားပွဲဝိုင်းတစ်ခု၌
"ဒါက ပန်းလိုချင်တဲ့ စာရင်းတွေ"
"ဟုတ်ကျေးဇူးတင်ပါတယ် မတစ်ခေတ်"
"ရပါတယ်"
တစ်ခေတ်အား ရွှန်းရွှန်းစားစားအကြည့်တွေဖြင့် ကြည့်နေသော ခင်ရဲ့အကိုဆိုသူကြောင့် အနေခက်လာရသည်
ခင်က နေမကောင်းသောကြောင့် ခွင့်ယူထားသဖြင့် လိုအပ်တဲ့ကျောင်းသားစာရင်းကို တစ်ခေတ်က ကူပေးထားရခြင်းပင်
ခင်က သူ့အကိုကို လာယူခိုင်းသောကြောင့် မလွဲမရှောင်သာ စကားပြောနေရလေသည်
"ဟို မတစ်ခေတ် ကိစ္စမရှိရင် ဖုန်းနံပါတ်လေးပေးလို့ရမလား"
"ရှင်..."
"ဟို...ဟိုလေ ကျွန်တော်"
လေထုမှာ အေးစက်သွားလေသည်
တစ်ခေတ် မနေချင်တော့စွာ
"ခွင့်ပြု....."
တစ်ခေတ် ပြန်ဖို့ပြင်လိုက်ချိန် ဆိုင်ထဲဝင်လာသည့် လူနှစ်ယောက်ကြောင့် တစ်ခေတ်ကိုယ်ကိုယ်တိုင်မသိလိုက်ခင်မှာပဲပြန် ထိုင်လိုက်မိသည်
အနက်ရောင်ရှပ်ကို အနက်ကွက်စိပ်ပုဆိုးဖြင့်တွဲဖက်ဝတ်ထားကာ ခြေထောက်တွင် ကတ္တီပါဖိနပ်အနက်ရောင်ကနေရာယူလေသည်
တစ်ခေတ်ထိုင်လိုက်သလိုပဲ သူ့ရဲ့ လေးထောင့်ပုံ မျက်မှန်အောက်ကမျက်ဝန်းနက်နက်တို့က တစ်ခေတ်ထံ ခဏမျှရွေ့လျားလာကာ သူ့ပုံစံအတိုင်း နေရာသို့ ခပ်မှန်မှန်ခြေလှမ်းများဖြင့် ဦးတည်သွား၏
သူ့နောက်ပါးမှာ ကပ်လျက်ပါလာသည်က ငွေရောင်ထမိန်ဝမ်းဆက်ဖြင့် လှပချောမောသော မိန်းမငယ်တစ်ဦး
တစ်ခေတ်စိတ်ထဲတစ်မျိုးဖြစ်သွားရသည်
ဝမ်းနည်းမှုများ လျှံတက်လာကာ မျက်ဝန်း၌ မျက်ရည်စများအသွင်ပြောင်းလဲလာသည်လားမပြောတတ်
မျက်ဝန်းအိမ်ထဲက ပူနွေးစိုစွတ်မှုကို အပြင်သို့မထွက်လာစေရန် မျက်တောင်များဆက်တိုက်ခတ်လိုက်မိသည်
ထိုအခါ ခင့်အစ်ကိုက ရိပ်မိသွားဟန်ဖြင့်
"မတစ်ခေတ်အဆင်ပြေရဲ့လား"
တစ်ခေတ် အတတ်နိုင်ဆုံးတည်ငြိမ်ဟန်ဆောင်လျက်
"ပြေပါတယ်"
အကြောင်းပြချက်မည်မည်ရရမရှိဆက်ထိုင်နေမိသည်က ဘာကြောင့်ပါလိမ့်....
