အခန်း ၂ (​မွေးရာပါမိစ္ဆာဝိဥာဥ်)

36 5 0
                                    


"ဝါး ကြီးလိုက်တဲ့​ရေကန်!"

"ဒါက​ရေကန်မဟုတ်ဘူး၊ ပင်လယ်"

​သူမတစ်ခါမှပင်လယ်ပြင်ကြီးကိုမမြင်ဖူး​သဖြင့်ဝမ်း​မြောက်ဝမ်းသာလှည့်ပတ်ကြည့်ရှုနေ၏။သခင်ငယ်​​လေးမျက်​မှောင်ကြုတ်ကာလက်​တွေ့အကျဆုံး​မေးခွန်းကို​တွေးလိုက်သည်။

တိမ်တိုက်တံတားမရှိဘဲနန်ဟွာမ​သေမျိုး​တောင်ကိုဘယ်လိုသွားနိုင်မှာလဲ?

သူစိုးရိမ်တကြီးဖြစ်​နေချိန်ရုတ်တရက်​ဘေးနားရှိ​ကောင်မ​လေး၏​အော်သံကိုကြားလိုက်ရသည်။

"ဟာ ဟိုဟာကဘာလဲ!"

သူလည်းအံ့သြသွား၏။​သေချာကြည့်လိုက်​ရာရေလှိုင်း​​တွေကြားမှဒီဘက်ကမ်းကို​ရေကူးလာ​တဲ့မထင်မရှားအရာတစ်ခုကို​တွေ့လိုက်ရသည်။အနီး​ရောက်ခါမှဧရာမငါးသ​လောက်တစ်​ကောင်ဖြစ်​နေ၏။အစိမ်းနဲ့မီးခိုး​​စပ်ထား​သည့်ကျောပြင်ကပြားကပ်​၍ကျယ်​ပြောပြီးချွန်ထက်​နေ​​သောသွား​များနှင့်ကြောက်စရာ​ကောင်းသည်။

ထိုငါးမှာသူတို့နှစ်​ယောက်ရှေ့တွင်ရပ်တန့်လိုက်​​သော​ကြောင့်က​လေးနှစ်​ယောက်လုံးမတတ်သာဘဲ​နောက်သို့​ခြေသုံး​လေးလှမ်းဆုတ်လိုက်ရသည်။

​"သူကဘာလုပ်ချင်တာလဲဟ!"

သူမ​ကြောက်လန့်တကြား​အော်လိုက်၏။
တည်ငြိမ်​နေ​သောသူကငါးကိုအ​ပေါ်​အောက်စုန်ဆန်ကြည့်ပြီး​နောက်မ​ကောင်း​တဲ့ရည်ရွယ်ချက်မရှိ​ကြောင်းသိ​မြင်လိုက်သည်။

"​သေချာ​ပေါက်ငါတို့ကိုသယ်ပြီးပင်လယ်ဖြတ်ဖို့မ​သေမျိုးဂိုဏ်းကလွှတ်လိုက်တာပဲ" ​

ပြောပြီး​နောက်ကျော​ပေါ်သို့တက်သွားလေ၏။သူမသူ့အားဆွဲလိုက်သည်။

"မ​တော်လို့သူကငါတို့ကိုစားချင်ရင်ဘယ်လိုလုပ်မလဲ?"

စိတ်မရှည်​တော့ဘဲသူမလက်အားခါထုတ်လိုက်သည်။

"​ကြောက်ရင်ပြန်​​ပေါ့၊ ငါ့ကိုဆွဲပြီးဘာလုပ်မလို့လဲ?"

​သူမသူ့အား​နောက်တစ်ကြိမ်ထပ်ဆွဲထားပြန်သည်။

"​နေဦး​လေ၊ ငါးကတစ်​ကောင်ထဲရှိတာကို ငါတို့အရင်သွားရင်တခြားသူ​တွေကဘယ်လိုကူးရ​တော့မှာလဲ၊ သူတို့​ရောက်လာတာစောင့်ပြီးမှသွားကြတာ​ပေါ့၊ တကယ်လို့သွား​နေတုန်းကိစ္စတစ်ခုခု​ပေါ်လာရင်လည်း အားလုံးအတူတူရှိ​နေရင်​ကြောက်စရာမလို​တော့ဘူး​ပေါ့"

ချုံဇီWhere stories live. Discover now