နိဒါန်း

383 11 0
                                    

Female Lead - ချုံဇီ (重紫)
Male Lead - ​လော့ယင်းဖန် (洛音凡)

"ခွင့်လွှတ်​စေချင်တာလား?နန်ဟွာ​တောင်ပြိုပြီးပင်လယ်​လေးစင်းခမ်း​ခြောက်သွားရင်​ပေါ့"

ဒီလိုမလုပ်ပါနဲ့ ငါ့ကိုဒီလိုအပြစ်​မ​ပေးပါနဲ့၊ ထွက်သွားချင်လား ရတယ် ငါမင်းကို​ခေါ်သွားမယ်၊ ချစ်တယ် လို့​ပြောတာကြားချင်လား ရတယ် ငါ​ပြောမယ်၊ ခွင့်မလွှတ်ဘူးလား? ကိစ္စမရှိပါဘူး၊ မင်းငါ့ကိုကြိုက်သလိုဆက်ဆံလို့ရတယ် ကြိုက်သလိုမုန်းလို့ရတယ်၊ ငါမင်းရဲ့ ခွင့်လွှတ်မှုကိုမလိုချင်ဘူး၊ ငါမင်းကိုပဲလိုချင်တာပါ။

ဒီလိုမလုပ်ပါနဲ့ ငါ့ကိုဒီလိုအပြစ်​မ​ပေးပါနဲ့၊ ထွက်သွားချင်လား ရတယ် ငါမင်းကို​ခေါ်သွားမယ်၊ ချစ်တယ် လို့​ပြောတာကြားချင်လား ရတယ် ငါ​ပြောမယ်၊ ခွင့်မလွှတ်ဘူးလား? ကိစ္စမရှိပါဘူး၊ မင်းငါ့ကိုကြိုက်သလိုဆက်ဆံလို့ရတယ် ကြိုက်သလိုမုန်းလို့ရတယ်၊ ငါမင်းရဲ့ ခွင့်လ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

​လောက​ခြောက်ပါးအားအထက်ဘက်မှကြည့်ရှု​​နေသူမှာမ​သေမျိုးဂိုဏ်းများ၏မြင့်မြတ်လှ​သောပြိုင်ဘက်ကင်းသည့်ချုံဟွာအရှင်။ အမြင့်ဆုံး၌တည်ရှိ​နေပြီးလူအများအား​မော်ကြည့်​စေ၏၊ ​လေးစားကြည်ညို​​စေ၏။ သို့​သော်ငြားဘယ်​သောအခါမှထိ​တွေ့နိုင်မည်မဟုတ်၊ ရရှိနိုင်မည်လဲမဟုတ်။

ဆန်းကြယ်၍ကြိုမြင်နိုင်ခြင်းငှာမစွမ်းသာသောကမ္ဘာ​လောကကြီးထဲတွင်သူမသည်မသိနားမလည်မှုများ
နှင့်သူဆီ​ရောက်လာခဲ့သည်။​ မွေးရာပါမိစ္ဆာဝိဥာဥ်ရှိ၍ဧကန်မုချမိစ္ဆာဖြစ်လိမ့်မည်၊ ​မှော်ပညာသင်ယူခွင့်လဲမရ​​ချေ။ ကိစ္စမရှိပါဘူး၊ သူ့အနားမှာအ​ဖော်ပြု​ပေးနိုင်ရင်ပဲ​ရပါပြီ။ သို့​သော်လည်းသူမသည်ရုန်းထွက်၍မရလောက်အောင်သူ့အားချစ်မိသွားသည်။ ကူကယ်ရာမဲ့စွာ၊​မျှော်လင့်ချက်မဲ့စွာဖြင့်သာသူ့အားကြည့်​နေရသည်၊မော်၍မကြည့်ရဲ မကြည့်ဘဲလည်းမ​နေနိုင်။

သူ့​ဘေးမှာသာ​နေချင်သည်၊ ဘဝဆက်တိုင်းသူ့ကိုအ​ဖော်ပြု​ပေးနိုင်ရင်ဘယ်​လောက်​ကောင်းလိုက်မလဲ။ ကံကြမ္မာက​တော့ထိုသို့သနားညှာတာမှုမရှိ​ပေ။နတ်-မိစ္ဆာနှစ်ဖက်ရှိရန်ငြှိုးများမှာအဆုံးမသတ်​သေး၊ အရာအားလုံးစတင်​နေတုန်းသာဖြစ်သည်!

နှစ်ဘဝတိုင်တိုင်ဆရာတပည့်ဖြစ်ခဲ့ပြီးသုံးဘဝမြောက်တွင်မိစ္ဆာအဖြစ်သို့​ပြောင်းလဲသွား၏။အချိန်သည်လည်းကြီးစွာ​သောပြောင်းလဲမှုကိုဖြစ်​စေသည်။အချစ်ရဲ့အတိမ်အနက်ကို​မေးကြည့်မိသည်၊ အချစ်ကများလား အမုန်းကများလား? နန်ဟွာ​တောင်ပြိုပြီးပင်လယ်လေးစင်းခမ်း​ခြောက်​သွား​တာပိုမ​ကောင်း​​ပေဘူးလား၊ ​နောက်ဘဝနတ်-မိစ္ဆာတွက်​နေစရာမှမလို​တော့ဘဲ​။အ​ကြောက်ဆုံးက​​တော့ကြည်လင်​နေတဲ့​ကောင်းကင်ယံနဲ့ပြာလဲ့​နေတဲ့လမင်းကြီးကိုပြန်လှည့်ကြည့်ဖို့ရန်သာ။အတိတ်ကိုပြန်သွားပြီးတ​ခဏလောက်အပြန်အလှန်​ပွေ့ဖက်ထားလိုက်ချင်သည်၊ ဤနှလုံးသားကမြစ်ရှည်ဆီဦးတည်​လျှက်။ရှင်းစန့်ကဲ့သို့ပင်ကျူ​ပေါအားမုန်း​လေသည်!

ချုံဇီWhere stories live. Discover now