3Z

343 7 0
                                    


(Or)


Part <3>

"Wow....နတ်မိမယ်သုံးပါးမလားတကယ်အပြောပဲမဟုတ်ဘူး"
"လှလိုက်တာ...."
"ဒီနေ့သူတို့ခြောက်ယောက်လုံးကို အတူမြင်လိုက်ရတာ ကံကောင်းတာပဲ"
" သူတို့အချင်းချင်းပဲ လိုက်ဖက်တယ်လို့ ဘာလို့ပြောကြလဲ နားလည်သွားပြီ ဒီခြောက်ယောက်ထဲတစ်ခြားသူဝင်ရင် လုံးဝထင်ပေါ်မှာမဟုတ်ဘူး"
ဘောလုံးကွင်းထဲက လူတွေရဲ့ချီးမွမ်းသံများပြည့်လျှံနေပေသည်
ဒီနေ့ ရာပြည့်တို့ကျောင်းတွင် ဘောလုံးပြိုင်ပွဲရှိလေသည်
ပြိုင်မည့်သူတွေထဲ ရာပြည့်ပါပါသောကြောင့် တစ်ခေတ်တို့အားလုံးလာအားပေးကြခြင်းပင်
လူတွေအားလုံးရဲ့ အမြင်ထဲတွင် သူတို့ခြောက်ဦးလုံးသာရှိကြလေသည်

"နေသူရအောင်က တကယ့်အမိုက်စားပဲ play boyမှန်းသိရက်နဲ့တောင် ဘာလို့မငြင်းဆန်နိုင်ကြလဲဆိုတာသိပြီ အသည်းစားဘီလူးကြီးက ခုလိုမိမိုက်နေတော့ ကိုယ့်ကိုတစ်ချက်သာပြုံးပြလိုက် လိုတာဆက်သပြီးသားဖြစ်နေရမယ်"
သူရက over shirtအနက်ရောင်အပွအား ဂျင်းဘောင်းဘီဖြင့်တွဲဖက်ဝတ်ထားရုံမျှမက
အင်္ကျီကြယ်သီးတို့အားဖြုတ်ထားသောကြောင့် သူရပုံစံကsexyဆန်ဆန်မိမိုက်နေသည်
ဒါတင်မကသေး လတ်တလောမှ ချိန်းထားသော မီးခိုးရောင်ဆံပင်တို့က နဖူးပေါ်ဝဲကျနေပြီး နားထက်အနက်ရောင်နားကပ်တို့ဖြင့် လျှံ ခုံနံဘေးတွင် ခပ်လျော့လျော့မှီကာ ထိုင်နေလေသည်
လျှံကတစ်စုံတစ်ခုပြောလိုက်ပုံပေါ်သည်
လက်ထဲကမုန့်ထုပ်အားလှန်လှောကာရှာဖွေနေလျက်
သူရနံဘေးက နတ်မိမယ်လေးမှာတော့ အများကတင်စားကြသည်က ကံကောင်းခြင်းနတ်မိမယ်လေးတဲ့လေ
သူရနှင့်ဆန့်ကျင်ဘက်ပင် ဂါဝန်အဖြူရောင်ဆွတ်ဆွတ်လေးက ကိုယ်နဲ့ချပ်ရပ်စွာ
ဂုတ်အပေါ်နားထိဝဲကျနေသော ဆံပင်တို့ကလစ်အလှလေးတွေဖြင့် ညှပ်ထားလေသည်
ပုပုသေးသေးဖြင့်ချစ်စရာကောင်းလှသည့် လျှံက မျက်နှာချိုကာ မြင်သူတိုင်း မချစ်ပဲမနေနိုင်အောင်ပင်
သူမအားစိတ်ဆိုးနေရင်တောင်မှ သူမအသံချိုချိုလေးဖြစ်စေ
ပါးခွက်လေးအားပေါ်စေသော အပြုံးလေးဖြင့်ဖြစ်စေ မည်သူမျှစိတ်ဆိုးနိုင်မည်မဟုတ်
လိုတာထက်ပိုချွဲ့နွဲ့မည်ဆိုပါက ယောက်ျားထုကြီးရူးခါသွားနိုင်သည်
မျက်နှာမြင်ချစ်ခင်ပါစေ အသံကြားသနားပါစေဟူသည့်ဆုတောင်းနှင့် ပြည့်နှက်ကာ မုန်းသူဟူ၍မရှိ
ဘဝမှာကောင်းခြင်းအဖြာဖြာနှင့်ပြည့်နှက်နေသူကြောင့် အားလုံးက ကံကောင်းခြင်းနတ်ဘုရားမလေးဟူ၍ ချစ်စနိုးခေါ်ဝေါ်ကြသည်
စိတ်ညစ်စရာတွေအားလုံး သူမမျက်နှာအားမြင်လိုက်လျှင် မေ့ပျောက်သွားနိုင်သည်အထိ သူမရဲ့ကံကောင်းမှုတွေကို မျှဝေပေးတတ်သည်တဲ့လေ

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now