16U

894 55 4
                                    

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁

(Or)

🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟

Part <16>

ပျိုး ကိုယ့်နားနဲ့ဆက်ဆက်ကြားရလို့သာ ယုံရမည်
ဓနရှင်က မမတစ်ခေတ်ကို ခိုးပြေးသွားသည်တဲ့
အရင်နေ့ကပဲ မမတစ်ခေတ်ရဲ့သတို့သားက ကိုကြီးဖြစ်နေသေးသည်မလား
"ရာပြည့်ကလဲ ကလေးအဖေမဟုတ်ဘူးတဲ့ မင်္ဂလာမဆောင်ချင်လို့ အိမ်ကထွက်သွားတာ ဓနရှင်နဲ့ ပါသွားတယ်ထင်ပါရဲ့"
"........."
"ကလေးအဖေက ဓနရှင်များလား"
မာမီရဲ့ ရေရွတ်သံတွေကြောင့် ပျိုး အတွေးမများချင်တော့စွာ
"မာမီ ပျိုး အပြင်သွားတော့မယ်နော်"
"အင်း ပျိုးဂရုစိုက်နော်"
"ဟုတ်ကဲ့"
ပျိုး မာမီ့ပါးပြင်အားနမ်းရှိုက်လိုက်ပြီး
အတွေးစတို့အား ဖယ်ဖျောက်ကာ စျာန်နှင့်ချိန်းထားသည့်နေရာသို့ဦးတည်လိုက်လေသည်

❤❤❤❤❤❤❤❤❤❤

"ဆန်း"
သူ့ရဲ့ခေါ်သံကြောင့်တစ်ခေတ်မော့ကြည့်လိုက်မိလျှင်
ဓနရှင်က လက်ထဲက ပန်းကန်အား တစ်ခေတ်ဘက်တိုးပေးနေပြီး
"မနေ့ထဲက ဆန်းဘာမှမစားရသေးဘူးမလား နည်းနည်းဖြစ်ဖြစ်စားလိုက်နော်"
တစ်ခေတ် မို့အစ်နေသော မျက်လုံးအစုံဖြင့် ဓနရှင်အားကြည့်လိုက်ပြီး
"တစ်ခေတ်အိမ်ပြန်ချင်တယ်"
တစ်ခေတ်အိမ်ပြန်ချင်သည်
နုတစ်ခါကြမ်းတစ်လှည့်ဖြစ်နေသော ဓနရှင်အားကြောက်မိသည်
သူ့ပုံစံက တစ်ခေတ်သိသည့် ဓနရှင်ဟုခံစား၍ မရ
"ဆန်း နောက်နေ့ကျ ကျွန်တော်ပြန်လိုက်ပို့မှာပါ"
တစ်ခေတ်ခေါင်းခါယမ်းရင်း
"ဟင့်အင်း ခုပဲ ပြန်ချင်တာ"
တစ်ခေတ်ရဲ့ စကားမှာ ဓနရှင်မျက်လုံးတွေစူးရဲသွားကာထိုင်နေရာမှ ထရပ်ရင်း
လက်သီးအားကျစ်နေအောင် ဆုပ်၍
"ဘာလဲ ကလေးအဖေကို သွားရှာချင်နေတာလား ဆန်း"
အံကြိတ်သံကြီးနှင့်ပြောလာသည့် သူ့အသံကြောင့် တစ်ခေတ်ကြောက်ရွံ့လာကာ ထပ်ငိုမိပြန်သည်
"ဟင့် တစ်ခေတ် ကတိပေးပြီးပြီလေ ဓနရှင်ရယ် ဟင့်...."
တစ်ခေတ်ရဲ့ ငိုသံကြောင့် ဓနရှင်သတိတို့ဝင်လာရကာ ပျာပျာသလဲ တစ်ခေတ်ဘေးနားဝင်ထိုင်လာပြီး
"ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကြောင့် ဆန်းငိုရပြန်ပြီ"
တစ်ခေတ်ရဲ့ တသိမ့်သိမ့်တုန်နေသော ပုခုံးမှ ဖက်ကာ သူ့ရင်ခွင်ကျယ်ကြီးထဲ ဆွဲပွေ့လိုက်၏
"ဆန်းသိရဲ့လား ကျွန်တော်ကိုယ်ကျွန်တော်တောင်နားမလည်တော့တာ ဒါပေမယ့်အဲ့တာက ကျွန်တော်ဆန်းကိုအဆုံးရှုံးမခံနိုင်လို့ ဆန်းသိရဲ့လား"
တစ်ခေတ် ဘာစကားမှ ခွန်းတုံ့ပြန်မပြောမိ
တစ်ခေတ်နဲ့ ဓနရှင်ကြားမှာ ဘယ်အရာတွေက မှားယွင်းခဲ့တာလဲ

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now