2U

1.3K 67 1
                                    

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁

(Or)

🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟

Part <2>

"ချစ်ဓနလျှံ!!!!"
အိမ်ထဲ ကားအားတရကြမ်းမောင်းလာပြီးကားတံခါးအား ခပ်ကြမ်းကြမ်းဆွဲဖွင့်ကာ သမီးအားဆွဲခေါ်လာလေသည်
ပကတိ သားအဖနှစ်ယောက်၏ ပုံစံကြောင့် ရင်တမမဖြင့်
"ကို...ဘယ်လိုဖြစ်လာကြတာလဲ"
သိပ်မကြာခင်မှာပဲ အိမ်ထဲဆိုင်ကယ်အားထိုးရပ်လာကာ Helmetအားချွတ်ပြီး အပြေးဝင်လာသူက သူရ
"စိတ်ကိုအေးအေးထားပါ"
ဓန တောက်တစ်ခေါက်ခေါက်နှင့် ခါးအားထောက်ထားလေသည်
သမီးကတော့ ဆိုဖာထက်ထိုင်ကာ ငိုနေသောကြောင့် ပကတိသမီးပုခုံးအားကိုင်ကာ နှစ်သိမ့်ပေးမိသည်
"ချစ်ဓနလျှံ"
အဖေကို ချစ်ကြောက်ရိုသေသည်ဖြစ်ရာ
ဖအေတစ်ခွန်းခေါ်သည်နှင့် ငိုနေရာမှ
"ရှင်...."
"မင်းအသက်ဘယ်လောက်ရှိပြီလဲ"
"၁၆နှစ်ပါ ပါးပါး"
ဓန သမီးဖြစ်သူအားမျက်ဝန်းစူးစူးရဲရဲဖြင့် လှည့်ကြည့်ရင်း
"ကိုယ့်ကိုယ်ကိုယ် သိပ်ကိုအရွယ်ရောက်နေပြီထင်နေလား"
"တောင်းပန်ပါတယ်ပါးပါး"
သမီးရဲ့ မဝံ့မရဲအသံလေးကြောင့် ဓနသက်ပြင်းတစ်ချက်အားချကာ စိတ်လျော့လိုက်ရသည်
"တောင်းပန်တယ် ပါးပါးအော်မိတာ"
"ဟင့်အင်း လျှံမှားပါတယ်"
"ကို ဘာတွေဖြစ်လာကြတာလဲ"
ပကတိ ဝင်မေးလိုက်လျှင် ဓနက ဘယ်လိုဖြေရမည်မသိစွာ မျက်နှာလွဲသွားလေသည်
ဒါကြောင့် ပကတိ သားသူရဘက်ကြည့်ကာ
"သူရ သားပြော"
"ဟို...."
"သမီးက သူ့ရည်းစားနဲ့Dateတာ ကိုယ်နဲ့တွေ့ခဲ့တာ"
"ဘယ်လို...."
သူရမှာလဲဓနအပြောကြောင့် မျက်နှာအားတစ်ဖက်သို့လွဲလိုက်မိသည်
"သမီးရယ်...."
"ချစ်ဓနလျှံ သမီးအမှားသမီးသိလား"
'သိပါတယ်ပါးပါး"
သူရ မနေနိုင်စွာပဲ
"ဦးဦးဓန လျှံကငယ်တုန်းစိတ်ကစားတာဖြစ်မှာပါ လျှံကိုမဆူပါနဲ့"
သူရ ဝင်ပြောလိုက်လျှင် လျှံကမကျေမနပ်ကြည့်လာလေသည်
"သမီး"
"ရှင်...ပါးပါး"
ဓန သမီးရဲ့နံဘေးမှာဝင်ထိုင်လိုက်ပြီး သမီးရဲ့ဆံနွယ်တို့အား ခပ်ဖွဖွပုတ်မိသည်
"ပါးပါး ဘာလို့စိတ်ဆိုးတာလဲသိလား"
လျှံက ခေါင်းလေးငုံ့နေလျက်
"လျှံ ရည်းစားထားပြီး ပါးပါးတို့ကိုလိမ်လို့ပါ"
