25Z

304 4 0
                                    


(Or)


Part <25>

ဓနရှင် သူမလက်အားဆုပ်ကိုင်လျက်
"ဆန်း ခုနက ဘာပြောလိုက်တယ် ဟင်"
"ဟင့်အင်းးးး"
"ဆန်းကျွန်တော် ထပ်ကြားချင်တယ်"
တစ်ခေတ် မျက်နှာလေးသည် နှင်းဆီနီပမာ နီစွေးလာရကာ
"ဆန်း ကျွန်တော့်ကို ခွင့်လွတ်ပြီမလားဟင်"
ဓနရှင်စကားကြောင့်
"ဓနရှင်က အမှားမလုပ်ထားဘူးလေ တစ်ခေတ်က ခဏလောက်စဉ်းစားရအောင်လို့ပဲပြောခဲ့တာ'"
ဓနရှင် မျက်နှာထိန်းမရအောင် ပျက်သွားပြီး
"ကျွန်တော်ဆန်းအပေါ်မှာ အမှားတွေအများကြီး လုပ်ခဲ့မိတာ"
"ဟင့်အင်း တစ်ခေတ်အမှားပါ ခုအဲ့တာတွေပြန်မပြောချင်တော့ဘူး"
"အင်း ကျွန်တော်နဲ့ အတူပြန်နေမယ်မလားဟင်"
တစ်ခေတ် ရှက်ကာ ရီလျက်
"တစ်ခေတ်က ဓနရှင်ပြောရင်လက်ခံဖို့တွေးနေပြီးသားပါ ဓနရှင်ကမှမပြောပဲ"
"ဟာ...ကျွန်တော်မှမပြောရဲတာ ကျွန်တော်တို့ အချိန်အများကြီးဖြုန်းမိတာပဲ ဆန်းသိရဲ့လား ဆန်းမရှိတဲ့ တစ်မိနစ်ကအစ ကျွန်တော့်အတွက်အကြာကြီးလိုပဲ"
တစ်ခေတ် မျက်စောင်းလေးထိုးလျက်
"အပိုတွေ"
"ဆန်းကို သိပ်ချစ်တာ ကျွန်တော်မဆိုးတော့ပါဘူးနော်"
တစ်ခေတ် သူ့ရင်ခွင်ထဲကနေ
"လက်ထပ်ပြီးတုန်းက ဓနရှင်က တစ်ခေတ်အတွက်သူစိမ်းတစ်ယောက်လိုပဲ သိလား"
"သဝန်တိုစိတ်ကြောင့်ပါ ဆန်းကို အဆုံးရှုံးမခံနိုင်လို့ ထပ်မဖြစ်စေရပါဘူး"
"ဓနရှင်က ဆိုးတယ်"
ဓနရှင် သဘောကျစွာရီလျက်
"ကျွန်တော်ဆိုးလဲ ဆန်းကထိန်းပေးပေါ့"
"တစ်ခေတ်ထိန်းမရဘူးလေ"
ထိုအခါ ဓနရှင်က နှစ်ယောက်သားသာ ကြားနိုင်သော လေသံတိုးတိုးဖြင့်
"မောင်လို့မှ မခေါ်တာ...."
"ဟာ!!!"
"ဟားးးဟားးး"
တစ်ခေတ် ရှက်ကာ သူ့ရင်ဘတ်ကြီးအား လက်သီးဆုပ်ဖြင့် ထုနေမိသလောက် သူကတော့ သဘောကျစွာရီနေလျက်
အဆိုးတွေပြီးလျှင် အကောင်းတွေတစ်လှည့်ပေါ့
တစ်ခေတ်အတွက်တော့ အဆိုးပဲဖြစ်စေအကောင်းပဲဖြစ်စေ သူသာရှိနေရင် အရာရာရင်ဆိုင်နိုင်မည်မှာ မလွဲဧကန်

💜💜💜💜💜💜💜💜💜💜

မီးရောင်စုံများကြား DJသံများအား ကခုန်ပျော်ပါးနေကြသောသူများ
ထိုသူများကြား ကခုန်နေသောစုံတွဲတစ်တွဲ
ကောင်လေး၏ လည်တိုင်အား သိုင်းဖက်ကာ စီးချက်အလိုက်ကခုန်နေ၏
"လျှံ တော်တော့"
လျှံ သူ့သူ့ရင်ခွင်ထဲ ပိုမိုတိုးဝင်လိုက်ပြီး
"ဟင့်အင်းလျှံသဘောကျတယ် သူ့သူ့နဲ့ အတူရှိနေရတာကို"
သူရ သူမခါးလေးအားဆွဲဖက်လိုက်လျှင် နှစ်​ယောက်ကြား ကြားလေမဝင်သာအောင် ပူးကပ်သွားရင်း
"ကိုယ်လဲသဘောကျတယ် ဒါပေမယ့် ဒီနေ့ အိမ်ပြန်ရမယ်လေ"
"ဟင်...သူ့သူ့ကလဲ ဒီနေ့မမတစ်ခေတ်နဲ့ ကိုငယ်အဆင်ပြေတာကိုအောင်ပွဲခံတဲ့အနေနဲ့ လျှံ အကြာကြီးပျော်ချင်သေးတယ်"
"လျှံပါးပါးသိရင် ကိုယ့်သတ်မှာ"
ထိုအခါ လျှံက သူရနှုတ်ခမ်းလေးအား ထိကပ်ရုံမျှသာ နမ်းလျက်
"ကိုကို့ကို လျှံက ကာကွယ်ပေးမှာ"
"လျှံကွာ...."
သူရအသည်းယားဖွယ် လျှံအားရင်ခွင်ထဲဆွဲဖက်မိသည်
လျှံဆိုတာ သူ့အတွက်ကဝေမလေးလိုပင်
အရာရာပြုစားနိုင်သည်မလား

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now