10U

1.2K 62 3
                                    

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁

(Or)

🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟

Part <10>

ဓနရှင်သောက်စမရှိပဲ အများကြီးသောက်မိလိုက်သောကြောင့် အိပ်ရာကနိုးလာလျှင်ပဲ ခေါင်းကိုက်သည့် ဝေဒနာကို ဦးစွာခံစားလိုက်ရသည်
"နိုးလာပြီလား"
ကြားလိုက်ရသည့် အေးစက်စက်အသံကြီးကြောင့် ဓနရှင်လန့်ကာ မော့ကြည့်မိတော့
ဓနရှင်အိပ်ရာရဲ့ ရှေ့တည့်တည့် ဆိုဖာပေါ်မှာ အခန့်သားထိုင်နေသည့်ကိုကြီး
ဓနရှင် အထိတ်တလန့်ဖြင့်
"ကိုကြီး ဘယ်ကထဲကရောက်နေတာလဲ"
"မနက်ထဲက"
ကုမ္ဂဏီကိုတန်းသွားမည့် ရာပြည့်က သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်ထားလျက်
ရာပြည့်က ညီဖြစ်သူအား ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး
"မင်းညကအကြောင်းတွေမှတ်မိလား"
ထိုအခါမှ ဓနရှင် ကိုယ့်ကိုယ်ကိုယ်သတိထားမိစွာ လှစ်ဟာနေသည့် ခန္ဓာကိုယ်အား အနားကအဝတ်တို့အား ယူဝတ်လိုက်လေသည်
"ညက.... ကျွန်တော်မူးခဲ့တယ်ထင်တယ် ညကသောက်မိသွားတယ်"
ရာပြည့် ညီဖြစ်သူရဲ့ ခန္ဓာကိုယ်မှ လက်သည်းရာများအားကြည့်ကာ
"မဟုတ်မှ...မင်း..ညက"
ကုတင်ပေါ်ထိုင်ကာ အလေးအနက်စဥ်းစားနေပုံရသည့် ဓနရှင်က
"ညက ကျွန်တော်မှားသွားခဲ့တယ်"
"ဘာ!!!!မင်း"
"ညက ကလပ်ကကောင်မလေးနဲ့ကျွန်တော်....အတူတူနေမိသွားတယ်ထင်တယ်"
ရာပြည့် နားထင်အားလက်ဖြင့်ဖိလျက်
"မင်းသေချာလား"
" နောက်ပိုင်းကိုမမှတ်မိပေမယ့် ကျွန်တော် အဲ့မိန်းကလေးနဲ့ တကယ်အတူအိပ်မိလိုက်တယ်"
ဓနရှင် လုံးဝမေ့နေသည်တော့မဟုတ်
ညကသူ့အနားမှာ မိန်းကလေးတစ်ယောက်ရှိနေခဲ့တာမှတ်မိသည်
"ဒီည ရှင် ကျွန်မအပိုင်ဖြစ်ပေးပါ"

"ရှင့်က ကျွန်မအကြိုက်ပဲ"

"ရှင့်အပိုင်အဖြစ်သတ်မှတ်ပေးပါ"
အတွေးထဲပေါ်လာသည့် မြင်ကွင်းတစ်ချို့ကြောင့် ဓနရှသ် ခေါင်းကိုခါယမ်းလိုက်မိသည်
သူ ဘာတွေလုပ်ခဲ့မိတာလဲ
"ကျစ်!!!!"
"ကိုကြီးကို ကျွန်တော်ဒီမှာရှိတာ ဘယ်သူပြောပြတာလဲ"
"ငါမင်းပြန်မလာလို့ စိတ်ပူပြီးဖုန်းဆက်လိုက်တာတစ်ယောက်ယောက်ဖုန်းကိုင်တယ် မင်းကဒီမှာဆိုလို့ မင်းသေချာရင်ပြီးတာပါပဲ နောက်မသောက်နိုင်ပဲမသောက်နဲ့ပြသနာဖြစ်နေမယ်"
"ဟုတ် ကိုကြီး"
"အင်း စားပွဲပေါ်မှာ ဆေးရှိတယ် ခေါင်းကိုက်နေမယ် ငါ အလုပ်သွားတော့မယ်"
"ဟုတ် ကိုကြီး"
ကိုကြီး ထွက်သွားတော့ ဓနရှင် စိတ်ပျက်လက်ပျက်ဖြင့် တောက်ခေါက်လိုက်မိသည်
သူ ဘယ်လောက်တောင်မူးသွားလို့အသိစိတ်လွတ်ပြီး မိန်းကလေးတစ်ယောက်နဲ့အတူနေနိုင်ရတာလဲ
ဂုဏ်ဓနရှင် မင်းကအဲ့လိုယောက်ျားလား
မင်းရှက်သင့်တယ်.....
ဆန်းသာ ဒီကိစ္စသိသွားရင် မင်းကိုရွံသွားလောက်တယ်
သောက်သုံးမကျလိုက်တာ ဟု
ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ကျိန်ဆဲနေမိသည်
ဆန်းအတွက် သူဟာယောက်ျားကောင်းတစ်ယောက်သာ ဖြစ်ချင်မိသည်မလား

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Donde viven las historias. Descúbrelo ahora