"အင်း အဲ့တာလဲပါတယ်"
".........."
"သမီးက၁၆နှစ်ပြည့်ထားတာမကြာသေးဘူး ပါးပါးတို့မျက်လုံးထဲမှာကလေးပဲရှိသေးတယ်"
"......."
"သမီးသူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်ချင်ပါတယ်ဆိုလို့ ပျိုးနဲ့ သမီးရဲ့ကိုငယ်မပါတာတောင် သွားခွင့်ပြုခဲ့တယ် ပါးတို့က သမီးကိုယုံကြည်ခဲ့လို့ လွတ်လွတ်လပ်လပ်သွားစေခဲ့တာ"
"......."
"သမီးလုပ်လိုက်တာက ယုံကြည်မှုကိုအလွဲသုံးစားလုပ်လိုက်သလိုပဲ"
"ဟုတ် လျှံမှားပါတယ်"
"နောက်တစ်ချက်က အဲ့ကောင်လေးသာ မကောင်းတဲ့သူဖြစ်ပြီး သမီးအပေါ်အခွင့်အရေးယူရင် သမီးပဲနစ်နာမှာ"
"........"
လျှံ ခေါင်းငြိမ့်ပြမိသည်
"ချစ်သူရည်းစားမထားရဘူးလို့ ပါးပါးမပြောဘူး ဒါပေမယ့် ခုမဟုတ်သေးဘူးသမီး"
"ဟုတ်"
"သမီးကိုကြီး ၁၈နှစ်ပြည့်ပြီးပြီ ဒါကြောင့်မလို့ ပါးပါး သမီးကိုကြီးရဲ့ ကိုယ်ရေးကိုယ်တာတွေမှာ ဝင်မစွက်ဖက်တော့ဘူး"
"......."
"သမီးလဲ အတူတူပဲ ဆယ့်ရှစ်နှစ်ပြည့်ပြီးသွားတဲ့အခါ ခုလိုပါးပါးပြောနေမှာမဟုတ်ဘူး ချစ်သူထားချင်တယ်မလားထားလို့ရတယ် သမီးကြိုက်တဲ့သူကိုရွေးချယ်နိုင်တယ် ပါးပါးတို့ဝင်စွက်ဖက်မှာမဟုတ်ဘူး ဘာလို့လဲသိလား"
"........."
လျှံ ခေါင်းရမ်းပြမိလျှင်
"သမီးကို စဥ်းစားတွေးခေါ်တတ်ဖို့ ပညာတွေသင်ပေးထားတယ် သမီးမှာ ကိုယ်ပိုင်အသိဉာဏ် စဥ်းစားဆင်ခြင်ဉာဏ်ရှိတယ် ပြီးတော့ပါးပါးကသမီးကိုယုံတယ်"
"တောင်းပန်ပါတယ် ပါးပါး မေမေ"
"သမီး အဲ့ကောင်လေးကို တကယ်သဘောကျလား"
"သမီး......"
လျှံ ချက်ချင်းပြန်မဖြေနိုင်တွေဝေသွားရသည်
'သမီးကလည်း သူ့ကိုတကယ်စိတ်ဝင်စားပြီး သူကလဲ သမီးကို တကယ်ချစ်တာမှန်ရင် ပါးပါးမကန့်ကွက်ဘူး အချိန်တစ်ခုကန့်သတ်ပြီးပြန်တွေးကြည့်ပါ အဲ့ကောင်လေးဘက်က သမီးကို အတည်လားဆိုတာလဲ အတည်ပြုပေါ့"
"ဟုတ်ကဲ့ပါးပါး"
"ဒီနေ့သူရက ပါးပါးဆီမဆက်သွယ်ခဲ့ရင်တောင် ပါးပါးမှာနားတွေရှိတယ် အဲ့အတွက် သားသူရကိုအပြစ်မတင်နဲ့ သွားနားတော့"
"ဟုတ်"
လျှံ အပေါ်ထပ်သို့တက်သွားလျှင်
"ကျွန်တော်လဲ ပြန်ပါဦးမယ်"
"အေး ကျေးဇူးပဲ"
"ဟုတ်ကဲ့"

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now