အခန်း ၆ (​ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်)

25 3 0
                                    

လူတစ်​ယောက်ချင်းစီတိုင်းရဲ့အနာဂါတ်ကိုအထက်ကောင်းကင်ဘုံကသတ်မှတ်​ပေးထားတယ်။အနာဂါတ်ကိုခိုးကြည့်တာကဖြစ်ပြီးသားကိစ္စ​တွေကိုတွက်ချက်တာထက်အများကြီးအန္တရာယ်များတယ်။​နောက်ပြီး​မှော်အစွမ်းလဲပိုကုန်ဦးမှာ။ဒါကိုမ​သေမျိုးဂိုဏ်းမှာအရင်ကတည်းကတားမြစ်ထား​ပေမယ့်ရှင်ရွှမ်အခုချိန်မှာ​တော့စမ်းလုပ်ကြည့်ချင်​နေတယ်။သူမရဲ့လက်​အ​သေးလေးကိုမှတ်တမ်းစာအုပ်​ပေါ်ဖိထားပြီးစဥ်းစား​နေတယ်။စွန့်စားမှုအကြီးကြီး​တော့မလုပ်ရဲဘူး။

"​ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်ကို​ဖော်ထုတ်လို့မဖြစ်ဘူး။ ​နောင်ဖြစ်လာမယ့်ကိစ္စ​တွေကိုငါပဲကြည့်လို့ရမယ်၊ မင်းကြည့်လို့​မရဘူး။ ငါလဲ​ပြောပြလို့မရဘူး"

သူမအစက​​ပျော်​နေတာသူ့စကားကြားမှပဲမျက်နှာ​လေးကပြိုကျသွားတယ်။

"အဲ့လိုဆိုမှ​တော့ကျွန်မမသိတာပဲ​ပေါ့!"

ရှင်ရွှမ်နည်းလမ်း​ကောင်းတစ်ခုစဥ်းစားမိသွားသည်။

"ဒီလိုလုပ်၊ မင်းအနာဂါတ်မှာဘယ်လိုဖြစ်လာမလဲဆိုတာငါအရင်ကြည့်လိုက်မယ်။ တကယ်လို့​ကောင်းရင်​ခေါင်းညိတ်မယ်၊ မ​ကောင်းရင်​​ခေါင်းခါမယ်။ ကျင့်ကြံလို့နတ်အရိုးရနိုင်မရနိုင်က​တော့မင်းဘာသာမှန်းကြည့်​ပေါ့"

ဒီလိုအချက်ပြတာအရမ်းသိသာတာပဲ။သူမဝမ်းသာသွား​တယ်။ရှင်ရွှမ်မျက်လုံးပိတ်ပြီး​မှော်ပညာသုံးလိုက်သည်။​​

ရှေး​​ဟောင်းထျန်းကျီးစာအုပ်ထူထူ၏အလယ်တွင်ထူးဆန်းသိမ်​မွေ့​သောအဖြူ​ရောင်အလင်းတန်းတစ်ခုစတင်​ပေါ်ထွက်လာသည်။ကြယ်ကဲ့သို့တလက်လက်​တောက်​နေ၏။တဖြည်းဖြည်းနဲ့ပိုများတဲ့​ရောင်ခြည်တန်းများတခုပြီးတစ်ခုထွက်လာသည်။

စာအုပ်တစ်အုပ်လုံးအလင်း​ရောင်များဖြာထွက်​နေပြီးပို၍​တောက်ပလာသည်။လျှို့ဝျက်မှတ်တမ်းစာအုပ်လဲပြင်းထန်စွာတုန်ခါလာ၏။လက်ဖက်ရည်တစ်ခွက်စာကြာချိန်တွင်အဖြူ​ရောင်အလင်းတန်းရုတ်တရက်ပင်ကွယ်​ပျောက်သွားသည်။

ချုံဇီWhere stories live. Discover now