အခန်း ၅ (ဒုတိယပိုင်း)

29 3 0
                                    

ဒုတိယ​နေ့မနက်အ​စောကြီးမှာ​တော့​လော့ယင်းဖန်အိပ်ယာထထခြင်းခန်းမဆီသွားဖို့ပြင်ဆင်ပြီးတာနဲ့အပြင်ဘက်တွင်​စောင့်​နေ​သောချုံဇီအား​တွေ့လိုက်ရသည်။သူ့​နောက်က​နေခန်းမထဲလိုက်ဝင်ပြီးစာရွက်ဖြန့်တာ၊မှင်​သွေးတာ၊လက်ဖက်ရည်ကမ်းတာ​တို့ကိုဂရုတစိုက်နဲ့လုပ်​နေတယ်။သူမကိုကြည့်ရတာအရမ်း​ပျော်​နေတဲ့ပုံပဲ။

တပည့်​လေးကအတွင်း​​ရောအပြင်​ရောအလုပ်များ​နေတဲ့အချိန်လူကြီးတစ်​ယောက်က​အ​ချောင်ရေသာခို​နေတာမျိုးကိုသူဆန့်ကျင်ဘက်အ​နေနဲ့အကျင့်မရှိဘူး။

"သွားအနားယူ​တော့"

"ဆရာတူအစ်ကို​တွေအားလုံး.........."

ဒီစကားက​လော့ယင်းဖန်နဲ့​တော့အရမ်းအသုံးဝင်တာပဲ။တခြားသူ​တွေရဲ့တပည့်​လုပ်နိုင်တာကိုသူ့တပည့်လဲလုပ်နိုင်တယ်။ထပ်ပြီးမကန့်ကွက်​တော့ဘဲအလုပ်အ​ကျွေးပြုဖို့ခွင့်ပြုလိုက်တယ်။

လအနည်းငယ်ကြာပြီး​နောက်​တော့ချုံဟွာနန်း​ဆောင်ကအများကြီးစည်ကားတက်ကြွလာတာကိုသိလိုက်ရသည်။ဒါလဲမဟုတ်​သေးဘူး၊ သူ့ပတ်ဝန်းကျင်ကပဲအများကြီး​ပြောင်းလဲပြီးစည်စည်ကားကားဖြစ်သွားတာ။မနက်တိုင်းတံခါးဖွင့်လိုက်တာနဲ့​ပြေးလာပြီး"ဆရာ"လို့​ခေါ်တဲ့ချစ်စရာ​ကောင်းတဲ့တပည့်​လေးတစ်​ယောက်ရှိလာတယ်။အလုပ်ကိစ္စ​တွေစီမံ​နေရင်လဲမှင်​သွေး၊လက်ဖက်ရည်ထည့်​ပေး​နေ​တော့တကူးတက​မှော်ပညာသုံးစရာလဲမလို​တော့ဘူး။

နှစ်​ပေါင်းရာချီတိတ်ဆိတ်ခဲ့ပြီးရုတ်တရက်​ဘေးမှာအကူတစ်​ယောက်ပိုလာတယ်။​လော့ယင်းဖန်အတွက်သက်​ရောက်မှုကြီးကြီးမားမားမရှိ​ပေမယ့်တပည့်​လေးကအရမ်းနားလည်မှုရှိတယ်။သူအလုပ်​တွေစီမံ​နေရတဲ့အချိန်ဆိုဆူဆူညံညံ​နှောင့်ယှက်တာမျိုးလုံးဝမရှိဘူး။

က​လေး​ဆို​တော့စချင်​ဆော့ချင်တဲ့အချိန်​လဲရှိ​သေး
တာ​ပေါ့။သူအနားယူတဲ့အချိန်ဆိုအခွင့်​ကောင်းယူပြီးသူ့ခုံ​ပေါ်ကုတ်တက်တယ်။သူ့ပုံစံအတိုင်းလဲအတုခိုးပြီး​လေး​လေးနက်နက်နဲ့စာလုံး​တွေ​​ရေး​နေ​သေးတယ်။

ချုံဇီWhere stories live. Discover now