4U

1.2K 67 7
                                    

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁

(Or)

🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟

Part <4>

တစ်ခေတ်ဒီနေ့ ကျူရှင်သင်ပြီးပြန်အလာ အနားမှာရစ်သီရစ်သီလာလုပ်နေသည်က တစ်ခေတ်စာသင်နေသည့် Repeaterဝိုင်းက ကျောင်းသားလေးပင်
မိဘများက စီးပွားရေးကိုပဲ အာရုံစိုက်သူများဖြစ်ပြီး ငွေကိုရေလိုသုံးနိူင်ရာ
ကလေးလေးက အနည်းငယ်ဆိုးချင်သည်
"မ.... ကျွန်တော့်ကိုစဥ်းစားပေးပါဗျာ"
တစ်ခေတ်အနောက်မှ ထပ်ကြပ်မခွာလိုက်ကာ ချစ်စကားဆိုနေခြင်း
တစ်ခေတ် စိတ်တို့ညစ်လာရကာ
"တို့ကမင်းဆရာမ"
"ဟာဗျာ...ကျွန်တော်က မရဲ့ချစ်သူဖြစ်ချင်တာ"
ထိုကျောင်းသားက စိတ်မကြည်ဖြစ်ဟန် ဆံပင်တို့အားလက်တို့ဖြင့်ထိုးဖွနေလေသည်
"မင်းဆက်ပြီး နှောင့်ယှက်နေဦးမယ်ဆိုရင် တို့ မင်းအုပ်ထိန်းသူတွေကို အကြောင်းကြားရလိမ့်မယ်"
ခေတ် ထိုသို့ပြောလိုက်လျှင် ခေတ်အားမထိမရိကြည့်ကာ ပြုံးလာပြီး
"အင်း ကောင်းတာပဲ တစ်ခါထဲ နားဖောက်ပြီးသားဖြစ်သွားတာပေါ့"
"မင်း!!!!!"
တစ်ခေတ်က ကိုယ့်ဘာသာကိုယ် ခပ်အေးအေးနေတတ်သူဖြစ်ရာ အရှုပ်အရှင်းသိပ်မရှိဖူးခဲ့
ဒီတစ်ခါမှာတော့ တစ်ခေတ်တကယ်ဒေါသတို့ထွက်လာရသည်
လမ်းမကြီးမှာ လူတွေကွက်ကြည့်ကွက်ကြည့်နှင့် သိပ်အနေခက်ဖို့ကောင်းလှလေသည်
"မင်းဆက်မလိုက်လာနဲ့တော့"
တစ်ခေတ် ပြောပြီးသည်နှင့် သူ့ရှေ့က လှည့်ထွက်ဖို့ ကြံရွယ်လိုက်သည်
သို့ပေမယ့် တစ်ခေတ်လက်တို့မှ ဆွဲလိုက်သူကြောင့်
တစ်ခေတ် လန့်သွားရရုံမျှမက ရှက်ရွံ့သွားရ၏
"မင်း!!!!!!"
တစ်ခေတ် တစ်ခုခုပြန်ပြောဖို့ကြံရွယ်နေတုန်း
တစ်ခေတ်လက်ကိုဆွဲထားသည့်အား ဆွဲဖြုတ်ခံရကာ
"ခွပ်👊"
လက်သီးချက်နှင့်အတူ ထိုကျောင်းသားမှာ မြေပြင်ပေါ်လဲကျသွားရသည်
ထိုအခါမှ တစ်ခေတ်အနားသို့ရောက်လာသူကို မော့ကြည့်မိလျှင်
"ဓနရှင်"
"လမ်းလယ်ခေါင်မှာ မိန်းကလေးတစ်ယောက်ကို အိန္ဒြေပျက်ပြားအောင်လုပ်နေတာပေါ့ သူကမင်းဆွဲကိုင်ချင်တိုင်းကိုင်လို့ရမယ်ထင်နေလားကွ"
ဟုဆိုကာ မကျေနပ်သေးဟန် နောက်တစ်ချက်ထပ်ထိုးလေသည်
ထိုအခါမှ တစ်ခေတ်ကြောင်အနေရာမှ သတိဝင်လာကာ ဓနရှင်အားဝင်ဆွဲရလေသည်
"တော်တော့"
တစ်ခေတ်ဝင်ဆွဲရသော်လည်းမနိုင်မနင်း
သူ့ထက်ခေါင်းတစ်လုံးကျော်မက မြင့်တဲ့အရပ်ရယ် ယောက်ျားပီသစွာ ကြံခိုင်ကျစ်လစ်သော သူ့ကိုယ်ခန္ဓာကြောင့် သူ့အနားမှာ ရှိနေရင် ခေတ်ပါသေးကွေးသွားရသလိုလို
တစ်ခေတ်က၃နှစ်ကျော်၄နှစ်နီးပါး အသက်ပိုကြီးပေမယ့် ယှဥ်သွားလျှင်အငယ်ဟုသာအထင်ခံရတာများသည်
"တော်တော့နော်"
တစ်ခေတ် ထပ်ကာပြောလိုက်လျှင်
ဓနရှင်၏စူးစူးရဲရဲမျက်ဝန်းတွေကတစ်ခေတ်အားကြည့်လာပြီး
"ဆန်း....ဒီကောင်ကဆန်းကို ကိုယ်ထိလက်ရောက်ကျူးလွန်လိုက်တာနော်"
"သူက တစ်ခေတ်ကျောင်းသားပါ နောက်နေ့မှ သေချာဆုံးမလိုက်ပါ့မယ်"
တစ်ခေတ်ရဲ့ ထိုစကားမှာတော့ ဓနရှင် အံကိုတင်းတင်းကြိတ်လိုက်ပြီး
"ခင်ဗျားကျောင်းသားဖြစ်တာနဲ့ပဲ အဲ့ကောင်ဘာလုပ်လုပ်သည်းခံနေရမှာလား တစ်ခေတ်ဆန်းပြား"
နာမည်ထိတပ်ကာ ဆိုလာသည့် ဓနရှင်၏စကားကို တစ်ခေတ်ဘာကြောင့်ရယ်မသိဝမ်းနည်းကာ ငိုချင်လာရသလို
"ကျစ်!!!!!"
"......."
ဓနရှင် ခေါင်းငုံ့သွားသည့်တစ်ခေတ်ကြောင့် ဒေါသတို့ပိုတိုးလာရကာ
'ဘာလဲ ခင်ဗျားကျောင်းသားထိလို့ ဝမ်းနည်းသွားတာလား "
"မဟုတ်!!!!!"
"ကျွန်တော်သက်သက်မဲ့ဝင်ပါမိတာ"
ဟု ခပ်ရွဲ့ရွဲ့ဆိုရင်း
လိပ်စာကဒ်တစ်ကဒ်အား ​မြေပြင်ထက်လဲနေသူထံပစ်ပေးရင်း
"မကေျနပ်ရင်ဆက်သွယ်လိုက်"
ခပ်အေးအေးစကားကိုသာ ဆိုရင်းနောက်မလှည့်စတမ်းထွက်သွားလေသည်
တစ်ခေတ် ဓနရှင်၏ကျောပြင်အားငေးကာ ထိုနေရာ၌ ရပ်ကျန်ခဲ့ရလေသည်

🍁ချစ်ခြင်း၏ ကမ်းလက်များ🍁(Or)🌟ချစ်ခြင်းသို့ လက်တစ်ကမ်း🌟 Where stories live. Discover now