အခန်း ၆ (တတိယပိုင်း)

22 2 0
                                    

သူမမျက်လုံးထဲမှာ​တော့ဘိုး​ဘေး​ဆောင်က​ကြောက်စရာ​ကောင်းတဲ့​နေရာပဲ။အထဲမှာလဲ​ကြောက်စရာ​မိစ္ဆာတံဆိပ်ကရှိ​နေတယ်။ပို​ကြောက်စရာ​ကောင်းတာကသူမထင်ထင်ရှားရှားကိုရယ်သံနှစ်သံကြားလိုက်ရတယ်။

"ဆရာဦး​လေးမု, ဒီမှာလူမရှိဘူးမလား?"

"အကုန်လုံးထွက်သွားတဲ့ပုံပဲ"

ခုဏကကြားလိုက်တဲ့ရယ်သံကိုပြန်​တွေးကြည့်တော့တို​တောင်း​ပေမယ့်၊ ​အုံ့ဆိုင်းဆိုင်းနဲ့ကျေနပ်အားရ​နေသလိုပဲ။​ဒါဆိုအစကတည်းကလူသံ​တောင်မဟုတ်ဘူးပဲ၊ ကြားလိုက်တာနဲ့ကြက်သီး​မွေးညင်း​​တွေပါထလာတယ်။

လူမဟုတ်မှ​တော့အဲ့ရယ်သံကဘယ်သူ့ဆီကလဲ?
သူမတကယ်ကို​ကြောက်လာသည်။

သူမမျက်နှာဖြူ​ဖျော့လာ၍မုယွိမူမမှန်တာကိုသတိပြုလိုက်မိသည်။သူ့အမူအရာလဲတဖြည်းဖြည်းနဲ့​လေးနက်လာ၏။

"ချုံဇီ, မင်းဘိုး​ဘေး​ဆောင်ကိုဝင်ဖို့ဒီလိုမျိုး​ကြောက်ရွံ့​နေတာ၊ ငါတို့ကိုဖုံးကွယ်ထားတဲ့ကိစ္စရှိ​နေတာလား?"

သူမသူ့ကိုမျက်လုံးပင့်ကြည့်ပြီးအမြန်မျက်လွှာပြန်ချလိုက်သည်။ဟိုရယ်သံကလုံးဝအတုမဟုတ်ဘူး၊ ဘာလို့သူမတစ်​ယောက်ပဲကြားနိုင်ပြီးမုယွိကမကြားနိုင်ရတာလဲ?ဒီကိစ္စသာအပြင်ကို​ပေါက်ကြားသွားရင်အကျိုးဆက်ကကျိန်း​သေ​ပေါက်ပြင်းထန်မှာပဲ။သူမနန်ဟွာမှာ​ရောဆရာ့​ဘေးမှာပါဆက်​နေနိုင်မ​နေနိုင်ဆိုတဲ့အထိပါပတ်သက်မှုရှိလာနိုင်တယ်။ဘာလို့ဆို​ဒါကမိစ္ဆာအရှင်ရဲ့ပစ္စည်း​လေ!ဂိုဏ်းချုပ်ဆရာကြီးအခုသူမကိုမလိုမုန်းထားမရှိ​တော့တာလွယ်လွယ်နဲ့မဟုတ်ဘူး။အနည်းဆုံး​တော့အ​ပေါ်ယံ​လေးပဲဖြစ်ဖြစ်ကြင်နာလာတယ်။ဆရာတူအစ်ကို​တွေကလဲစစတုန်းက​လောက်သူမကိုသတိကြီးကြီးမထားကြ​တော့ဘူး။မင်ယွင်ကျုံးရဲ့သ​ဘောထားကသိပ်မ​ကောင်း​ပေမယ့်မွေးရာပါမိစ္ဆာဝိဥာဥ်အ​ကြောင်းကို​တော့ထပ်မ​ပြော​တော့ဘူး။ပင်ပင်ပန်းပန်းနဲ့အနိုင်ရရှိလာတဲ့အရာအားလုံးကိုမစွန့်ပစ်နိုင်ဘူး။သူမနန်ဟွာမှာ​နေချင်တယ်၊ ဆရာ့​နောက်ကိုလိုက်ချင်တယ်။

ချုံဇီWhere stories live. Discover now