တစ်ခေတ် ဓနရှင်တို့ ဝိုင်းအားခဏခဏခိုးကြည့်နေမိသည်
သိပ်မကြာလိုက်
ဓနရှင်က နာရီအားတစ်ချက်ကြည့်ကာ Walletအားယူ၍ ထထွက်သွားသည်မှာ တစ်ခေတ်ဘက်သို့ တစ်ချက်ပင်လှည့်မကြည့်
တစ်ခေတ် ဝမ်းနည်းသည့်စိတ်များ ပြည့်လျှံလာရကာ
"မတစ်ခေတ် ကျွန်တော်ပြောတာ...ကြား..."
ဒုန်း💥
ခင့်အစ်ကိုစကားမဆုံးသေး
တစ်ခေတ်ခုံမှထလိုက်သည်က အနည်းငယ်အသံကျယ်သွားရသည်
"ဟို...တစ်ခေတ်ကို ခွင့်ပြုပါဦး"
"ဗျာ"
တစ်ခေတ် ဘာကိုမှ ဂရုမစိုက်နိုင်ပဲ ထိုဆိုင်မှထွက်လာခဲ့လေသည်
တစ်ခေတ် ရင်ထဲတင်းကြပ်လာကာ အောက်နှုတ်ခမ်းကို ခပ်ဖွဖွဖိကိုက်လျက် စိတ်ကိုတင်းထားမိသည်
လက်ထဲက ထမင်းချိုင့်ခြင်းလေးအားခပ်တင်းတင်း ဆုပ်ကိုင်ကာ ခြေလှမ်းတို့အား တစ်လှမ်းခြင်းလှမ်းနေမိချိန်
"ဆန်း"
အသံရဲ့ လားရာအရပ်အား လှည့်ကြည့်မိသည်
တစ်ခေတ်ရပ်နေသည့် လျှောက်လမ်းရဲ့ လမ်းဘေးအုတ်ခုံမှာထိုင်နေသော ဓနရှင်
"ဓနရှင်!!!"
တစ်ခေတ် အံ့သြချိန်ပင်မရ
ဓနရှင်က တစ်ခေတ်ထံဦးတည်လျှောက်လာကာ တစ်ခေတ်လက်ထဲက ထမင်းချိုင့်အား လက်လွဲယူလိုက်လေသည်
"ပြောစရာတွေက သိပ်ပေါနေတာပဲ"
ဓနရှင်၏ စကားများအား တစ်ခေတ်နားမလည်စွာ
"ဟင်"
ခေါင်းတစ်လုံးစာလောက်မြင့်မားသည့် သူ့အရပ်အားမော့ကြည့်လိုက်မိလျှင်
"အဲ့အကောင်ဘယ်သူလဲဆန်း"
"တစ်ခေတ် သူငယ်ချင်းရဲ့အစ်ကို သူနေမကောင်းလို့ စာရင်းလာယူတာ"
တစ်ခေတ်စကားအဆုံး
'အဲ့အကောင်က ဆန်းကို ကြိုက်နေတာ"
"ဟင်...မဟုတ်တာ"
"ဆန်း!!!!"
ပုံမှန်ထက် အေးစက်စက်နိုင်သော ဓနရှင်၏ အသံကြောင့် တစ်ခေတ်ဝမ်းနည်းမှုများက ထိန်းမရ
"ဆန်းသိလား အဲ့ကောင်အကြည့်တွေက ဆန်းအပေါ် ဘယ်လိုတောင် ကျူးကျော်နေလဲဆိုတာ ဆန်းအပေါ် အဲ့ကောင်လုံးဝမရိုးသားဘူး"
".........."
ဆန်း ဘာမှပြန်မပြောနိုင်
ထိုအခါ ဆန်းအား ဓနရှင်သတိထားမိစွာ သက်ပြင်းအားချလျက်
"ကျွန်တော်ဆန်းကို အော်မိတာတောင်းပန်ပါတယ်"
"......,...."
