end<Unicode>

1.6K 73 5
                                    

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁

(Or)

🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟

ဇာတ်သိမ်းပိုင်း

လျှံ အူမြူးနေသည့် သူ့သူ့အား သိပ်မမြင်မကြည်ချင်
"သူ့သူ့"
"ဗျာ....ဗျ"
"သူ့သူ့များ အဲ့ကောင်မနဲ့ပေါင်းပြီး တမင်ကြံစည်လိုက်တာလား"
သူရ သဘောကျဟန်ရီလျက်
"ကြံစည်စရာလား လျှံရာ ကိုယ်ကကျေးဇူးတော့တင်မိတယ်သိလား"
လျှံ မကျေမနပ်မျက်စောင်းထိုးမိသည်
အဲ့ဆေးခပ်ခံရတဲ့ ကိစ္စကြောင့် မိဘတွေက လက်ထပ်ဖို့ဆိုလာသောကြောင့် တွေးထားသည်ထက်ပိုမိုစောစောလက်ထပ်ရတော့မည်
လျှံတော့ လုံးဝမကျေနပ်
လျှံက ငယ်ငယ်လေးရှိသေးသည်မလား
"စောင့်ရတာ ကြာသွားလား"
ကိုကြီးက ဆေးရုံကပြေးခဲ့ဟန်ပင်
"မကြာပါဘူး ကိုသြဇာ"
ဒီအတောအတွင်းသူ့သူ့နဲ့ ကိုကြီးကလဲ လျှံဖြစ်စေချင်သလို ရင်းနှီးသွားကြသည်
"မင်္ဂလာဖိတ်စာပေးမလို့"
လျှံ ရွှေရောင်ဖိတ်စာလေးအား ကမ်းပေးလိုက်လျှင် ကိုကြီးကဝမ်းသာအားရဖြင့်
"ဟာ....ဂုဏ်ပြုပါတယ်နော်"
" ကျေးဇူး ဒါပေမယ့် ကိုသြဇာကို အကူအညီတောင်းရဦးမယ်"
"ဟုတ်ပြောပါ ကိုယ်ကူညီနိုင်တာရှိရင်ကူညီပေးပါ့မယ်"
သူရ ခပ်ညစ်ညစ်ပြုံးရင်း
"ကိုသြဇာကို ကျွန်တော့်သူငယ်ချင်းဧကရီနဲ့ သတို့သားသတို့သမီးအရံလုပ်ခိုင်းချင်လို့ပါ"
သြဇာ အပြောရခက်သွားရသည်
ဧကရီဆိုသောမိန်းကလေးကိုသူသေချာကိုသိသည်
အမြဲဆေးခန်းကိုရောက်လာတတ်ကာ စကားပြောကလဲ ရဲတင်းလွန်းသည်
သူ့ကိုတောင် တွဲကြည့်မလားဟု ခဏခဏမေးနေသေးသည်မလား
"ဟို ကိုယ်မကူညီချင်တာတော့မဟုတ်ပေမယ့်...."
"ဒါဆို အဆင်ပြေတယ်​ပြောလိုက်မယ်နော်"
သြဇာအနေခက်ဟန် ရီရင်း
"ကိုသူရကတော့ လုပ်ပြီဗျာ"
"ကျွန်တော့် သူငယ်ချင်းက နည်းနည်းနောက်တောက်တောက်နေတာကလွဲလို့ အကုန်ကောင်းပါတယ်ဗျ"
"တော်ပါတော့ကိုသူရရယ်အရောက်ပို့နေတာလား"
"ကိုကြီးနော် လျှံလဲ သဘောတူတယ်သိလား"
"လူနှစ်ယောက်ကြားက ကိစ္စက လွယ်လွယ်နဲ့မရဘူး လျှံရဲ့"'
"ဒါပေမယ့် ဧကရီက ကိုကြီးနဲ့ တအားလိုက်ဖက်တာကို"
ကိုကြီးကတော့ လျှံနဲ့ သူရအားပြောမနိုင်ဟန် ရီသာရီနေလျက်....

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now