အခန်း ၁ (ဒုတိယပိုင်း)

50 4 0
                                    

အချိန်​​​များကုန်လွန်လာ​​လေ၏။ဟိုလှည့်ဒီလှည့်နှင့်ပင်အချိန်​​များလျှင်မြန်စွာကုန်ဆုံးသွားတာနှစ်​​အ​တော်ကြာသွားပြီ။မိုင်​ပေါင်း​ထောင်ချီအကွာကမ​သေမျိုး​တွေရဲ့ခေါင်း​လောင်းသံမှာအချိန်ကြာမြင့်စွာမြည်ဟီး​ပြီး​​နောက်မနက်ခင်း၏မြူမှုန်များကြားထဲသို့ပျံ့နှံ့ဝင်​ရောက်သွားသည်။နန်ဟွာ​တောင်မှာခမ်းနားထည်ဝါစွာဖြင့်တိမ်တိုက်များ​ပေါ်၌​မျောလွင့်​နေ၏။အ​ဝေးမှကြည့်လျှင်မှိန်ပျ​သော​ရွှေ​ရောင်အလင်း​တန်းများက​တောင်ထိပ်ကိုဝန်းရံ​နေသည်။မ​သေမျိုး​တောင်​ပေါ်သို့သွားရန်လမ်းတစ်လမ်းတည်းသာရှိ၏။အရင်ဆုံးမျက်စိ​ရှေ့ရှိတောင်ကြီး​၏​ထိပ်​ပေါ်သို့တက်ရမည်။အချိန်မီမ​ရောက်ခဲ့လျှင်တောင်တံခါးပိတ်သွားမည်ဖြစ်ပြီးလူ​ပေါင်းများစွာတံခါးအပြင်ဘက်တွင်​စောင့်​နေကြလိမ့်မည်။

နန်ဟွာ(南华)ဂိုဏ်းသည်၅နှစ်လျှင်တစ်ကြိမ်သာတပည့်လက်ခံ​လေ့ရှိသည်။တပည့်လက်ခံရာတွင်လည်းစည်းကမ်းတင်းကြပ်၏၊ အ​ကောင်းဆုံးက​တော့အသက်မပြည့်​သေး​သောငယ်ရွယ်သူများဖြစ်သည်။စကားလုံးများစွာ​ရေးထား​သောစာရွက်တစ်ရွက်နှင့်အသစ်စက်စက်စာရွက်ဖြူတစ်ရွက်တွင်အမြဲသုံးလို့အ​ကောင်းဆုံးကစာရွက်ဖြူဆိုသလိုပင်။ထို့​ကြောင့်နန်ဟွာဂိုဏ်း၏ပုံမှန်စည်းကမ်းတစ်ခုအရအသက်၇နှစ်မှ၁၄နှစ်​အောက်က​လေးသာ​ရွေးချယ်ပွဲ၌ပါဝင်နိုင်၏။

နန်ဟွာဂိုဏ်းသည်မူလကပင်အရပ်​လေးမျက်နှာမှမ​သေမျိုးဂိုဏ်းများ၏​ဂိုဏ်းချုပ်ဖြစ်ပြီးထုန်းထျန်းဂိတ်တံခါးကို​စောင့်ကြပ်​ပေး​နေ​သောမ​သေမျိုးဓါးဂိုဏ်း(剑仙派)၏​ခေါင်း​ဆောင်လည်းဖြစ်သည်။လွန်ခဲ့​သော၅နှစ်ကနန်ဟွာ၏ထျန်းဇွင်း(天尊)မှာမိစ္ဆာအရှင်နိလွင်နှင့်တိုက်ပွဲကြီးဖြစ်ပွားခဲ့ပြီးအဆုံးသတ်တွင်မိစ္ဆာနန်း​တော်အားဖျက်ဆီးကာနိလွင်အားဖယ်ရှားနိုင်ခဲ့သည်။မိစ္ဆာမျိုးနွယ်​​တွေလည်းမ​နေရဲကြ​တော့သလို​ထိခိုက်ပျက်စီး​စေရန်သောင်းကျန်းမှု​တွေလည်းမလုပ်နိုင်ကြ​တော့​။သို့​သော်ထျန်းဇွင်းဒဏ်ရာအပြင်းအထန်ရပြီးသေဆုံးသွားခဲ့သည်။အရပ်​လေးမျက်နှာမှဂိုဏ်းတူဂိုဏ်းသား​များအားလုံးသူ့အ​ကြောင်း​ပြောကြတဲ့အခါတိုင်း​ရို​သေလေးစားကြ၏။ထိုတိုက်ပွဲသည်နန်ဟွာဓါးဂိုဏ်းအားလူသားများ၏ရင်ထဲ၌မြင့်မြတ်​သော​နေရာတစ်ခုဖြစ်​စေခဲ့သည်။

ချုံဇီМесто, где живут истории. Откройте их для себя