6Z

291 8 1
                                    


(Or)


Part <6>

လျှံ အိပ်ရာထတာနောက်ကျလေသည်
ညက စိတ်တွေရှုပ်ထွေးကာ အိပ်မပျော်ပေ
လျှံ ဗိုက်ဆာလာသောကြောင့်တစ်ခုခုစားရန် ဆင်းခဲ့လျှင်
မေမေနှင့် ပါးပါးအားမြင်လိုက်ရ၍ ဝမ်းသာသွားရကာ
"မေမေ့"
ထိုင်နေသောမေမေ့အား ဖက်လိုက်ကာ အလွမ်းဖြေမိသည်
"ဘယ်ချိန်ကပြန်ရောက်တာလဲပါးပါး"
"မနက်စောစောကပဲ သမီးအမေလေ မနေချင်ဘူးဆိုပြီး ဂျီကျနေတာ"
ထိုအခါမေမေကရှက်ရွံ့သွားဟန်ဖြင့်
"ကိုနော်"
"မင်းဘေးနားမှာ ကိုယ်တစ်ယောက်လုံးရှိနေပြီပဲ ဘာလို့အဲ့အရှုပ်ထုပ်တွေကို လွမ်းနေသေးတာလဲ"
"ပါးပါးက သိပ်လောဘကြီးတာကို"
ထိုအခါ ဓနက သမီးဖြစ်သူအား မျက်မှောင်ကြုတ်ကာကြည့်လျက်
"ပါးပါးပြောတာမှားနေလား တစ်ချိန်ကျ သမီးချစ်သူရရင် ပါးပါးတို့ ရင်ခွင်ထဲက ထွက်သွားမှာပဲလေ "
"မှားတယ်လျှံ မေမေနဲ့ပါးပါးနဲ့ တစ်သက်လုံးအတူတူနေမှာ"
လျှံ မခံချင်စွာ ပါးပါးအား ပြောပစ်လိုက်မိလျှင်
ဓန ခပ်သဲ့သဲ့ရီရင်း ပကတိနံဘေးထိုင်လာကာ
"အဟွန်းးးး ပါးပါးနဲ့ သမီးလောင်းမလား"
"လောင်း....အမ်းးး"
ဓနရဲ့ စိန်ခေါ်မှုမှာတော့ လျှံကတုံ့ဆိုင်းသွားသဖြင့် ဓန သဘောကျစွာ ရီလိုက်ပြီး
ပကတိရဲ့ ပုခုံးအား ပိုတိုးလို့ဖက်လျက်
"ပကတိ မင်း သမီးကတော့ မပြောရဲတော့ဘူး ကဲ...သိပြီလား"
"ကိုကလဲ ကလေးတွေကို...မစနဲ့တော့"
"ကိုယ့်ကို ငြိုငြင်နေတာလား"
"မဟုတ်တာ"
လျှံ ပါးပါးနဲ့မေမေရဲ့ ချစ်ကြည်နူးမှုကိုမခံနိုင်တော့စွာ
"ဟွန်းနော် ဟိုအိမ်သွားလည်း မေခေတ်နဲ့ ဦးနေက ရိုပြ မမပျိုးဆီသွားလည်း တီပန်းနဲ့ ဦးအောင်မြင်က ချစ်ပြနဲ့ ကြားထဲက လျှံတို့က ပွဲကြည့်ပရိသတ်တွေ"
ဓန ခပ်ပြုံးပြုံးဖြင့်
"ပွဲမကြည့်ချင်ရင် ကိုယ့်ဘာသာရှာပေါ့"
လျှံ ပန်းသီးအားကိုက်နေရင်း
မေမေ့ရဲ့ တစ်ဖက်မှာကပ်ထိုင်လျက်
"မေမေ"
"ဟင်"
လျှံခေါ်တိုင်း ထူးလာသည့်မေမေအသံက နူးညံ့ချိုမြနေစွာ
ပါးပါးကမေမေ့ကိုချစ်တာလဲ မပြောနဲ့
မေမေက သိပ်ကိုနူးညံ့လှပတဲ့မိန်းမတစ်ယောက်ပင်
မေမေနဲ့ ပါးပါးက အရာအားလုံးဆန့်ကျင်ဘက်ပုံစံဖြစ်ပေမယ့် နှစ်ယောက်သားယှဉ်တွဲလျက်ရှိနေကြသည့်အခါ သိပ်လိုက်ဖက်လွန်းသည်
စိတ်တိုစိတ်ဆတ်သောပါးပါးက အမြဲနားလည်ခွင့်လွတ်တတ်သည့်မေမေနှင့်သာ လိုက်ဖက်လွန်းလှသည်မလား
ပါးပါးက သူစိမ်းတွေနှင့်သာ ဘယ်လိုပင်ဒေါသကြီး စိတ်ဆတ်ပါစေ လျှံတို့တစ်သက်မှာ မေ့မေ့ကို ထိခိုက်အောင်လုပ်တာမမြင်ခဲ့ဖူးခဲ့
သဝန်တိုကာခဏခဏစိတ်ဆိုးပြီးမကြာခဏလေသံမာမာပြောတတ်ပေမယ့် မေမေတောင်မချော့သေးခင် ပါးပါးက
'"ပကတိ မင်းကိုယ့်ကိုမချော့ဘူးလား"

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now