17U

935 55 6
                                    

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁

(Or)

🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟

Part <17>

"ဒီနေ့ ကျွန်တော်အားလုံးကို တရားဝင်ကြေညာစရာရှိပါတယ်"
ကင်မရာမီးများကြားတွင် တုန်လှုပ်ခြင်းကင်းမဲ့စွာ ထိုင်နေသည်က ဓနရှင်
"ကိုကြီးရာပြည့်ဓနနဲ့ တစ်ခေတ်ဆန်းပြားရဲ့ မင်္ဂလာပွဲက ရှိလာတော့မှာမဟုတ်ပါဘူး"
ဓနရှင်ရဲ့ စကားအဆုံးမှာ သတင်းထောက်တွေကြား အာမေဋိတ်သံတွေ ဆူညံသွားရသည်
ထိုအသံတွေကြား ထပ်မံထွက်ပေါ်လာသည်က အာဏာစက်အပြည့်ဖြင့် သြရှရှအသံတစ်ခု
"ဒီလရဲ့23ရက်မှာ ကျွန်တော်နဲ့ တစ်ခေတ်ဆန်းပြားရဲ့မင်္ဂလာပွဲကိုကျင်းပမှာ ဖြစ်လို့ အားလုံးကိုဖိတ်ခေါ်ပါတယ်"
"ဟမ်!!!!!"
"ဘယ်လိုတွေလဲ"
"အစ်ကိုနဲ့ မဟုတ်ပဲ ညီနဲ့လား"
"ဘာတွေလဲ"
တစ်ယောက်တစ်ပေါက်စကားသံများကြားဓနရှင် လက်ညှိုးဖြင့် သူ့ရဲ့လေးထောင့်ဆန်ဆန်မျက်မှန်အားပင့်တင်လိုက်ပြီး အားလုံးအားစူးစူးရှရှတစ်ချက်ကြည့်လျက်
"ပြီးတော့ ကျွန်တော့်ဇနီးလောင်းနဲ့ ပတ်သက်ပြီး မကောင်းပြောခဲ့များ မကောင်းတဲ့မှတ်ချက်များကို တရားဥပဒေနှင့်အတူ အရေးယူသွားမှာပါ ဒါပါပဲ ခွင့်ပြုပါဦး"
ဓနရှင်ရဲ့ အေးစက်စက်စကားလုံးတွေကြောင့် အားလုံး ဘာမှ ပြန်မပြောနိုင်

တစ်ခေတ် လက်ထဲကဖုန်းမှ အင်တာဗျူးအား ကြည့်ပြီးသည်နှင့် ကွန်မန့်များထဲ ဝင်ကြည့်မိလေသည်
🗯ဘာတွေလဲ တစ်ခေတ်ဆန်းပြားက အေးမလိုနဲ့ ကုတ်ကမြင်းပဲ သူမလို့ဟယ် ညီအစ်ကိုနှစ်ယောက်လုံး🗯

🗯အစ်ကိုပြီးညီပေါ့ တော်တော်လဲတတ်နိုင်ကြပါတယ်🗯

🗯ရုပ်လေးနဲ့ မလိုက် ရွလိုက်တာ🗯

🗯အစ်ကိုနဲ့ ယူမယ်ဆိုပြီးမှ ညီနဲ့တဲ့လား ဝိုးးးး သဘောထားကြီးလိုက်ကြတာ🗯

🗯အစ်ကိုတစ်လှည့် ညီတစ်လှည့်လား ဟားဟားဟား🗯

🗯ရှုပ်တယ် တစ်ခါထဲနှစ်ယောက်လုံးနဲ့ယူလိုက်🗯
စသဖြင့် ဆိုးရွားသော Commentsများက ဓနရှင်ကြောင့် ခဏလေးဖြင့် ပျောက်သွားသော်လည်း တစ်ခေတ်က လူတွေပါးစပ်ဖျားမှာ ပြောစရာဖြစ်သွားသည်
တစ်ခေတ် အပြင်ကိုထွက်ဖို့ပင် ရှက်ရွံ့နေမိသည်
လူတွေက တစ်ခေတ်ကို ဘယ်လိုမျက်လုံးနဲ့ ကြည့်ကြမလဲ
အစ်ကိုနဲ့လက်ထပ်ဖို့လုပ်ပြီးခါမှ ညီနဲ့လက်ထပ်လိုက်တယ်လို့လား
ညီအစ်ကိုနှစ်ယောက်လုံးကို ကြံတယ်လို့လား
ဒါတင်မကသေး တစ်ခေတ်ရဲ့ ကိုယ်ဝန်ကိစ္စကိုသာ သူတို့သိသွားရင်.....
တစ်ခေတ် အတွေးနဲ့တင် ဘာလုပ်ရမည်မသိ
တစ်ခေတ်တစ်ဘဝလုံးထိန်းသိန်းလာခဲ့တဲ့ သိက္ခာတွေ ရေစုန်မျောသွားခဲ့ပြီ
တစ်ခေတ် ဘယ်မျက်နှာနဲ့ တစ်ခေတ်မြတ်နိုးရတဲ့အလုပ်ကို ဆက်လုပ်ရမည်နည်း
တစ်ခေတ်မသိတော့
"မမလေး အောက်မှာ ကိုရာပြည့်ဓနရောက်နေပါတယ်"
အပြင်က ကောင်မလေးပြောစကားကြောင့် အတွေးတို့အားရပ်ကာ
"အင်း လာခဲ့မယ်"

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now