အခန်း ၈ (တတိယပိုင်း)

16 2 0
                                    

သူမတစ်ကိုယ်လုံး​​ရွှဲရွှဲစို​နေပြီး​ရေမွန်း​သော​ကြောင့်သတိလစ်မလိုပင်ဖြစ်​နေ၏။ဧည့်သည်ကိုယှဥ်ပြိုင်ဖို့အတင်းဖိအား​ပေးတာနဲ့တင်ယဥ်​ကျေးမှုမရှိဖြစ်​နေပြီ။ထပ်ပြီး​တော့တစ်ဖက်လူကိုပင်လယ်ထဲကိုပစ်ချလိုက်​သေးတယ်။​ပြဿနာအကြီးကြီးတစ်ရပ်လုပ်လိုက်မိမှန်း​ကျော်ဟောက်သူ့ကိုယ်သူသိလိုက်တယ်။တခြားသူမြင်မှာလဲ​ကြောက်​တာနဲ့သူမကိုအမြန်ဆွဲ​ပြီးအခန်းထဲဝင်ကာ​မြေ​ပေါ်တွင်ပစ်ချလိုက်သည်။​​စဥ်းစားမိရသ​လောက်​ဒီအတိုင်းထားလို့မဖြစ်သေးတာနဲ့ရေအန်ထွက်လာ​အောင်လို့သူမကိုဇောက်ထိုးမကိုင်ထားလိုက်သည်။

ချုံဇီ​ရေ​တွေအများကြီးအန်ပြီးကာမှပဲသတိပြန်လည်လာ​တော့သည်။မျက်နှာ​လေးကဖြူဖတ်ဖြူ​​ရော်ဖြစ်​နေပြီးအချိန်အ​တော်ကြာ​အောင်စကားမ​ပြောနိုင်​​ချေ။​မြေ​ပေါ်မှာပဲအ​မောတ​ကောအသက်လုရှူ​နေရသည်။

တစ်ခြားသူရဲ့ချစ်စရာ​ကောင်းတဲ့မိန်းက​လေးတစ်​ယောက်ကိုအခုလိုမျိုးဗရုတ်သုက္ခပုံစံဖြစ်​သွားအောင်လုပ်မိတဲ့အတွက်သူလဲလန့်ပြီးတစ်ကိုယ်လုံး​ချွေး​အေး​တွေပါထွက်လာတယ်။အချိန်အကြာကြီးစဥ်းစားပြီးတာ​တောင်မှဒီရှက်စရာအ​ခြေအ​နေကို​ပြေ​လျော့သွား​​စေမယ့်စကားကိုရှာမရဘူး။ခပ်​ပေါ့​ပေါ့ပဲနှာမှုတ်ပြီးခနဲ့လိုက်တယ်။

"ချုံဟွာအရှင်ရဲ့တပည့်ကဒီ​​လို​တောင်အသုံးမကျဘူးပဲ"

ဆရာ့ကိုအထင်​သေးနှိမ့်ချ​နေသဖြင့်သူမ​အကြီးအကျယ်​ဒေါသထွက်လာသည်။

"ငါနင့်ကိုအနိုင်မချနိုင်တာကမ​သေမျိုး​မှော်ပညာကိုမသင်ထားလို့ပဲ၊ ​နောက်ငါ​မှော်ပညာသင်ပြီးသွားရင်နင့်ကို​သေချာ​ပေါက်​မှောက်သွား​အောင်ချပစ်မယ်!"

​ကျော်​ဟောက်တဟားဟားနှင့်ရယ်မိသွားသည်။မျက်ခုံးပင့်၍ကိုယ်ကိုငုံ့ပြီးလက်တစ်ဖက်ဆန့်တန်းကာသူမရဲ့​မေးရိုးကို​မြှောက်တင်လိုက်သည်။

"ဒီအကြီးအကဲကမင်းလာချမယ့်အချိန်ကို​စောင့်​နေပါ့မယ်"

သူမ​ဒေါသထွက်ပြီးသူ့လက်ကိုရိုက်ချလိုက်တယ်။အ​ခြေအ​နေက​ကောင်းလားဆိုးလားဆိုတာမသိလို့သူမကိုစကား​ပြောလာ​အောင်တမင်လုပ်လိုက်တာ။အခုလိုအသံကျယ်ကျယ်​ပြောနိုင်တာကြားရ​တော့ဘာမှမဖြစ်​တော့မှန်းသိလိုက်တယ်။သူ့ရင်ထဲက​ကျောက်တုံးကြီးကလဲ​နောက်ဆုံး​တော့ကျသွားပါပြီ။ရယ်​နေတာကိုထိန်းပြီးသူမ​ရှေ့မှာကိုယ်ကိုတစ်ဝက်နှိမ့်လိုက်သည်။

ချုံဇီWhere stories live. Discover now