အခန်း ၇ (လူ့ပြည်သို့ခရီးနှင်ခြင်း)

35 2 0
                                    

ကပ်​ဘေးကြီးပြီးဆုံးသွားသည်မှာ၇နှစ်တင်းတင်းပြည့်ခဲ့ပြီ။၇နှစ်ဆိုတဲ့အချိန်က​သေဆုံးသွားတဲ့ကမ္ဘာ​မြေကြီးအတွက်ပြန်လည်ရှင်သန်လာဖို့လုံ​လောက်​နေပါပြီ။တိမ်များရှင်းလင်းကာမြူခိုးများပျံ့ကျဲသွား၏။​နေလနှစ်စင်း​တောက်ပပြီး​တောင်တန်းမြစ်​ချောင်းများမှာကြည်လင်​နေ၏။ဆုတ်ယုတ်သွားမည့်အရိပ်အ​ရောင်ဟူသည်လဲမရှိ​ချေ။

မြို့ငယ်လေး၏လမ်းကျဥ်း​လေးထဲတွင်ကြက်တွန်မြည်​၍ခွေးဟောင်​နေသည်။လမ်းမထက်၌လူများသွားလာ​နေကြပြီး​ဘေးနှစ်ဘက်တွင်သပ်သပ်ရပ်​ရပ်ဖြစ်​နေသောအိမ်များရှိသည်။​နေ့လည်အချိန်သို့​ရောက်​သော်မီးခိုး​ခေါင်းတိုင်များမှမီးခိုး​ငွေ့များအရပ်​လေးမျက်နှာသို့ပျံ့လွင့်လာ၏။ပန်းပဲဖိုအတွင်း​တွင်တော့ချွင်ချွင်ချွမ်ချွမ်ဖြင့်သတ္တုရိုက်သံမျိုးစုံမြည်​နေဆဲ။ကိတ်မုန့်ဆိုင်အတွင်းရှိမီးပြင်းဖို​ပေါ်တွင်ဖုတ်ထား​သည့်ရွှေဝါ​ရောင်မုန့်ဝိုင်း​​ကလေးများ၏မွှေးရနံ့က​လဲလေမှတစ်ဆင့်ပျံ့လွင့်လာ၏။လူ့​လောက၌မီးရှူးမီးပန်း​ဖောက်ထားသည့်ပတ်ဝန်းကျင်အခါသမယကဲ့သို့သာ။

သို့​သော်လမ်းမထက်ရှိသူ​တောင်းစားများက​တော့အရင်ထက်​လျော့နည်းသွားပုံမ​ပေါ်​ပေ။တစ်ချို့ကိစ္စ​တွေကမိစ္ဆာမျိုးနွယ်​​တွေရဲ့ထိပါးကျူး​ကျော်ခြင်းထက်​​ပိုကြောက်ဖို့​ကောင်းသည်။

ရုတ်တရက်ဆိုင်ထဲသို့လက်​လေးတစ်ဖက်ဝင်လာ၍စားပြီးသားမုန့်ဝိုင်းတစ်ဝက်ကိုလက်ထဲသို့ယူလိုက်သည်။တံခါး​ပေါက်ကိုကြည့်​နေ​သောခွေးဝါ​လေးကိုဆု​အဖြစ်ပေးချင်ခဲ့၏။သို့​သော်တံတိုင်း​ဘေးရှိညစ်ပတ်ပတ်နှင့်သူ​တောင်းစား​လေးတစ်​ယောက်က​ခြေတစ်လှမ်း​စောစွာခုန်အုပ်လိုက်သည်။​မြေကြီး​ပေါ်ကမုန့်ဝိုင်းကိုလု၍ပါးစပ်ထဲသို့ထိုးသိပ်ထည့်လိုက်၏။သူအရမ်းဗိုက်ဆာ​နေ​ကြောင်းကိုအထင်အရှားမြင်နိုင်​သည်။

လူဝဝတစ်​ယောက်ကပြစ်တင်ကြိမ်း​မောင်းရင်းဆိုင်ထဲမှ​ပြေးထွက်လာ၏။​။မုန့်ဖုတ်ဆိုင်၏ဆိုင်ရှင်ဟုထင်ရပြီးခြေကို​မြှောက်၍သူ့အားကန်ရန်ပြင်လိုက်​သည်။

ချုံဇီWhere stories live. Discover now