7U

1.2K 65 5
                                    

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁

(Or)

🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟

Part <7>

"အဲ့လိုလေး နေမယ် 1...2....3"
အပြာရောင်တောက်တောက်Dressရှည်ပေါ်တွင်ငွေရောင်တို့ဖြင့် အလှဆင်ထားသည့် လှပရွကြွနေသော ဝတ်စုံက ပျိူးကိုယ်ထက် ချပ်ရပ်စွာနေရာယူလျက်
ပျိုးနံဘေးကပ်လျက်မှာ ခရမ်းရောင် ဂါဝန်ရှည်ဖြင့် ရတီရှင်းသန့်ပင်
နှစ်ယောက်သားPoseအမျိုးမျိုးဖြင့် ဓာတ်ပုံရိုက်ကူးနေရသည်
ထိုစဥ် ထိုနေရာအားရောက်လာသူက ရာပြည့်
ရိုက်ကူးရေးက ဝန်ထမ်းတွေအကုန်လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်
"ကိုယ့်အလုပ်ကိုယ်သာ အာရုံစိုက်ကြပါ"
"ဟုတ်ကဲ့"

ပျိုး ကိုကြီးကို မြင်လိုက်ရချိန်မှာ သိပ်ကိုဝမ်းနည်းမိသွားတာအမှန်ပင်
ကိုကြီး မည်သူ့ဆီလာတာမှန်းပျိုးမသိစရာအကြောင်းမှမရှိတာ
ရတီရှင်းသန့်က ကိုကြီးရဲ့ ချစ်သူတွေထဲမှာ ကိုကြီးသဘောအကျရဆုံး တစ်ယောက်ပင်မလား
အလုပ်ကြောင့် ပြန်လည်ပြေလည်သွားနိုင်သည်လေ
"ပျိုးက နည်းနည်းလေးပြုံးမယ်နော်"
Camera manရဲ့ထိုစကားကြောင့် ပျိုးနဲ့ကပ်လျက်မှာရှိနေသော ရတီရှင်းသန့် ခပ်မဲ့မဲ့ပြုံးရင်း
သူ ပျိုးရဲ့နောက်မှာ ကျောချင်းကပ်လျက်နေရာယူချိန်မှာ
"ကြည့်ရတာ...တို့မရှိတာတောင် မင်းက သူ့နံဘေးမှာ နေရာမရသေးတဲ့ပုံပဲ"
"ရှင်...."
ပျိုး သူ့စကားတွေကြောင့် အနည်းငယ်ကြောင်အသွားရလေသည်
"ကြည့်ရတာ ရာပြည့်က မင်းကို လုံးဝစိတ်မဝင်စားတဲ့ပုံပဲ မင်းရုပ်မင်းရည်နဲ့ကွာ ကြိုက်တဲ့ကောင်လေးကို ခေါင်းခေါက်လို့ရပါတယ် ကိုယ့်ကိုမချစ်တဲ့လူအနားတွယ်ကပ်မနေစမ်းပါနဲ့"
ထိုစကားမှာတော့ ပျိုးစိတ်ထဲမခံချင်ဖြစ်သွားရသည်
နှစ်ကိုယ်ကြားပြောနေသည်ဖြစ်ရာ မျက်နှာထားအားအပျက်ခံမရချေ
"နှစ်ယောက်သား မျက်နှာချင်းဆိုင်လိုက်မယ်"
ထိုအချိန်ကိုစောင့်နေသော ပျိုးက ရတီရှင်းသန့်အနား ပိုမိုတိုးကပ်လျက်
"ကြည့်ရတာအစ်မက အတိတ်ကမရုန်းထွက်နိုင်ပုံပဲ လွတ်တဲ့ငါးကြီးနေလို့လား"
ထိုစကားမှာ မှန်ကန်နေသဖြင့် ရတီရှင်းသန့်မျက်နှာပျက်သွားရသည်
"ပြီးတော့လေ ဒီအလုပ်ကို လာကမ်းလှမ်းလာတာလဲ ကိုရာပြည့်ပဲ ညီမကလဲ ညီမအတွက်အဆင်ပြေလို့ လက်ခံခဲ့ရုံပဲ ကျန်တာဘာမှမတွေးဘူး"
"အားလုံးပြီးပြီ"
ရတီရှင်းသန့်တစ်ယောက် မျက်နှာပျက်စွာ ကျန်ရစ်ခဲ့ရပေမယ့် ပျိုးမှာတော့ အပြုံးလှလှဖြင့် ဂါဝန်အရှည်အား လက်မှအသာလေးမကာ ထိုနေရာမှဆင်းဖို့ပြင်လိုက်သည်
ထိုအချိန် ပျိုးရှေ့ ကမ်းလင့်လာသော လက်တစ်စုံ
ပျိုးမော့ကြည့်မိလျှင် မထင်မှတ်ထားသည့် ကိုကြီးဖြစ်နေလေသည်
ပျိုး ငြင်းပယ်လိုက်ဖို့ကြံရွယ်လိုက်ပေမယ့် ဝန်ထမ်းအများကြီးရှေ့ ကိုကြီးမျက်နှာပျက်ရမည်ကိုပူစွာ
" ကျေးဇူး"
ပျိုး ကိုကြီးရဲ့ လက်အားအသာအယာကိုင်ကာ ဆင်းလာခဲ့၏
"အဝတ်သွားလဲလေ စောင့်နေမယ်"
ပျိုး နားမလည်စွာ မော့ကြည့်မိလျှင်
ရာပြည့်က နေရခက်ဟန်
"အာ....ဒီနေ့အိမ်မှာလူစုကြမှာလေ လမ်းလဲသင့်နေတာကို အတူတူသွားကြတာပေါ့"
"ပျိုးဘာသာပဲ သွားလိုက်ပါ့မယ်"
ပျိုးပြောပြီးလျှင်ပဲ မလှမ်းမကမ်းမှာ ရပ်နေသော လက်ထောက်မလေးအား
"ဖူးဖူး အဝတ်လဲဖို့ကူညီပါဦး"
"ဟုတ်ကဲ့မမ"
ပျိုးအိမ် အဝတ်လဲခန်းသွားဖို့ ပြင်လိုက်လျှင်
"ပျိုးအိမ်'
ပျိုးအိမ်လက်မှ ဆွဲကိုင်လိုက်သူကြောင့်
"လွတ်"
"ငါပြောနေတယ်လေ"
"ကိုရာပြည့်!!!!"
အားလုံးရဲ့ အကြည့်တွေက ပျိုးအိမ်တို့ထံ၌ရောက်နေသောကြောင့်
ခပ်ကြိတ်ကြိတ်ခေါ်ကာ သတိပေးရသည်
"မမ"
အနားသို့မဝံ့မရဲရောက်လာသည်က ဖူးဖူး
"အင်း"
"ဒီနေ့ Show ရိုက်ကူးရေးကိုနားလိုက်တယ်လို့ အကြောင်းကြားလာပါတယ်"
"အင်း"
ပျိုးအိမ် သက်ပြင်းချလျက် စိတ်ကိုလျော့ကာ
"ပျိုး အဝတ်လဲဦးမယ်"
ထိုအခါမှ ပျိုးအားလွတ်ပေးလာလေသူ

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now