"ဆန်း"
တည်​ငြိမ်အေးစက်မှုများပြည့်နှက်နေသော လေသံက ပတ်ဝန်းကျင်တစ်ဝိုက် လွှမ်းမိုးသွားရင်း
"သူနဲ့ ထပ်မတွေ့ပါနဲ့ ကျွန်တော်မကြိုက်ဘူး ဆန်း"
"အင်း"
"ဆန်းက လိမ်မာတယ်"
သူ့ရဲ့ ထိုစကားမှာ တစ်ခေတ်စိတ်ထဲတစ်မျိုးဖြစ်သွားရသည်
သူပြောလိုက်သည်က အကြီးတစ်ယောက်အလား
"နောက်နေ့တွေ ဆန်းကျောင်းဆင်းချိန်တိုင်းလာကြိုမယ်နော် ခွင့်ပြုမယ်မလား"
ခုနက နောက်ကျိနေသောစိတ်တို့လည်း ပျောက်ကွယ်သွား၏
"ဓနရှင်က တကူးတကကြီးဖြစ်နေမှာပေါ့"
ထိုအခါ သူ့နှုတ်ခမ်းဖျားထက် မြင်ရခဲမျှသော အပြုံးတစ်ချို့ဖြစ်တည်လာရင်း
တစ်ခေတ် ဦးခေါင်းထက် သူ့လက်ဖဝါးဖြင့် ခပ်ဖွဖွပုတ်လျက်
"မဖြစ်ဘူးဆန်း ကျွန်တော့်အလုပ်က ဒီလမ်းမှာပဲ"
သူ့စကားအဆုံး တစ်ခေတ်ကြောင်တောင်တောင်ဖြစ်သွားလျှင်
"အဟွန်းးး ဆန်းစိတ်ထဲ ကလေးလိုမြင်နေတုန်းလား ကျွန်တော်ကအလုပ်အကိုင်နဲ့ပါ အခုဆန်းကို ကာကွယ်နိုင်မယ့်လူတစ်ယောက်ဖြစ်နေပြီ"
သူ့စကားကြောင့် ပါးချိုင့်တစ်ဖက်ပေါ်လာသည်အထိ ပြုံးရီရင်း
"အဟင်းးး နောက်ဆို ဓနရှင်ကို အားကိုးရတော့မှာပဲ"
"အင်း ဆန်းကိုအမြဲကာကွယ်ပေးမှာ"
ဓနရှင်ရဲ့ ထိုစကားမှာ နှလုံးသားထဲက ခပ်သဲ့သဲ့ လှုပ်ရှားလာမှုကို ခံစားသိလိုက်ရသည်
ငယ်စဉ်ကတည်းက ကိုယ့်မောင်လေးအရင်းလို တွေးထင်ခဲ့တဲ့ကောင်လေးအပေါ်မှာ.....
ကိုယ့်စိတ်တွေက ပြောင်းလဲနေခဲ့ပြီလား
နှလုံးသားထဲက ခပ်သဲ့သဲ့လှုပ်ရှားမှုအား သတိပြုနေမိစဉ်
"ဆန်း လာ"
ဟုဆိုကာ တစ်ခေတ်လက်အား ပိုင်ပိုင်နိုင်နိုင် ဆွဲကိုင်သွား၍တစ်ဖက်လမ်းသို့ ကူးရန်ပြင်နေသော ဓနရှင်၏ လက်သွယ်သွယ်တို့အား ငေးကြည့်နေမိသည်
လက်ချောင်းဖြူဖြူရှည်ရှည်တို့က တစ်ခေတ် လက်ချောင်းရှည်ရှည်သွယ်သွယ်တို့အား ဆုပ်ကိုင်ထားသည်မှာ နွေးထွေးမှုအပြည့်ဖြင့်
သွေးကြောစိမ်းများထင်းနေသော လက်ဖျံဖြူဖြူက အနက်ရောင်အင်္ကျီအောက်မှ ထင်းထင်းလင်းလင်းထွက်ပေါ်နေလေသည်
ခပ်ရှည်ရှည်အရပ်အမြင့်နှင့်အတူ ပုခုံးကျယ်ကျယ်တို့ဖြင့် အရာရာမှာပြည့်စုံသောကောင်လေးတစ်ယောက်
တစ်ခေတ်အားဘေးတစ်စောင်းလှည့်ကြည့်လာစဉ် ပိုမိုထင်ပေါ်လာသည့်Adem appleက ပိုမိုထင်ပေါ်လာစွာ
လေပြေညှင်းရဲ့ ကျီဆယ်မှုကြောင့် အပေါ်လှန်တင်ထားသော သူ့ဆံပင်အညိုအတွန့်တို့က ပုံပျက်စွာ နဖူးထက်ဝဲကျနေသည်က ပိုမိုလူငယ်ဆန်စေလေသည်
တစ်ခေတ်ရှေ့မှာသာ တစ်ခါတစ်ရံမြင်ရတတ်သည့် အပြုံးတို့.....
