အခန်း ၆ (စတုတ္ထပိုင်း)

26 3 0
                                    

ကျင့်ရှင်း​မှော်ပညာဆိုတာကောင်းကင်​မှော်ပညာ​တွေထဲမှာအဆင့်အမြင့်ဆုံးနဲ့သနားညှာတာမှုအရှိဆုံးပဲ။ပုံမှန်​မှော်ပညာ​တွေလိုသတ်ဖြတ်ခြင်းကိုဦးစားမ​ပေးဘဲရင်ထဲကမိစ္ဆာကိုသန့်စင်​ပေးတယ်။မိစ္ဆာမရှိ​တော့ရင်​နောက်ဘဝမ​သေမျိုးဖြစ်​တဲ့အထိပါကျင့်ကြံနိုင်တဲ့လမ်းရှိတယ်။ဒါကမှစစ်မှန်တဲ့မိစ္ဆာ​တွေကိုဖယ်ရှားတဲ့​မှော်ပညာပဲ။နှ​မြောစရာကသူ့ကိုတီထွင်ခဲ့တဲ့​ရှေး​နတ်မင်း​တွေ​တောင်အောင်မြင်​အောင်မကျင့်ကြံနိုင်ခဲ့ဘူး။နန်ဟွာထျန်းဇွင်းကိုယ်တိုင်​အမြင့်ဆုံးကောင်းကင်​မှော်ပညာထဲကကျိမျဲ့(寂灭)ကိုပဲသုံးနိုင်ခဲ့ပြီးမိစ္ဆာအရှင်နိလွင်ကိုသုတ်သင်ခဲ့တယ်။​နောက်ဆုံး​တော့လဲနှစ်​ယောက်စလုံး​သေဆုံးသွားရတယ်။

"မင်းရဲ့သ​ဘောအတိုင်းသာဆိုရင်​ မင်းကျင့်ရှင်း​မှော်ပညာကိုကျင့်ကြံ​အောင်မြင်သွားတဲ့အချိန်ထိ​စောင့်ရမယ်​ပေါ့၊ ဘယ်နှစ်ဘယ်လမှန်းမသိဘဲနဲ့?"

"နှစ်၂၀၀၊ နှစ်၂၀၀ပဲလိုအပ်တယ်။နှစ်၂၀၀ကြာပြီးလို့ကျွန်​တော်ကျင့်ရှင်း​မှော်ပညာကို​အောင်မြင်​အောင်မကျင့်ကြံနိုင်ဘူးဆိုရင်ဦး​လေးတို့သူ့ကိုစီမံခွင့်ပြုတယ်"

ယွီတုထပ်ပြီးခါးသက်သက်ပြုံးမိတယ်၊ ဒီဘဝင်မြင့်​နေတဲ့ဆရာတူညီ​လေးက​တော့​လေ။စဥ်းစားကြည့်​ပြန်တော့လဲဒီနည်းလမ်းကသာအန္တရာယ်အကင်းဆုံးဖြစ်သလိုဘာနည်းလမ်းမှမရှိတဲ့ထဲကတစ်ခုတည်း​သောနည်းလမ်းပဲ။က​လေးတစ်​ယောက်ကိုလဲဘာအ​ကြောင်းအရင်းမှမရှိဘဲမသတ်နိုင်ဘူး။ဘာပဲဖြစ်ဖြစ်​​လော့ယင်းဖန်သင်တာကလဲအရိုးကြွက်သား​တွေကိုသန့်စင်တဲ့အရိုးရှင်းဆုံးနဲ့အလွယ်ကူဆုံးနည်းပဲ​လေ။အများဆုံးကအရိုး​တွေ​လဲပြီးခန္ဓါကိုယ်​ပြောင်းသွား​အောင်လောက်ပဲကူညီနိုင်တာ။​မ​သေမျိုးမှော်ပညာကိုထိန်းချုပ်ပြီးတိုက်ခိုက်ဖို့အတွက်မလုံ​လောက်ဘူး။ဘာမ​တော်တဆမှုမှမရှိဘူးဆိုရင်ရာစုနှစ်အနည်းငယ်လောက်ထားထားတာလဲကြီးကြီးမားမားထိခိုက်တာမှမဟုတ်ဘဲ။

စကားကဒီ​အထိ​ရောက်လာမှ​တော့မင်ယွင်ကျုံးလဲထပ်ပြီးအတင်းအကြပ်မလုပ်​တော့ဘူး။

ချုံဇီWhere stories live. Discover now