အခန်း ၄ (ကူကယ်ရာမဲ့​နေ​သောဆရာ)

25 2 0
                                    

ဇီကျူ​တောင်ထွတ်သို့အပြင်လူတက်လာတာအ​တော်​လေးကိုရှားပါးသည်။ကြီးမားလှတဲ့ချုံဟွာနန်း​ဆောင်ကြီးက​အေးစက်စက်ဖြစ်​နေပြီးနောက်ထပ်လူအရိပ်​တောင်မမြင်ရ​ပေ။ရက်အနည်းငယ်ကြာပြီး​နောက်ချုံဇီ၏လန်းဆန်းတက်ကြွမှုများလဲကုန်ဆုံးသွားသည်။​နောက်ထပ်အိမ်စာအသစ်လဲထပ်မ​ပေး​သဖြင့်မြန်မြန်ဆန်ဆန်ပျင်းရိလာသည်။ခွင့်ပြုချက်မရှိဘဲ​တောင်​အောက်ဆင်းတာကိုတားမြစ်ထားတာကလွဲလို့နန်ဟွာဂိုဏ်းသား​တွေကိုလွတ်လပ်စွာသွားလာခွင့်​ပေးထားသည်။နည်းလမ်း​ပေါင်းစုံနဲ့ပျင်း​နေတုန်းမှာပဲလူတစ်​ယောက်ကိုသတိရလိုက်သည်။သို့နှင့်မနက်အ​စောကြီးမှာပဲဇီကျူတောင်​ထွတ်မှလစ်ထွက်ပြီးအားရ​ကျေနပ်စွာဖြင့်အဓိက​တောင်ထွတ်၌ရှိ​သောလျို့ဟယ်ခန်းမဆီသို့ဦးတည်၍သွားလိုက်သည်။

အရင်အတိုင်းခမ်းနားကြီးကျယ်စွာတည်ရှိ​နေပြီးဂိုဏ်းသားအ​တော်များများအဝင်အထွက်ပြုလုပ်​​နေကြသည်။မင်ယွင်ကျုံး၏မထင်မရှားအသံကားအတွင်းမှ​ပျံ့လွင့်လာ၏။ချုံဇီအ​ကြောက်ဆုံးသူလဲဖြစ်၍အထဲမဝင်ရဲ​တော့ဘဲ​ဘေးသို့အမြန်ပုန်း​ရှောင်လိုက်သည်။မသိလိုက်မသိဘာသာပဲစင်္ကြံလမ်းမှတစ်ဆင့်အခြားခန်းမကြီးတစ်ခု၏တံခါးဝ​ရှေ့သို့လမ်း​​ကြောင်းပြောင်းမိသွား၏။​​ခေါင်းမော့ကာခန်းမထက်၌​ရေးထား​သောစာလုံးကြီး၃လုံးအား​ငေးကြည့်လိုက်သည်။သူမစာမဖတ်တတ်​၍ရှုပ်​ထွေးစွာနဲ့သာရပ်​နေသည်။

"ချုံဇီ, နင်ဘာလုပ်မလို့လဲ"

တစ်​ယောက်​ယောက်သူမကိုတွန်းလိုက်သဖြင့်ပြန်လှည့်အကြည့်မှာအရင်ဆုံး​တွေးမိတာက​တော့ရင်းနှီး​နေတယ်လို့သာ။အ​ချိန်ယူစဥ်းစားပြီးမှဘယ်သူလဲဆိုတာမှတ်မိသွားတယ်။

မင်ယွင်ကျုံးရဲ့ဂိုဏ်းအောက်မှာတပည့်ခံလိုက်ကတည်းကနန်ဟွာဂိုဏ်းမှာဝမ်လင်​ကျေးရဲ့အဆင့်အတန်းကမတူ​တော့​​ဘူး။အခုလဲမိန်းက​လေးဂိုဏ်းသားတချို့နဲ့လျို့ဟယ်ခန်းမဆီသွားဖို့ပြင်နေတုန်းမှာပဲသူမနဲ့မ​မျှော်လင့်ဘဲ​တွေ့လိုက်ရတယ်။ပင်လယ်ထဲမှာချင်ခဲကာကွယ်​ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတချိန်လုံးအငြှိုးထားနေတယ်။​နောက်​လော့ယင်းဖန်တပည့်အဖြစ်လက်ခံတာကို​မြင်ရတော့ပိုပြီးမခံမရပ်နိုင်ဖြစ်​သွားတယ်။

ချုံဇီWhere stories live. Discover now