ဟင့်အင်း...တစ်ခေတ် အဲ့လိုဖြစ်စရာအကြောင်းမှမရှိတာ
သူကလဲ တစ်ခေတ်မောင်လေးပဲမလား
စိတ်တွေခဏဂယောက်ဂယက်ဖြစ်သွားတာနေမှာပါ
"ဆန်း...."
"......"
"ဆန်း...."
သူ့ရဲ့ခေါ်သံကြားမှ အသိတို့ဝင်လာရလေသည်
"ကျွန်တော်ပြောတာကြားလား"
"ဟင်..."
"ဆန်း ဘယ်ကောင်နဲ့အတူရှိတာမှ ကျွန်တော်မကြိုက်ဘူး"
သူ့ရဲ့အပြောမှာ တစ်ခေတ်စိတ်ထဲမှာ ရှိနေသည့် သံသယလေးတို့က တိုးတိုက်ထွက်လာကာ
"ဓနရှင်ကရော...ပြောပါဦး ခုနက မိန်းကလေးလှလှလေးက ဘယ်သူလဲလို့"
တစ်ခေတ် ကိုယ့်ကိုယ်ကိုယ်သတိမထားမိလိုက်ပေမယ့်
ဓနရှင်က သတိထားသွားပုံပေါ်သည်
'အဟွန်းးးး ဘာလဲ ဆန်းက သဝန်တိုလို့လား"
ဒီနေ့မှ ရင်ခုန်မှုသံများ ​ယောက်ခတ်နေပါသည်ဆိုမှ မြင်တွေ့ရန်ခက်လှသော သူ့အပြုံးများက လောင်စာဆီထည့်နေသည့်နှယ်
"မဟုတ်ပါဘူး ကိုယ့်မောင်လေးရဲ့ကောင်မလေးကို သိခွင့်မရှိဘူးလား"
တစ်ခေတ်ရဲ့ ထိုစကားမှာတော့ ဓနရှင်ရဲ့ မျက်နှာထားဟာ တည်တင်းသွားလျက်
"ဆန်းစိတ်ဝင်စားလို့ရတယ် စိတ်ဝင်စားခွင့်လဲရှိတယ် တစ်ခုပဲ"
"........"
တစ်ခေတ် သူ့အားမော့ကြည့်မိလိုက်သည်
"သူက ကျွန်တော့်အမှုသည် ကျွန်တော့်ဘဝမှာရှိတဲ့ တစ်ဦးတည်းသော သူစိမ်းမိန်းကလေးက ဆန်းပဲ တကယ်လို့ ဆန်းသာသဘောမကျဘူးတစ်ခွန်းပြောလိုက် အရာအားလုံးဖြစ်စေရမယ်"
တစ်ခေတ် သူ့အားငေးကြည့်နေမိသည်မှာ ဘယ်လောက်ကြာသည်မသိတော့
တစ်ခေတ်ရဲ့ ရင်ခုန်သံတွေက လွဲမှားနေခဲ့ပြီလား?????

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now